လုကာ 22

22
ယေရှုဟှို သတ်ဟှို့ ကြံစည်ဟှူကြောန်း
(မဿဲ ၂၆.၁–၅; မာကု ၁၄.၁,; ယောဟန် ၁၁.၄၅–၅၃)
1ပသခါပွဲ ဆိုဘီး ခေါ်ဟှူ တဆေးမှေ့ဘဲဟှူ မုပွဲတော် ခီနီးလာလေဟှယ်။ 2ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ လူလေဟှို ကြော့‑က်လန့်ဂေ့ဟှူကြောန့် ယေရှုဟှို တိတိဟှားသတ်ဟှို့တွပ် နည်းလမ်းရှာကြံဂေ့လေဟှယ်။
ယေရှုဟှို အပ်နှံဟှို့ ယုဒဘောတူဟှူကြောန်း
(မဿဲ ၂၆.၁၄–၁၆; မာကု ၁၄.၁၀,၁၁)
3အယ်ဘီးန စာတန်ဟှာ တဗဲ့တော်ဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ဣရှကာရုတ် ဆိုဘီး ခေါ်ဟှူ ယုဒထဲဟှို ဝမ်လေဟှယ်။ 4အယ်ကြောန့် ယုဒဟှာ ယဇ်ပုရောဟိတ်ဂီးလေန ဗိမာန်တော်စောန့် ကြီးကဲလေနားဟှို သွားဘီး ယေရှုဟှို သူးနို့လတ်ထဲဟှို ဖယ်မျိုး အပ်နှံရမယ် ဆိုဇာဟှို သူးနို့လေန တိုင်ဗန်ဂေ့လေဟှယ်။ 5သူးနို့လေဟှာ ဝန်းသာဘီးဟှာ သူ့ဟှို ကပ်ပေးဟှို့ ဘောတူဂေ့ဟှယ်။ 6ယုဒဟှာလည်း ဘောတူဘီး လူလေဟှို သိစေဘဲန ယေရှုဟှို သူးနို့လတ်ဟှို အပ်နှံဟှို့တွပ် ခွမ့်ကောန်းဟှို ရှာကြံလေဟှယ်။
ပသခါပွဲ ပြင်ဆင်ဟှူကြောန်း
(မဿဲ ၂၆.၁၇–၂၅; မာကု ၁၄.၁၂–၂၁; ယောဟန် ၁၃.၂၁–၃၀)
7တဆေးမှေ့ဘဲဟှူ မုပွဲတော် ခီမာ ပသခါသိုးသားဂန်းလေဟှို သတ်ရဟှူနေ့ ရော့‑က်လာဟှယ်။ 8ယေရှုဟှာ ပေတရုန ယောဟန်ဟှို “ပသခါပွဲတော်ဟှို နို့လေစားဟှို့ သွားဘီး ပြင်ဆင်ဂေ့ပါ” ဆိုဘီး မိန့်တော်မူဘီး သူးနို့ဟှို စေလွှတ်လေဟှယ်။
9သူးနို့ဟှလည်း “ကိုယ်တော်ဟှ ကျွန်တော့်ဟှားလေဟှို ဖယ်နေရာမာ ပြင်ဆင်စေရှင်ဟှယ်နူး။” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
10ကိုယ်တော်ဟှ “နန်းနို့ဟှာ ဗြို့ထဲဟှို ဝမ်ဟှားဟှူ ခီမာ ရေအိုးထမ်းလာဟှူ လူတယော့‑က်ဟှာ နန်းနို့ဟှို လာတွိလေ့မယ်။ အယ်လူ ဝမ်ဟှားဟှူ အီထဲဟှို ဝမ်လိုက်ဟှားဘီးဟှာ၊ 11အီဇရှင်ဟှို ‘ဆရာဟှ ငါ့တဗဲ့လေနတူးဒူ ပသခါညဉ့်ဇာစားဟှို့ ခန်းဟှ ဖယ်မာနူး။ ဆိုဘီး မေးခိုင်းလိုက်ဟှယ်’ ဆိုဘီး ပြောဂေ့ပါ။ 12အယ်လူဟှ ပြင်ဆင်ဟှားဟှူ ထပ်ခန်းမဟှို နန်းနို့ဟှို ပြလေ့မယ်။ အယ်ခန်းမာ နန်းနို့ ပြင်ဆင်ဂေ့ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
13သူးနို့ဟှာ ထွပ်ဟှားဘီးန ယေရှုဟှ သူးနို့ဟှို မိန့်တော်မူဟှားတိုင်းဘဲ့ အားလောင်းဟှို တွိရဟှူကြောန့် ပသခါညဉ့်ဇာဟှို ပြင်ဆင်ဂေ့ဟှယ်။
သခင်ဘုရားရဲ့ ညဉ့်ဇာကြောန်း
(မဿဲ ၂၆.၂၆–၃၀; မာကု ၁၄.၂၂–၂၆; ၁ ကောရိန္သု ၁၁.၂၃–၂၅)
14ခီရော့‑က်လာဟှူ ခီမာ ယေရှုဟှာ တမန်တော်လေနတူးဒူ စားဗွဲမာ ထိုင်တော်မူဟှယ်။ 15ကိုယ်တော်ဟှာ “ငါဟှာ ဒေါက်ခဝေဒနာခံရခန်မာ အယ်ပသခါညဉ့်ဇာဟှို နန်းနို့နတူးဒူ ရရာတိုင်း စားရှင်ဟှယ်။ 16နန်းနို့ဟှို ငါပြောမယ်၊ ပသခါပွဲတော်ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်မာ ပ္လဲ့ဇောင်သေးခန်ထိ အယ်ပွဲတော်ဟှို နော့‑က်ထပ်ခါ ငါစားဟှို့မုဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
17အယ်ဘီးန ယေရှုဟှာ ခွပ်ဟှို ယူဘီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဘီးန “အယ်ခွပ်ဟှို ယူဘီး၊ ရှင်းရှင်းဝီမျှဘီး သော့‑က်ဂေ့ပါ။ 18နန်းနို့ဟှို ငါပြောမယ်။ ခုဟှစဘီး ဘုရားသခင်ရဲ့ နိုင်ငံတော် တည်ထောန်ခန်ထိ အယ်စဗျစ်ရယ်ဟှို ငါလောင်းဝ သော့‑က်လေ့မယ်မုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
19အယ်ဘီးန ကိုယ်တော်ဟှာ မုဟှိုယူဘီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဘီးန မုဟှို ဖဲ့ဘီးဟှာ သူးနို့လေဟှို ပေးဘီး “အယ်မုဟှာ နန်းနို့တွပ် စွန့်ဟှူငါ့ရဲ့ ကိုယ်ခန္ဓာ ဖြစ်ဟှယ်။ ငါ့ဟှို အော့‑က်မေ့ဟှို့ အယ်မျိုးလောက်ဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။ 20အယ်မျိုးဘဲ့ ညဉ့်ဇာစားဘီးန ကိုယ်တော်ဟှာ ခွပ်ဟှိုလည်း ယူဘီးဟှာ “အယ်ခွပ်ဟှာ နန်းနို့တွပ် သွန်းလောန်းဟှူ ငါ့ရဲ့ သွီးန ဇိခတ်ဟှားဟှူ ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်ဟှယ်”#၂၂.၂၀ တချို့ မူရင်းကျမ်းစာလေမာ ယေရှုရဲ့ စကားနော့‑က်မာပါဟှူ အယ်မုဟှာ ငါ့ရဲ့ ကိုယ်ခန္ဓာ ဖြစ်ဟှယ်၊ ဆိုဇာဟှာ ခန်းငယ် ၁၉ န ခန်းငယ်၂၀ မာ မှေ့ဟှ။
21“အယ်ဘေမဲ့ ငါ့ဟှို အပ်နှံမယ့်လူရဲ့ လတ်ဟှာ ငါ့နတူးဒူ စားဗွဲထတ်မာ ရှိနေဟှယ်! 22လူ့ရဲ့သားဟှာ ဘုရားသခင် ခ္လမှတ်ဟှားတိုင်းဘဲ့ သေခံဟှို့ မှန်ဘဲ့သွားရမယ်။ အယ်ဘေမဲ့ လူ့ရဲ့သားဟှို အပ်နှံဟှူလူဟှာ အမင်္ဂလာရှိဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
