ရှင်ယောဟန်ခရစ်ဝင် 17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

ရှင်ပြန်ထမြောက်ရာနေ့မှဖြစ်စဉ်
(၇) ရက်
မိမိအသက်တာသည် တစ်ပတ်သာကျန်နေသည်ဟု သိလျှင် ထိုနောက်ဆုံးအပတ်ကို မည်သို့အသက်ရှင်နေထိုင်ဦးမည်နည်း။ သခင်ယေရှုသည် လူသားအဖြစ်ကို ခံယူလျက် ဤလောကတွင်အသက်ရှင်ခဲ့သည့် နောက်ဆုံးအပတ်သည် အနာဂတ္တိစကားကို ပြည့်စုံစေခြင်း၊ အတွင်းကျကျ ဆုတောင်းခြင်း၊ လေးလေးနက်နက် ဆွေးနွေးခြင်း၊ အထိမ်းအမှတ်ဖြစ်သောအမှုများ ပြုခြင်း၊ ကမ္ဘာကိုပြောင်းလဲစေသည့် အရာများလုပ်ဆောင်ခြင်းစသည့် အောက်မေ့ဖွယ်ကောင်းသော အပြုအမူများနှင့် ပြည့်ခဲ့ပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်ကို ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ တနင်္ဂလာနေ့မှစတင်ဖတ်ရှုနိုင်ရန် ပြင်ဆင်ထားပြီး ထိုသန့်ရှင်းသောအပတ်တွင် ဖြစ်ပျက်သည့် အရာများကို ခရစ်ဝင်ကျမ်း (၄) ကျမ်းထဲမှ ကောက်နုတ်ထားလျက် ထိုကာလတစ်လျှောက်သို့ မိတ်ဆွေကို ပို့ဆောင်ပေးသည်။

ရှင်မာကုခရစ်ဝင်ကျမ်း
(၁၀) ရက်
ဤရိုးရှင်းသော ဖတ်ရှုခြင်းအစီအစဉ်တွင် ရှင်မာကုခရစ်ဝင်ကျမ်းကို အစမှအဆုံးအထိ ဖတ်ရှုသွားနိင်မည်ဖြစ်ပါသည်။

ဆုတောင်းခြင်း
(၂၁) ရက်
ဘယ်လိုအကောင်းဆုံးဆုတောင်းရမလဲဆိုတာကို သစ္စာရှိတဲ့ နောက်လိုက်များရဲ့ဆုတောင်းချက်များနဲ့ သခင်ယေရှုရဲ့နှုတ်ထွက်စကားများမှ သင်ယူပါ။ မိတ်ဆွေရဲ့ဆုတောင်းချက်တွေကို ဘုရားသခင်ထံ နေ့တိုင်း မဆုတ်မနှစ်ကြိုးပမ်းပြီးစိတ်ရှည်စွာ တောင်းတတ်ဖို့ ခွန်အားရယူပါ။ အချည်းနှီးသက်သက်ဆုတောင်းချက်များနှင့် စိတ်နှလုံးဖြူစင်သူများရဲ့တည်ကြည်တဲ့ ဆုတောင်းချက်များကို နှိုင်းယှဉ်ထားသည့်ဥပမာများကို လေ့လာပါ။ မခြားမလပ် ဆုတောင်းပါ။