ရှင်မဿဲခရစ်ဝင် 6:5 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။
ဆုတောင်းပတ္ထနာပြုခြင်း၊ ကျမ်းစာအခြေပြုရှင်းပြချက်
(၃) ရက်
သခင်၊ ဆုတောင်းစေခြင်းငှာ အကျွန်ုပ်တို့အား နည်းပေးတော်မူပါ။ တပည့်တော်များသည် အရှင်ယေရှုဘုရားထံ နည်းပေးတော်မူပါဟု တောင်းဆိုသောအခါ၊ အရှင်ယေရှုဘုရားသည် ကမ္ဘာတစ်ဝန်းရှိ ယုံကြည်သူအားလုံး အလွန်ကြိုက်နှစ်သက်သော ရိုးရှင်းလှသောပတ္ထနာတော်ဖြင့် တုံ့ပြန်တော်မူခဲ့သည်။ ဤကျမ်းစာအခြေပြုရှင်းပြချက်များတွင်၊ ဆရာပေတန်ဂျုံး (Peyton Jones) သည် ပတ္ထနာတော်ကို ရှင်းပြလျက် ဆုတောင်းခြင်း၏ အနှစ်သာရတည်းဟူသော ချီးမွမ်းခြင်း၊ ဆက်ကပ်ခြင်း၊ အားကိုးခြင်းနှင့် မကောင်းသောအမှုအရာမှ ကယ်နုတ်ခြင်းတို့ကို စေ့စေ့ကြည်ရှုစေသည်။
ယေရှု၏သွန်သင်ချက်များ
7 နေ့ရက်များ
ယေရှုသည် အကြောင်းအရာများစွာကို သင်ပေးခဲ့သည်။ ကြာရှည်ခံသော ကောင်းချီးများ၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ဆုတောင်းခြင်းနှင့်အခြားအရာများစွာ ရှိပါသည်။ ဒါက ယနေ့ခေတ် လူများအတွက် ဘာကို ဆိုလိုသနည်း။ ဤအစီစဉ်တွင် ယေရှု၏သွန်သင်ချက် တစ်ပုဒ်ကို နေ့ရက်တိုင်းအတွက် ဗီဒီယိုအတို တစ်ခုက သရုပ်ဖေါ်ထားပါသည်။
(၂၁) ရက်တာ အစာရှောင်ခြင်း
(၂၁) ရက်
အစာရှောင်ခြင်းနှင့်ပတ်သက်သည့် ဝိညာဉ်ရေးရာကျင့်ဝတ်ကို အာရုံပြုလျက် နှစ်သစ်ကို စတင်ပါ။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် အစာရှောင်ခြင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များပါဝင်သည့်အပြင် ဘုရားသခင်နှင့် ရင်းနှီးမှုရှိခြင်းနှင့် ကိုယ်တော်အကြောင်းကို အလေးအနက် ဆင်ခြင်ခြင်းတို့ကို တွန်းအားပေးမည့် အခြားကျမ်းပိုဒ်များပါဝင်ပါသည်။ (၂၁) ရက်တာအတွက် နေ့စဉ်ကျမ်းစာဖတ်ခြင်း၊ အတိုချုံးဝတ်ပြုခြင်း၊ ဆင်ခြင်မှုနှင့်ပတ်သက်သည့် မေးခွန်းများနှင့် အာရုံစိုက်ရမည့် ဆုတောင်းချက်တို့ကို ဖတ်ရှုနိုင်ပါသည်။
ဆုတောင်းခြင်း
(၂၁) ရက်
ဘယ်လိုအကောင်းဆုံးဆုတောင်းရမလဲဆိုတာကို သစ္စာရှိတဲ့ နောက်လိုက်များရဲ့ဆုတောင်းချက်များနဲ့ သခင်ယေရှုရဲ့နှုတ်ထွက်စကားများမှ သင်ယူပါ။ မိတ်ဆွေရဲ့ဆုတောင်းချက်တွေကို ဘုရားသခင်ထံ နေ့တိုင်း မဆုတ်မနှစ်ကြိုးပမ်းပြီးစိတ်ရှည်စွာ တောင်းတတ်ဖို့ ခွန်အားရယူပါ။ အချည်းနှီးသက်သက်ဆုတောင်းချက်များနှင့် စိတ်နှလုံးဖြူစင်သူများရဲ့တည်ကြည်တဲ့ ဆုတောင်းချက်များကို နှိုင်းယှဉ်ထားသည့်ဥပမာများကို လေ့လာပါ။ မခြားမလပ် ဆုတောင်းပါ။
သာ၍ကောင်း၏
(၂၈) ရက်
မိတ်ဆွေသည် မကျေမနပ်ဘဲ၊ စိတ်ရှုပ်လျက်၊ သံသရာလည်သလိုပဲဟု ခံစားနေပါသလား။ မိမိဘဝကို ပိုမိုကောင်းစေဖို့ မျှောလင့်နေပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်သည် ပိုမိုကောင်းသောဘဝသို့ လမ်းညွှန်စေသည်။ ဤ (၂၈) အရက်တာအစီစဉ်တွင်၊ ကောင်းသောဘဝကနေ ဘုရားသခင်အလိုရှိတော်မူသော ပိုမိုကောင်းသောဘဝသို့ ရောက်နိုင်သောနည်းလမ်းများကို ရှာဖွေတွေ့ရှိလိမ့်မည်။