23အယ်ဘီးန တဗဲ့တော်လေဟှာ နို့လေထဲဟှ ဖယ်သူဟှာ အယ်မျိုးလောက်ဟှို့နူး။ ဆိုဘီး သူးနို့ရှင်းရှင်း မေးဂေ့လေဟှယ်။
ကီးမြတ်ရှင်းန ပတ်သတ်ဘီး ဂြင်းခူဟှူကြောန်း
24 # မ ၁၈.၁; မာ ၉.၃၄; လု ၉.၄၆ သူးနို့လေထဲဟှ ဖယ်သူ့ဟှို ကီးမြတ်ဆောင်း ဖြစ်ဟှယ် ဆိုဘီး မှတ်ယူရမယ် ဆိုဇာဟှို သူးနို့ရှင်းရှင်း ဂြင်းခူဂေ့လေဟှယ်။ 25#မ ၂၀.၂၅–၂၇; မာ ၁၀.၄၂–၄၄ယေရှုဟှ သူးနို့လေဟှို “လူမျိုးခြားလေရဲ့ မန်းဂီးလေဟှာ ပြည်သူလေထတ်မာ စိုးတရ လောက်တတ်ဂေ့ဟှယ်။ လူလေထတ်မာ အာဏာရှိဟှူ သူလေဟှိုလည်း သူများကျိုးဆောန်ဝှပ်သူ ဆိုဘီး ခေါ်ခံရဂေ့ဟှယ်။ 26#မ ၂၃.၁၁; မာ ၉.၃၅အယ်ဘေမဲ့ နန်းနို့လေဟှ အယ်မျိုးလောက်ဂေ့န။ နန်းနို့ထဲမာ ကီးမြတ်ဆောင်းဖြစ်ဟှူ သူဟှာ ငယ်ဆောင်းဟှူ သူမျိုး ဖြစ်ရမယ်။ ဦးဆောန်ဟှူ သူဟှာ စေခံမျိုး ဖြစ်ရမယ်။ 27#ယော ၁၃.၁၂–၁၅စားဗွဲမာ ထိုင်နေဟှူသူန စေခံဟှူ သူလေထဲမာ ဖယ်သူဟှ ပိုဘီးကီးမြတ်နူး။ စားဗွဲမာ ထိုင်နေဟှူသူ မှုဟှလော။ အယ်ဘေမဲ့ ငါဟှာ နန်းနို့ထဲမာ စေခံဟှူသူမျိုး ဖြစ်ဟှယ်။”
28“စောင်ဇမ်း နှောန့်ယှစ်ရှင်းလေဟှို ငါခံနေရဒူးမာ နန်းနို့ဟှာ ငါ့နတူးဒူ ရပ်တည်ပေးဟှူ လူလေ ဖြစ်ဂေ့ဟှယ်။ 29အယ်ဘီးဟှာ ငါ့ဖဟှ ငါ့ဟှို နိုင်ငံတော်ဟှို ပေးအပ်ဟှူမျိုးဘဲ့ ငါဟှလည်း နိုင်ငံတော်ဟှို နန်းနို့ဟှို ပေးအပ်မယ်။ 30#မ ၁၉.၂၈နန်းနို့ဟှာ ငါ့ရဲ့ နိုင်ငံတော်မာ ငါ့ရဲ့ စားဗွဲမာ ထိုင်ဘီး စားသော့‑က် ရဂေ့လေ့မယ်။ အယ်ဘီးဟှာ ပလ္လင်ထတ်မာ ထိုင်ဘီး ဣသရေလမျိုးနွယ် ဆယ့်နှေ့နွယ်ဟှို တရားစီရင် ရဂေ့လေ့မယ်။
ပေတရုဟှာ ငြင်းဆိုလေ့မယ် ဆိုဇာဟှို ဖော်ပြဟှူကြောန်း
(မဿဲ ၂၆.၃၁–၃၅; မာကု ၁၄.၂၇–၃၁; ယောဟန် ၁၃.၃၆–၃၈)
31“ရှိမုန်၊ ရှိမုန်! နားထောန်ပါ! ဂျောင်ဆန်ဟှို ဇဂါခ္လဟှူမျိုးဘဲ့ စာတန်ဟှ နန်းနို့အားလောင်းဟှို ဇဂါခ္လဟှို့တွပ် ခွမ့်တောန်းလေဘီ။ 32အယ်ဘေမဲ့ နန့်ရဲ့ ယောင်ကြည်ရှင်း ဆောင်းရှောင်းဘဲဟှို့တွပ် ငါဆုတောန်းနေဟှယ်။ နန်ဟှာ ငါဖတ်ဟှို ပ္လန်လှည့်လာဟှူ ခီမာ နန့်ရဲ့ ညီကိုလေဟှို ခိုင်ခံ့စေပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
33ပေတရုဟှ “သခင်၊ ကျွန်တော်ဟှာ ကိုယ်တော်နတူးဒူ ထောန်ဘဲ့က္လက္လ၊ သေဘဲ့သေသေ ဆင်သင့်ရှိဟှယ်!” ဆိုဘီး လျှော့‑က်လေဟှယ်။
