ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးမျက်စိကို ပွင့်လင်းစေ၍ ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့ခံရမည့်အမွေတော်သည် ဘုန်းအသရေနှင့် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါ၏လုပ်ဆောင်မှုအားဖြင့် ယုံကြည်သောငါတို့အပေါ်သက်ရောက်သည့် ကိုယ်တော်၏တန်ခိုးသည် မည်မျှထူးကဲကြီးမားသည်ကိုလည်းကောင်း သင်တို့အားသိစေမည့်အကြောင်း တောင်းလျှောက်၏။
ဘုရားသခင်သည် ထိုအစွမ်းသတ္တိနှင့်တန်ခိုးအရှိန်အဝါတို့ကို ခရစ်တော်ထဲ၌ သက်ဝင်လှုပ်ရှားစေတော်မူ၍ ခရစ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေကာ ခပ်သိမ်းသော အုပ်ချုပ်မှု၊ အာဏာစက်၊ တန်ခိုး၊ စိုးပိုင်ခွင့်နှင့် မျက်မှောက်ကာလ၌သာမက တမလွန်ကာလ၌လည်း ခေါ်ဝေါ်သမုတ်ခြင်းခံရသည့် ဘွဲ့နာမရှိသမျှတို့၏အပေါ် အထက်ကောင်းကင်အရပ်၌ မိမိ၏လက်ယာတော်ဘက်တွင် ထိုင်စေတော်မူ၏။