1
ရှင်ယောဟန် 7:38
Judson Bible in Zawgyi Version
ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
နှိုင်းယှဉ်
ရှင်ယောဟန် 7:38ရှာဖွေလေ့လာလိုက်ပါ။
2
ရှင်ယောဟန် 7:37
ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။
ရှင်ယောဟန် 7:37ရှာဖွေလေ့လာလိုက်ပါ။
3
ရှင်ယောဟန် 7:39
ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတ္တံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။
ရှင်ယောဟန် 7:39ရှာဖွေလေ့လာလိုက်ပါ။
4
ရှင်ယောဟန် 7:24
မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 7:24ရှာဖွေလေ့လာလိုက်ပါ။
5
ရှင်ယောဟန် 7:18
ကိုယ်အလိုအလျောက် ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌ မုသားမရှိ။
ရှင်ယောဟန် 7:18ရှာဖွေလေ့လာလိုက်ပါ။
6
ရှင်ယောဟန် 7:16
ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။
ရှင်ယောဟန် 7:16ရှာဖွေလေ့လာလိုက်ပါ။
7
ရှင်ယောဟန် 7:7
လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည် သူတို့၏အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏။
ရှင်ယောဟန် 7:7ရှာဖွေလေ့လာလိုက်ပါ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