ရှင်ယောဟန် 6

6
လူ​ငါး​ထောင်​ကို​ကျွေး​မွေး​ခြင်း
(မ၊ ၁၄:၁၃-၂၁။ မာ၊ ၆:၃၀-၄၄။ လု၊ ၉:၁၀-၁၇)
1ထို​နောက်​မှ ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​တည်း​ဟူ​သော ဂါ​လိ​လဲ​အိုင်​ကို ကူး​တော်​မူ၏။- 2အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။- 3ယေ​ရှု​သည်​တောင်​ပေါ်​သို့ တက်​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထိုင်​တော်​မူ၏။- 4ထို​အ​ခါ ယု​ဒ​လူ​တို့၏​ပ​သ​ခါ​ပွဲ​ခံ​ချိန် ရောက်​လု​နီး​သ​တည်း။
5ယေ​ရှု​သည် မျှော်​ကြည့်၍ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ဖိ​လိ​ပ္ပု​အား၊ ဤ​သူ​တို့​စား​စ​ရာ​မုန့်​ကို အ​ဘယ်​မှာ ဝယ်​မည်​နည်း​ဟု မေး​တော်​မူ၏။- 6ထို​သို့​မေး​တော်​မူ​သော်၊ မိ​မိ​အ​ဘယ်​သို့ ပြု​မည်​ကို​သိ​တော်​မူ​လျက်​ပင် ဖိ​လိ​ပ္ပု​ကို​စုံ​စမ်း​ခြင်း​ငှာ​သာ မေး​တော်​မူ၏။- 7ဖိ​လိ​ပ္ပု​က​လည်း၊ ဤ​သူ​တို့​သည် မုန့်​တစ်​ဖဲ့​စီ​စေ့​အောင် ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​အ​ဖိုး​ထိုက်​သော​မုန့် မ​လောက်​ပါ​ဟု လျှောက်၏။- 8ရှိ​မုန်​ပေ​တ​ရု၏​ညီ အ​န္ဒြေ​အ​မည်​ရှိ​သော တ​ပည့်​တော်​က၊- 9မု​ယော​မုန့်​ငါး​လုံး​နှင့် ငါး​က​လေး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သို့​သော်​လည်း ဤ​မျှ​လောက် များ​စွာ​သော​သူ​တို့​သည် ရှိ​ကြ​သည်​ဖြစ်၍၊ ထို​မုန့်​နှင့် ငါး​နှစ်​ကောင်​တို့​ကို အ​ဘယ်​ပြော​စ​ရာ​ရှိ​ပါ​သ​နည်း ဟု​လျှောက်၏။- 10ယေ​ရှု​က​လည်း၊ လူ​များ​တို့​ကို လျောင်း​ကြ​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ရပ်၌ မြက်​ပင်​ထူ​ပြော​လျက်​ရှိ​သည် ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် ငါး​ထောင်​မျှ​လောက်​သော​လူ​တို့​သည် လျောင်း​ကြ၏။- 11ယေ​ရှု​သည်​မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ တ​ပည့်​တော်​တို့​အား ဝေ​ငှ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် လျောင်း​သော​သူ​တို့​အား ဝေ​ငှ​ပြန်၏။ ထို​နည်း​တူ ငါး​နှစ်​ကောင်​ကို လူ​များ​လို​ချင်​သ​မျှ ဝေ​ငှ​ကြ၏။- 12ထို​သူ​တို့​သည်​ဝ​ကြ​ပြီး​မှ ကိုယ်​တော်​က၊ ဘာ​မျှ မ​ပျောက်​စေ​ခြင်း​ငှာ ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ဖြစ်၍၊- 13စား​သော​သူ​တို့၌ ကျန်​ကြွင်း​သော မု​ယော​မုန့်​ငါး​လုံး၏ အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။- 14ထို​သို့​ယေ​ရှု​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ထို​လူ​များ​တို့​သည်​မြင်​လျှင်၊ ဤ​သူ​ကား ဤ​လော​က​သို့ ကြွ​လာ​ရ​သော ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။- 15ထို​သူ​တို့​သည် ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ​လာ၍ အ​နိုင်​အ​ထက်​ပြု​ကြ​မည်​အ​ကြောင်း​ကို ယေ​ရှု​သည်​သိ​တော်​မူ​လျှင်၊ တောင်​ပေါ်​သို့ တစ်​ယောက်​တည်း​ကြွ​တော်​မူ​ပြန်၏။
ရေ​ပေါ်​မှာ​စက်​တော်​ဖြန့်​ခြင်း
(မ၊ ၁၄:၂၂-၃၃။ မာ၊ ၆:၄၅-၅၂)
