YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 3:10-24

ရာဇဝင်ချုပ်ပထမစောင် 3:10-24 MSBZ

ရှောလမုန်​၏​သား​မှာ ရောဗောင်​၊ ရောဗောင်​၏​သား​မှာ အဘိယ​၊ အဘိယ​၏​သား​မှာ အာသ​၊ အာသ​၏​သား​မှာ ယောရှဖတ်​၊ ယောရှဖတ်​၏​သား​မှာ ယောရံ​၊ ယောရံ​၏​သား​မှာ အာခဇိ​၊ အာခဇိ​၏​သား​မှာ ယောရှ​၊ ယောရှ​၏​သား​မှာ အာမဇိ​၊ အာမဇိ​၏​သား​မှာ အာဇရိ​၊ အာဇရိ​၏​သား​မှာ ယောသံ​၊ ယောသံ​၏​သား​မှာ အာခတ်​၊ အာခတ်​၏​သား​မှာ ဟေဇကိ​၊ ဟေဇကိ​၏​သား​မှာ မနာရှေ​၊ မနာရှေ​၏​သား​မှာ အာမုန်​၊ အာမုန်​၏​သား​မှာ ယောရှိ ဖြစ်​၏​။ ယောရှိ​၏​သား​များ​မှာ သားဦး​ယောဟနန်​၊ ဒုတိယ​သား​ယောယကိမ်​၊ တတိယ​သား​ဇေဒကိ​၊ စတုတ္ထ​သား​ရှလ္လုံ တို့​ဖြစ်​ကြ​၏​။ ယောယကိမ်​၏​သား​မှာ ယေခေါနိ​၊ ယေခေါနိ​၏​သား​မှာ ဇေဒကိ ဖြစ်​၏​။ အကျဉ်းစံ​ယေခေါနိ​၏​သားမြေး​များ​မှာ သား​တော် ရှာလသေလ​၊ မာလခိရံ​၊ ပေဒါယ​၊ ရှေနဇာ​၊ ယေကမိ​၊ ဟောရှမ​၊ နေဒဘိ တို့​ဖြစ်​ကြ​၏​။ ပေဒါယ​၏​သား​များ​မှာ ဇေရုဗဗေလ​နှင့် ရှိမိ တို့​ဖြစ်​ကြ​၏​။ ဇေရုဗဗေလ​၏​သား​များ​မှာ မေရှုလံ​၊ ဟာနနိယ​နှင့် သူ​တို့​၏​နှမ​ရှေလောမိတ် တို့​ဖြစ်​ကြ​၏​။ ထို့ပြင် ဟရှုဘ​၊ ဩဟေလ​၊ ဗေရခိ​၊ ဟသဒိ​၊ ယုရှသေသက် ပေါင်း​ငါး​ယောက်​လည်း ရှိ​သေး​၏​။ ဟာနနိယ​၏​သား​များ​မှာ ပေလတိ​၊ ယေရှာယ တို့​ဖြစ်​ကြ​၏​။ ယေရှာယ​၏​သား​မှာ ရေဖာယ​၊ ရေဖာယ​၏​သား​မှာ အာနန်​၊ အာနန်​၏​သား​မှာ ဩဗဒိ​၊ ဩဗဒိ​၏​သား​မှာ ရှေခနိ တို့​ဖြစ်​ကြ​၏​။ ရှေခနိ​၏​သား​မှာ ရှေမာယ​၊ ရှေမာယ​၏​သား​များ​မှာ ဟတ္တုတ်​၊ ဣဂါလ​၊ ဗာရိ​၊ နာရိ​၊ ရှာဖတ် ပေါင်း​ခြောက်​ယောက် ရှိ​၏​။ နာရိ​၏​သား​များ​မှာ ဧလိဩနဲ​၊ ဟေဇကိ​၊ အာဇရိကံ ပေါင်း​သုံး​ယောက် ရှိ​၏​။ ဧလိဩနဲ​၏​သား​များ​မှာ ဟောဒါယ​၊ ဧလျာရှိပ်​၊ ပေလာယ​၊ အက္ကုပ်​၊ ယောဟနန်​၊ ဒေလာယ​၊ အာနနိ ပေါင်း​ခုနစ်​ယောက် ရှိ​၏​။