1
မဿဲ 16:24
ခေတ်သစ်မြန်မာ သမ္မာကျမ်း
ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
နှိုင်းယှဉ်
မဿဲ 16:24ရှာဖွေလေ့လာလိုက်ပါ။
2
မဿဲ 16:18
သင့်အား ငါပြောဆိုသည်မှာ သင်သည် ကျောက်ဟု အဓိပ္ပာယ်ရသောပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို တည်ဆောက်မည်။ မရဏနိုင်ငံ၏တံခါးများပင် ထိုအသင်းတော်ကို အောင်နိုင်လိမ့်မည်မဟုတ်။
မဿဲ 16:18ရွာေဖြေလ့လာလိုက္ပါ။
3
မဿဲ 16:19
ကောင်းကင်နိုင်ငံ၏ သော့များကို သင့်အား ငါပေးမည်။ ကမ္ဘာလောကတွင် သင်တားမြစ်သမျှသည် ကောင်းကင်ဘုံ၌လည်း တားမြစ်ခံရမည်။ ကမ္ဘာလောကတွင် သင်ခွင့်ပြုသမျှသည် ကောင်းကင်ဘုံ၌လည်း ခွင့်ပြုခံရမည်” ဟု မိန့်တော်မူ၏။
မဿဲ 16:19ရွာေဖြေလ့လာလိုက္ပါ။
4
မဿဲ 16:25
မိမိအသက်ကို ကယ်တင်လိုသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသောသူသည် အသက်ကို ရလိမ့်မည်။
မဿဲ 16:25ရွာေဖြေလ့လာလိုက္ပါ။
5
မဿဲ 16:26
လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း မိမိအသက်ကို ဆုံးရှုံးလျှင် မည်သည့်အကျိုး ရှိမည်နည်း။ မိမိအသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်နိုင်မည်နည်း။
မဿဲ 16:26ရွာေဖြေလ့လာလိုက္ပါ။
6
မဿဲ 16:15-16
ထိုအခါ ယေရှုက “သင်တို့ကမူ ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟု မေးတော်မူလျှင် ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
မဿဲ 16:15-16ရွာေဖြေလ့လာလိုက္ပါ။
7
မဿဲ 16:17
ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
မဿဲ 16:17ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