16ည​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် အိုင်​သို့​သွား၍ လှေ​ထဲ​သို့​ဝင်​ပြီး​လျှင်၊ က​ပေ​ရ​နောင်​မြို့​သို့ ရောက်​အံ့​သော​ငှာ အိုင်​ကို​ကူး​ကြ၏။- 17ထို​အ​ခါ​မှောင်​မိုက်​ဖြစ်၍ ယေ​ရှု​သည် သူ​တို့ ရှိ​ရာ​သို့​မ​ရောက်​သေး။- 18လေ​ပြင်း​မုန်​တိုင်း​လာ၍ လှိုင်း​တံ​ပိုး​ထ​လေ၏။- 19ခ​ရီး​တစ်​တိုင်​ခွဲ​နှစ်​တိုင်​လောက် တက်​ခတ်၍ ရောက်​သော​အ​ခါ၊ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​၍ လှေ​အ​နီး​သို့​ချဉ်း​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်၍ ကြောက်​လန့်​ခြင်း​ရှိ​ကြ၏။- 20ကိုယ်​တော်​က​လည်း၊ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ လှေ​ထဲ​သို့ ကိုယ်​တော်​ကို ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ၏။- 21လှေ​သည်​လည်း ရောက်​လို​သော​အ​ရပ်​သို့ တစ်​ခ​ဏ​ချင်း​တွင် ဆိုက်​လေ၏။
ယေ​ရှု​ကို​ရှာ​ကြ​ခြင်း
22အိုင်​တစ်​ဖက်၌​နေ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊- 23အ​ထက်​က​သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ၊ လူ​များ​သည် မုန့်​ကို​စား​ကြ​ရာ​အ​ရပ်​နှင့် အ​နီး၊ တိ​ဗေ​ရိ​မြို့​မှ အ​ခြား​သော​လှေ​ငယ်​များ​လာ​သော်​လည်း၊ မ​နေ့၌ တ​ပည့်​တော်​တို့​ဝင်​သော လှေ​မှ​တစ်​ပါး အ​ဘယ်​လှေ​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် ထို​လှေ​ထဲ​သို့ တ​ပည့်​တော်​တို့ နှင့်​အ​တူ ဝင်​တော်​မ​မူ​ဘဲ​လျက်၊ တ​ပည့်​တော်​တို့​သာ သွား​သည်​ကို​လည်း​ကောင်း မြင်​ကြ၍၊- 24ထို​အ​ရပ်၌ ယေ​ရှု​မှ​စ​သော တ​ပည့်​တော်​တို့​မ​ရှိ​သည်​ကို သိ​ကြ​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ လှေ​စီး၍ ယေ​ရှု​ကို​ရှာ​ခြင်း​ငှာ က​ပေ​ရ​နောင်​မြို့​သို့ သွား​ကြ၏။
ငါ​သည်​အ​သက်​မု​န့်​ဖြစ်၏။
25အိုင်​တစ်​ဖက်၌​တွေ့​လျှင်၊ အ​ရှင်​ဘု​ရား၊ အ​ဘယ်​သော​အ​ခါ ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။- 26ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။- 27မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။
28ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော အ​ကျင့်​ကို​ကျင့်​ခြင်း​ငှာ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ၏။- 29ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​အ​ကျင့်​ကား၊ အ​လို​တော်​နှင့် ညီ​သော​အ​ကျင့်​တည်း​ဟု မိန့်​တော်​မူ၏။- 30ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။- 31ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။#ထွ၊ ၁၆:၄၊ ၁၅။ ဆာ၊ ၇၈:၂၄။
32ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မော​ရှေ​သည် ကောင်း​ကင်​မုန့်​ကို သင်​တို့​အား​မ​ပေး၊ ခ​မည်း​တော်​သည် မှန်​သော​ကောင်း​ကင်​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ၏။- 33ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊- 34သ​ခင်၊ ထို​မုန့်​ကို​အ​ကျွန်ုပ်​တို့​အား အ​စဉ်​မ​ပြတ်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- 35ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။- 36သို့​သော်​လည်း​သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံ​ကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။- 37ခ​မည်း​တော်​သည် ငါ့​အား ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​သည် ငါ​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ လာ​သော​သူ​ကို ငါ​သည်​အ​လျှင်း​မ​ပယ်။- 38အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​လိုက်​ခြင်း​ငှာ ကောင်း​ကင်​မှ​ဆင်း​သက်​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​သို့​လိုက်​ခြင်း​ငှာ ဆင်း​သက်၏။- 39ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်၏ အ​လို​တော်​ကား၊ ငါ့​အား​ပေး​သော​သူ​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​ပျောက်​စေ​ရ​ဘဲ၊ နောက်​ဆုံး​သော​နေ့၌ ထို​သူ​အ​ပေါင်း​တို့​ကို ထ​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- 40သား​တော်​ကို ကြည့်​မြင်၍ ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​တော်​ရှိ၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့၌ ထို​သူ​တို့​ကို ထ​မြောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။
41ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်၏​ဟု မိန့်​တော်​မူ​သည်​ကို ယု​ဒ​လူ​တို့​က၊- 42ဤ​သူ​သည် ယော​သပ်၏​သား​ယေ​ရှု​ဖြစ်​သည် မ​ဟုတ်​လော။ သူ၏​မိ​ဘ​ကို ငါ​တို့​သိ​သည်​မ​ဟုတ်​လော။ ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်၏​ဟု သူ​သည်​အ​ဘယ်​သို့​ဆို​ရ​သ​နည်း​ဟု ကဲ့​ရဲ့​ပြစ်​တင်​လျက် ဆို​ကြ၏။- 43ယေ​ရှု​က​လည်း၊ ငါ့​ကို​အ​ချင်း​ချင်း​ကဲ့​ရဲ့၍ အ​ပြစ်​မ​တင်​ကြ​နှင့်။- 44ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် သွေး​ဆောင်​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ့​ထံ​သို့ မ​လာ​နိုင်။ လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။- 45အ​နာ​ဂ​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင် ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်​ကြ​လိမ့်​မည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ခ​မည်း​တော်​ထံ၌​နား​ထောင်၍ နည်း​ခံ​သော​သူ​မှန်​သ​မျှ​တို့​သည် ငါ့​ထံ​သို့ လာ​ကြ၏။-#ဟေ​ရှာ၊ ၅၄:၁၃။ 46ထို​သို့​ငါ​ဆို​သော်၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကြွ​လာ​သော​သူ​မှ​တစ်​ပါး တစ်​စုံ​တစ်​ယောက်​သော သူ​သည် ခ​မည်း​တော်​ကို​မြင်​ခဲ့​ပြီ​ဟု မ​ဆို​လို။ ကြွ​လာ​သော​သူ​မူ​ကား၊ ခ​မည်း​တော်​ကို မြင်​ခဲ့​ပြီ။- 47ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။- 48ငါ​သည် အ​သက်​မုန့်​ဖြစ်၏။- 49သင်​တို့​ဘိုး​ဘေး​များ​သည် တော၌​မ​န္န​ကို​စား​လျက် သေ​ရ​ကြ၏။- 50ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ကို စား​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်၏။- 51ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော အ​သက်​မုန့်​ဖြစ်၏။ ဤ​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး​သော​မုန့်​ကား၊ လော​ကီ​သား​တို့၏ အ​သက်​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​အ​သား​ပေ​တည်း​ဟု မိန့်​တော်​မူ၏။
52ထို​အ​ခါ ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် မိ​မိ​အ​သား​ကို ငါ​တို့​စား​စ​ရာ​ဖို့​အ​ဘယ်​သို့ ပေး​နိုင်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။- 53ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ လူ​သား၏​အ​သား​ကို​မ​စား၊ အ​သွေး​ကို​မ​သောက်​လျှင် သင်​တို့၌ အ​သက်​မ​ရှိ။- 54ငါ၏​အ​သား​ကို​စား၍ ငါ၏​အ​သွေး​ကို​လည်း သောက်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ ထို​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။- 55ငါ၏​အ​သား​သည် စား​စ​ရာ​ကောင်း၏။ ငါ၏​အ​သွေး​လည်း သောက်​စ​ရာ​ကောင်း၏။- 56ငါ၏​အ​သား​အ​သွေး​ကို သောက်​စား​သော​သူ​သည် ငါ၌​တည်၏။ ထို​သူ၌​လည်း ငါ​တည်၏။- 57အ​သက်​ရှင်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၍၊ ငါ​သည်​ခ​မည်း​တော်​အား​ဖြင့် အ​သက်​ရှင်​သည်​နည်း​တူ၊ ငါ့​ကို​စား​သော​သူ​သည် ငါ့​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။- 58ဤ​မုန့်​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်​သော မုန့်​ဖြစ်၏။ သင်​တို့​ဘိုး​ဘေး​များ​သည် မ​န္န​ကို​စား​လျက် သေ​ရ​သ​ကဲ့​သို့​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်​ဟု၊- 59က​ပေ​ရ​နောင်​မြို့​တ​ရား​ဇ​ရပ်၌ ဩ​ဝါ​ဒ​ပေး​စဉ်​တွင် မိန့်​တော်​မူ၏။
ထာ​ဝ​ရ​အ​သက်​နှင့်​ယှဉ်​သော​စ​ကား
60တ​ပည့်​တော်​အ​များ​တို့​သည် ကြား​လျှင်၊ ထို​စ​ကား​သည် အ​လွန်​ခက်​လှ၏။ အ​ဘယ်​သူ​နား​ခံ​နိုင်​မည်​နည်း​ဟု ဆို​ကြ၏။- 61ထို​သို့ တ​ပည့်​တော်​တို့ ကဲ့​ရဲ့​ပြစ်​တင်​သည်​ကို ယေ​ရှု​သည် အ​လို​အ​လျောက်​သိ​တော်​မူ​လျှင်၊ ဤ​တ​ရား​စ​ကား​ကြောင့် သင်​တို့​သည် စိတ်​ပျက်​ကြ​သ​လော။- 62လူ​သား​သည် အ​ရင်​နေ​ရာ​အ​ရပ်​သို့ တစ်​ဖန် ကြွ​တက်​သည်​ကို​မြင်​ရ​လျှင် အ​ဘယ်​သို့ ထင်​မှတ်​ကြ​မည်​နည်း။- 63ဝိ​ညာဉ်​သာ​လျှင် အ​သက်​ရှင်​စေ၏။ ကိုယ်​ကာ​ယ​သည် အ​လျှင်း​မ​တတ်​နိုင်။ ငါ​ပြော​သော​စ​ကား​သည် ဝိ​ညာဉ်​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။- 64သို့​သော်​လည်း သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ၏။- 65ထို​ကြောင့် ငါ၏​ခ​မည်း​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ​ထံ​သို့​မ​လာ​နိုင်​ဟု အ​ထက်​က ငါ​ဆို​ခဲ့​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​သို​မိန့်​တော်​မူ​သည် အ​ကြောင်း​ဟူ​မူ​ကား၊ အ​ဘယ်​သူ​မ​ယုံ​ကြည်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ကိုယ်​တော်​ကို အပ်​နှံ​မည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် အ​စ​အ​ဦး၌ သိ​တော်​မူ၏။
66ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​အ​များ​တို့​သည် ကိုယ်​တော်​နှင့် မ​ပေါင်း​ဖော်​ဘဲ ဆုတ်​သွား​ကြ၏။- 67ထို​ကြောင့် ယေ​ရှု​သည် တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​အား၊ သင်​တို့​သည်​လည်း ထွက်​သွား​ခြင်း​ငှာ အ​လို​ရှိ​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊- 68ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ထံ​သို့ သွား​ရ​မည်​နည်း။ ထာ​ဝ​ရ​အ​သက်​နှင့် ယှဉ်​သော​စ​ကား​သည် ကိုယ်​တော်၌ တည်​ပါ၏။-#မ၊ ၁၆:၁၆။ မာ၊ ၈:၂၉။ လု၊ ၉:၂၀။ 69ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ ယုံ​ကြည်​သိ​မှတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။- 70ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​တွင် ရန်​သူ​တစ်​ယောက်​ပါ​သည်​ဟု မိန့်​တော်​မူ၏။- 71ထို​သို့​မိန့်​တော်​မူ​သော်၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​ကို ဆို​လို​သ​တည်း။

Paryškinti

Dalintis

Kopijuoti

None

Norite, kad paryškinimai būtų įrašyti visuose jūsų įrenginiuose? Prisijunkite arba registruokitės