Luke 5:12-13
Luke 5:12-13 MTPV-RV
တစ်ခါက ကိုယ်တော်ယေရှုသည် မြို့တစ်မြို့ ၌ ရှိတော်မူစဉ် ထိုနေရာ၌ အနာကြီးရောဂါစွဲကပ်နေသူ အမျိုးသားတစ်ဦး ရှိလေ၏။ သူသည် ကိုယ်တော်ကို မြင်သည်နှင့် ရှေ့မှောက်၌ ပျပ်ဝပ်၍ “ကိုယ်တော်၊ ကိုယ်တော်သာ အလိုရှိလျှင် အနာရောဂါကို ပျောက်ကင်းစေနိုင်ပါ၏။ ထို့ကြောင့် အကျွန်ုပ်၏ရောဂါကို ပျောက်ကင်းစေတော်မူပါ” ဟုတောင်းလျှောက်လေသည်။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူအား လက်တော်နှင့်တို့ထိ၍ “ငါအလိုရှိ၏။ ပျောက်ကင်းစေ” ဟုမိန့်တော်မူသည်နှင့်ချက်ချင်းပင် ထိုသူ၏ရောဂါမှာ ပျောက်ကင်းသွားလေ၏။