34ယေရှုဟှ “ပေတရု၊ နန့်ဟှို ငါပြောမယ်။ အယ်ညဉ့် ကြစ်တွန်ခန်မာ နန်ဟှာ ငါဟှို သိဟှ ဆိုဘီး သောင်းခါ ငြင်းလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ကပ်အိ၊ ထားန လွယ်အိကြောန်း
35 # မ ၁၀.၉,၁၀; မာ ၆.၈,၉; လု ၉.၃; ၁၀.၄ အယ်ဘီန ယေရှုဟှာ “နန်းနို့ဟှို ကပ်အိ၊ လွယ်အိန ခေနပ်မှေ့ဘဲ စေလွှတ်ဟှူ ခီမာ နန်းနို့လေမာ လိုအပ်ဇာလေ ရှိသေးလော။” ဆိုဘီး တဗဲ့တော်လေဟှို မေးလေဟှယ်။
သူးနို့ဟှာ “မှေ့ဟှ” ဆိုဘီး လျှော့‑က်လေဟှယ်။
36ယေရှုဟှ “အယ်ဘေမဲ့ ခု ကပ်အိရှိဟှူ သူဟှာ ယူဟှားစေ။ လွယ်အိရှိဟှူသူဟှာလည်း ယူဟှားစေ။ ထားမှေ့ဘဲဟှူသူဟှာ မိမိဝတ်လောင်ဟှို ရောန်းဘီးဟှာ ထားဟှို ဝယ်စေ။ 37နန်းနို့ဟှို ငါပြောမယ်၊ ‘သူဟှာ တရားမှေ့ဘဲဟှူသူလေရဲ့ စာရင်းထဲမာ ထဲ့သွမ်းရှင်းခံရမယ်’ ဆိုဘီး ကျမ်းစာမာ ရေးဟှားဟှူဇာဟှာ ငါ့မာ ပ္လဲ့ဇောင်ရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့ကြောန်းဟှို ရေးဟှားဇာဟှာ ပ္လဲ့ဇောင်ရှင်းဟှို ရော့‑က်နေဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
38တဗဲ့တော်လေဟှ “သခင်! ကေ့တော်မူပါ! အယ်မာ ထားနှေ့ရှောန်း ရှိဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
ကိုယ်တော်ဟှ “အယ်ဆိုဟှာ ရလော့‑က်ဘီ!”#၂၂.၃၈အယ်ဆိုဟှာ ရလော့‑က်ဘီ၊ အယ်မျိုးမုဟှာ အယ်ထားနှေ့ရှောင်းနဆို တော်ဘီ။ ဆိုဘီး မိန့်တော်မူလေဟှယ်။
သံလွင်တောန်ထတ်မာ ဆုတောန်းဟှူကြောန်း
(မဿဲ ၂၆.၃၆–၄၆; မာကု ၁၄.၃၂–၄၂)
39ယေရှုဟှာ ဗြို့ထဲဟှနေ ထွပ်ဟှားဘီး ခါတိုင်းမျိုးဘဲ့ သံလွင်တောန်ထတ်ဟှို ကြွတော်မူဟှယ်။ တဗဲ့တော်လေလည်း ကိုယ်တော်နတူးဒူ လိုက်ဟှားဂေ့ဟှယ်။ 40အယ်နေရာဟှို ရော့‑က်ဟှူ ခီမာ ကိုယ်တော်ဟှ “နန်းနို့လေဟှာ သွီးဆောန်ရှင်းထဲဟှို က္လဘဲဟှို့တွပ် ဆုတောန်းဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
41အယ်ဘီးန ကိုယ်တော်ဟှာ သူးနို့လေန က္လော့‑က်ခဲတပစ်ဇာလောက် ဝီးဟှို သွားဘီးဟှာ ဒူးထော့‑က်ဘီးန ဆုတောန်းဟှူဇာဟှ 42ကိုယ်တော်ဟှ “ဖ၊ ဖြစ်နိုင်မယ် ဆိုဟှာ အယ်မူဝေဒနာခွပ်ဟှို ကျွန်တော့်ဟှနေဘီး ယူဟှားပေးပါ။ အယ်ဘေမဲ့ ကျွန်တော့် လိုရှင်တိုင်းဖြစ်စေဘဲန ဖလိုရှင်းတိုင်းဘဲ့ ဖြစ်စေပါ” ဆိုဘီး ဆုတောန်းလေဟှယ်။ 43အယ်ခီမာ ကောန်းဂန်ဘောင်ဟှ ကောန်းဂန်တမန်တပါးဟှာ ကိုယ်တော်နားမာ ပေါ်လာဘီး ကိုယ်တော့်ဟှို အားပေးတော်မူဟှယ်။ 44ကိုယ်တော်ဟှာ ပြင်းထန်ဟှူ ဝေဒနာဟှို ခံစားဘီး ပိုဘီး ပြင်းပြင်းထန်ထန် ဆုတောန်းဟှူကြောန့် ကိုယ်တော်ရဲ့ ချွေးဟှာ သွေးစက်လေမျိုး မ္လေဂီးထတ်ဟှို က္လလေဟှယ်။#၂၂.