YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာပထမစောင် 1:13-19

ရှင်ပေတရုဩဝါဒစာပထမစောင် 1:13-19 MSBZ

သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​ကို အသင့်​ပြင်ဆင်​ထား​လျက် သမ္မာသတိ​ရှိ​ကြ​လော့။ ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ သင်​တို့​ထံသို့ သက်ရောက်​လာ​မည့်​ကျေးဇူး​တော်​ကို အပြည့်အဝ​မျှော်လင့်​ကြ​လော့။ ယခင် သင်​တို့​မသိနားမလည်​စဉ်​က လိုက်​ခဲ့​သော​တပ်မက်​မှု​များ​နောက်​သို့ ယခု​မ​လိုက်​ကြ​ဘဲ နာခံ​မှု​ရှိ​သော​သားသမီး​များ​ကဲ့သို့​ဖြစ်၍ သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​သည် သန့်ရှင်း​တော်မူ​သည့်​နည်းတူ သင်​တို့​ကိုယ်တိုင်​လည်း အသက်ရှင်​နေထိုင်​မှု​ရှိသမျှ​တို့​၌ သန့်ရှင်း​ခြင်း​ရှိ​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် “ငါ​သည် သန့်ရှင်း​သောကြောင့် သင်​တို့​သည် သန့်ရှင်း​ခြင်း​ရှိ​ကြ​ရ​မည်”​ဟု ရေး​ထား​၏။ သင်​တို့​သည် လူ​တို့​အား မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ တစ်ဦးစီ​တို့​ပြု​သော​အမှု​အတိုင်း တရား​စီရင်​တော်မူ​သော​အရှင်​ကို အဖ​ဟု​ခေါ်​ကြ​လျှင် ဤ​လောက​တွင် ဧည့်သည်​အဖြစ်​နေထိုင်​စဉ်​ကာလ​တစ်လျှောက်လုံး ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အသက်ရှင်​နေထိုင်​ကြ​လော့။ အကြောင်းမူကား သင်​တို့​သည် ဘိုးဘေး​များ​ထံမှ​ဆက်ခံ​သည့် သင်​တို့​၏​အချည်းနှီး​သော​အသက်ရှင်​နေထိုင်​မှု​ထဲမှ ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​သည်​မှာ ရွှေ၊ ငွေ စသော​ယိုယွင်း​ပျက်စီး​တတ်​သည့်​အရာ​များ​အားဖြင့်​မ​ဟုတ်​ဘဲ အစွန်းအထင်း​ကင်း​လျက် အပြစ်​အနာအဆာ​မ​ရှိ​သည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏​အဖိုးတန်​သော​သွေး​တော်​အားဖြင့်​ဖြစ်​ကြောင်း သင်တို့​သိ​ကြ​၏။