ရောမဩဝါဒစာ 8:28 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

ထာဝရကယ်တင်ရှင်
(၃) ရက်
နှုတ်ကပတ်တော်ကို အခြေပြုရေးစပ်သီဆိုထားသည့် ခေတ်ပေါ်ဓမ္မတေးများဖြင့် ထာဝရကယ်တင်ရှင် ယေရှုခရစ်တော်၏ မျက်မှောက်တော်ထဲ စီးမျောဖို့ ဖိတ်ခေါ်လျက်ပါ။ ဤနေ့စဉ်ဗီဒီယိုအစီအစဥ်ဟာ ဆင်ခြင်စဉ်းစားဖို့ရန်အတွက် ချီးမွမ်းသီချင်းတစ်ပုဒ်နှင့် ကျမ်းပိုဒ်တစ်ပိုဒ်ကို ပြင်ဆင်ထားပါတယ်။ တစ်ဦးချင်းအတွက် (သို့) မိမိသူငယ်ချင်းအုပ်စုငယ်ကို ဖိတ်ခေါ်ပြီး အတူကြည့်ဖို့ကောင်းတဲ့ အစီအစဥ်တစ်ခုပါ။

အီစတာပွဲတော်ပြီးနောက် ပြန်လည်စတင်ခြင်း - သင်းအုပ်ဆရာများအတွက် YouVersion အနားယူခြင်းအစီအစဉ်
(၃) ရက်
အီစတာတနင်္ဂနွေတွင်၊ ခရစ်ယာန်အများစုသည် အရှင်ယေရှုဘုရား၏ ရှင်ပြန်ထမြောက်ခြင်းကို ချီးမွမ်းရန် ဘုရားကျောင်းတက်ကြသောကြောင့်၊ အသင်းတော်ခေါင်းဆောင်များအတွက် အလုပ်အများဆုံးအချိန်နှင့် အပျော်ရွှင်ဆုံးအချိန် ဖြစ်တတ်သည်။ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကို ချီးမွမ်းပြီး၊ ပြင်ဆင်ခြင်းလုပ်ငန်းမှ အနားယူစေလျက်၊ လာမည့်အနာဂတ်ရှိ ဓမ္မအမှုတော်အဖို့ အဆင်သင့်ဖြစ်နေစေရန် ဓမ္မဆရာများအား ကူညီစေသော ဤ YouVersion အနားယူခြင်းအစီအစဉ်ကို ဖန်တီးပေးသည်။ (သတိ၊ ဤအစီစဉ်သည် မည်သည့်အချိန်မဆို ဖတ်ရှုနိုင်ပါသည်)။

ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်း
(၄) ရက်
ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းမှာ မလွဲမသွေ ဖြစ်သည်။ ဤ (၄) ရက်တာ အစီစဉ်မှာ၊ ကျွန်တော်တို့သည် တစ်ယောက်တည်းမဟုတ်သလို၊ မိမိနာကျင်မှုအဖို့ အကြံစည်တော်ကို ရှိပြီး ကိုယ်တော်၏ မဟာအလိုတော်မြတ်ကို ပြည့်စုံစေဖို့ အသုံးပြုတော်မူခြင်းအကြောင်းကို လေ့လာလျက် ခွန်အားရယူလိမ့်မည်။

ဘယ်အခြေအနေမဆို ဘုရားကောင်းမြတ်ကြောင်း ယုံကြည်ခြင်း
၅ ရက်
ဘုရားရဲ့မျက်နှာသာပေးမှုကိုမှားယွင်းစွာသွန်သင်ချက်တွေ ဒီနေ့ အသင်းတော်အထဲမှာ၊ အပြင်မှာရှိနေပါတယ်။ တကယ်တမ်းကျတော့ ဘုရားကကျွန်တော်တို့ကိုအကောင်းတွေပဲပေးဖို့တာဝန်မရှိပါဘူး၊ ဒါပေမယ့်သူကပေးချင်ပါတယ်။ နောက်၅ရက်တာဟာ သင့်ကိုအမြင်သစ်နဲ့သင့်ပတ်၀န်းကျင်မှာနေ့စဉ် ထင်ယောင်ထင်မှားဖြစ်စေသောအရာများကြားမှာ ငြင်းဆန်လို့မရတဲ့၊ ကြီးကြယ်ခန်းနားတဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကို မြင်တွေ့စေဖို့ကူညီပါလိမ့်မယ်။