ဂလာတိဩဝါဒစာ 5:16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။
စိတ်ဖိစီးမှုထက် ဝမ်းမြောက်ခြင်း - နေ့စဥ်ဝမ်းမြောက်ခြင်းအလေ့ကို ရှိစေဖို့ ဘယ်လိုလုပ်မလဲ
(၆) ရက်
ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု လွန်ကဲနေပါတယ်။ ယဥ်ကျေးမှုကတော့ လောကီပျော်ရွှင်မှုနောက်သို့ လိုက်ခြင်းဖြင့် ကျွန်တော်တို့ စိတ်ဖိစီးမှုကို ပယ်ရှာနိုင်တယ်လို့ ပြောပါတယ်။ သမ္မာကျမ်းစာကတော့၊ တခြားနည်းကို ဖော်ပြထားပါတယ်။ ဒီ (၆) ရက်တာ အစီအစဥ်ဟာ မိမိနေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို သမ္မာကျမ်းစာနည်းအတိုင်း လက်တွေ့ကျကျ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။
သဘောထား
၇ ရက်
အခြေအနေတိုင်းတွင် မှန်ကန်သောသဘောထားရှိခြင်းသည် အမှန်တကယ်ပင် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ဤခုနစ်ရက်အစီအစဉ်သည် ကျမ်းစာရှုထောင့်ကိုဖော်ပြပေး၍ နေ့စဉ်ဖတ်စရာကျမ်းချက်တို့ကို ပြင်ဆင်ပေးပါသည်။ စာပိုဒ်ကို ဖတ်ရှုပါ။ အချိန်ယူ၍ ကိုယ့်ကိုယ်ကိုယ် မှန်ကန်စွာကြည့်ရှုပါ။ သင်၏အခြေအနေတွင် ဘုရားသခင်အား စကားပြောခွင့်ပေးပါ။
အံ့အားသင့်ဝမ်းမြောက်မှု
(၃၁) ရက်
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။