ရှင်ယာကုပ်ဩဝါဒစာ 1:4 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်း
(၄) ရက်
ပြင်းထန်လှသော လောကဓံမုန်တိုင်းများ ဖြတ်သန်းရခြင်းမှာ မလွဲမသွေ ဖြစ်သည်။ ဤ (၄) ရက်တာ အစီစဉ်မှာ၊ ကျွန်တော်တို့သည် တစ်ယောက်တည်းမဟုတ်သလို၊ မိမိနာကျင်မှုအဖို့ အကြံစည်တော်ကို ရှိပြီး ကိုယ်တော်၏ မဟာအလိုတော်မြတ်ကို ပြည့်စုံစေဖို့ အသုံးပြုတော်မူခြင်းအကြောင်းကို လေ့လာလျက် ခွန်အားရယူလိမ့်မည်။

ဝမ်းမြောက်ခြင်း
(၅) ရက်
ပျော်ရွှင်ဝမ်းမြောက်ခြင်းဟာ ခရစ်ယာန်အသက်တာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားနဲ့ ထိတွေ့ဆက်ဆံနေခြင်း၊ နှုတ်ကပတ်တော်တရားကို အမြဲနှလုံးသွင်းခြင်းအားဖြင့် မိမိရဲ့ ပျော်ရွှင်ခြင်း တိုးပွားစေနိုင်ပါတယ်။ အောက်ပါကျမ်းပိုဒ်တွေကို မှတ်သားထားခြင်းဖြင့် မိမိရဲ့ဘဝမှာ ဝမ်းမြောက်ခြင်းတွေ တိုးပွားလာမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲကြပါစို့။

မိမိယုံကြည်ခြင်းကို ဝေငှနည်း
(၅) ရက်
ကျွန်တော်တို့သည် သခင်ယေရှု၏ နောက်လိုက်များ ဖြစ်လာသောအခါ၊ အသက်တာတစ်လျှောက် ကြီးထွားတိုးတက်မှုခရီးကို စတင်ကြသည်။ ကျွန်တော်တို့၏ ယုံကြည်ခြင်း၌ ကြီးထွားမှု၏ တစ်စိတ်တစ်ပိုင်းမှာ သခင်ယေရှုဘုရားအကြောင်းဖြစ်သည့် သတင်းကောင်အား သူတစ်ပါးထံ ဝေငှနည်းကို သင်ယူခြင်း ဖြစ်သည်။ ဤ (၅) ရက်တာအစီစဉ်တွင်၊ သူတစ်ပါး၏ အသက်တာကို ပြောင်းလဲစေနိုင်သည့် ခရစ်တော်၌ ကျွန်တော်တို့ရှိသော မျှော်လင့်ခြင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဝေငှနည်းကို သင်ယူကြရပါလိမ့်မည်။

စိတ်ရှည်ခြင်း
(၆) ရက်
ဤစာဖတ်ခြင်းအစီအစဥ်သည် မိတ်ဆွေဘဝတွင် စိတ်ရှည်သည်းခံခြင်း ဝိညာဉ်အသီးကို ပြုစုပျိုးထောင်ရာခရီးတွင် လှုံ့ဆော်ပေးနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေအနေများသည် အမြဲမသာယာသော်လည်း၊ ဘုရားသခင်က ထိုအခက်််အခဲတို့ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စရိုက်လက္ခဏာကို ပုံသွင်းမည်ဖြစ်ပါသည်။ ဘုရားသခင်အလိုတော်ရှိသောအရာမှာ ဤစမ်းသပ်မှုများကို ကျွန်ုပ်တို့အား စိတ်ရှည်သည်းခံခြင်းသဘောဖြင့် ချဉ်းကပ်ရန် ဖြစ်သည်။

သာ၍ကောင်း၏
(၂၈) ရက်
မိတ်ဆွေသည် မကျေမနပ်ဘဲ၊ စိတ်ရှုပ်လျက်၊ သံသရာလည်သလိုပဲဟု ခံစားနေပါသလား။ မိမိဘဝကို ပိုမိုကောင်းစေဖို့ မျှောလင့်နေပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်သည် ပိုမိုကောင်းသောဘဝသို့ လမ်းညွှန်စေသည်။ ဤ (၂၈) အရက်တာအစီစဉ်တွင်၊ ကောင်းသောဘဝကနေ ဘုရားသခင်အလိုရှိတော်မူသော ပိုမိုကောင်းသောဘဝသို့ ရောက်နိုင်သောနည်းလမ်းများကို ရှာဖွေတွေ့ရှိလိမ့်မည်။

အံ့အားသင့်ဝမ်းမြောက်မှု
(၃၁) ရက်
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။