ဖိလိပ္ပိသြဝါဒစာ 4:4 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။
သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့
(၅) ရက်
ဖိလိပ္ပိအသင်းတော်ထံ တမန်တော်ကြီး ရှင်ပေါလုရေးသော ဩဝါဒစာသည် ရာစုနှစ်များစွာ တည်ရှိပြီး ကျွန်တော်တို့၏ စိတ်ဝိညာဉ်အတွက် ဓမ္မအဟာရဖြစ်သလို စိန်ခေါ်ဖွယ်ရာလည်း ဖြစ်သည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ လွန်ခဲ့သောရာစုနှစ်များစွာက ရှင်ပေါလုပြုစုခဲ့သော ဖိလိပ္ပိဩဝါဒစာ၏ အရသာကို မြည်းစမ်းစေသည်။ ဤဝမ်းမြောက်ခြင်းနှင့် ပြည့်ဝသောဩဝါဒစာကို ဖတ်ရှုခြင်းဖြင့် အံ့သြဖွယ်မျှော်လင့်ခြင်းကို ရရှိခံစားပါစေ။ ဤဩဝါဒစာသည် ရှေးဖိလိပ္ပိအသင်းတော်အတွက်သာ မဟုတ်ဘဲ မိတ်ဆွေအတွက်လည်း ဖြစ်ပါသည်။
အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့
(၅) ရက်
ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် နှုတ်ကပတ်တော်မြတ်ကို ပျော်ရွှင်စွာ ဖတ်ရှုကြပါစို့။ ဒေါက်တာ တိုနီအီဗန် (Tony Evans) သည် မိမိပြုစုခဲ့သော တိုနီအီဗန် CSB သမ္မာကျမ်းစာအနက်ဖွင့်ကျမ်းကို ကိုးကားလျက် ဤ (၅) ရက်တာ အစီစဉ်ကို ရေးသားခဲ့သည်။
အံ့အားသင့်ဝမ်းမြောက်မှု
(၃၁) ရက်
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။