ရှိမုန်ကလည်း “ကိုယ်တော်၊ အကျွန်ုပ်တို့ တစ်ညလုံး ပင်ပင်ပန်းပန်း ကြိုးစား၍ ငါးဖမ်းခဲ့သော်လည်း ငါးတစ်ကောင်တစ်လေမှ မရခဲ့ပါ။ သို့ရာတွင် ကိုယ်တော်စေခိုင်းသည့်အတွက် အကျွန်ုပ် ငါးဖမ်းပိုက်ကို ထပ်၍ ချလိုက်ပါမည်” ဟုဖြေလေ၏။ ထိုသို့ဖြင့် ငါးဖမ်းပိုက်များကို ချလိုက်သောအခါ သူတို့သည် ငါးဖမ်းပိုက်များ ကွဲလုမတတ် ငါးများစွာကို ဖမ်းမိကြ၏။