၄၄ တချို့ မူရင်းလတ်ရေးမူလေမာ ခန်းငယ် ၄၃–၄၄ ဟှာ မှေ့ဟှ။
45ကိုယ်တော်ဟှာ ဆုတောန်းရာဟှနေ ထတော်မူဘီး တဗဲ့တော်လေနားဟှို ပ္လန်လာဟှူ ခီမာ သူးနို့လေဟှာ ဝန်းနဲဘီး အိမွိနေဇာဟှို တွိဟှားလေဟှယ်။ 46ကိုယ်တော်ဟှာ “နန်းနို့လေ ဖြားဖြစ်ကြောန့် အိမွိနေဂေ့နူး။ သွီးဆောန်ရှင်းထဲဟှို က္လဘဲဟှို့တွပ် ထဒန်ဘီး ဆုတောန်းဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
ယေရှုဟှို ဖမ်းဆီးဟှူကြောန်း
(မဿဲ ၂၆.၄၇–၅၆; မာကု ၁၄.၄၃–၅၀; ယောဟန် ၁၈.၃–၁၁)
47အယ်မျိုးမိန့်တော်မူနေဒူးမာဘဲ့ တဗဲ့တော် ဆယ့်နှေ့ပါးထဲဟှ တပါးဖြစ်ဟှူ ယုဒဟှာ လူအောက်ဂီးဟှို ဦးဆောန်ဘီး ရော့‑က်လာဟှယ်။ သူဟှာ ယေရှုဟှို နမ်းဟှို့တွပ် တိုးဝမ်လာလေဟှယ်။ 48အယ်ဘေမဲ့ ယေရှုဟှ “ယုဒ၊ လူ့ရဲ့သားဟှို နမ်းရှင်းအားဖြင့် အပ်နှံဟှို့လော။” ဆိုဘီး မေးတော်မူလေဟှယ်။
49ယေရှုနတူးဒူ ရှိနေဂေ့ဟှူ တဗဲ့တော်လေဟှာ ဖြစ်လာမယ့်ဇာဟှို သိလိုက်ဟှူ ခီမာ သူးနို့ဟှ “သခင်၊ ကျွန်တော့်ဟှားလေ ထားန ခွတ်ရဟှို့လော။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။ 50သူးနို့ထဲဟှ တယော့‑က်ဟှာ ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်တယော့‑က်ဟှို ခွတ်လိုက်ဇာ အယ်လူရဲ့ ညာဖတ်နားဝှပ်ဟှာ ပြတ်ဟှားလေဟှယ်။
51အယ်ဘေမဲ့ ယေရှုဟှာ “တော်ဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။ ကိုယ်တော်ဟှာ အယ်လူရဲ့ နားဝှပ်ဟှို လတ်တော်န ထိလိုက်ဘီး ပ္လန်ကောန်းစေလေဟှယ်။
52အယ်ဘီးန ယေရှုဟှာ မိမိဟှို ဖမ်းဟှို့ရော့‑က်လာဟှူ ယဇ်ပုရောဟိတ်ဂီးလေ၊ ဗိမာန်တော်စောန့် တပ်မှူးလေန သတ်ကီးဝါဂီးလေဟှို “နန်းနို့ဟှာ မ္လဟှို ဖမ်းမျိုး ထားလေ၊ ဒေါက်လေဟှို ကိုင်ဆောန်ဘီး လာဂေ့ရလော။ 53#လု ၁၉.၄၇; ၂၁.၃၇ငါဟှာ နေ့တိုင်း နန်းနို့နတူးဒူ ဗိမာန်တော်မာ ရှိနေဒူးမာ နန်းနို့ဟှာ ငါ့ဟှို ဖမ်းဂေ့ဟှ။ အယ်ဘေမဲ့ အယ်မျိုး လောက်ဆောန်ဟှို့တွပ် နန်းနို့ရဲ့ခီဖြစ်ဟှယ်။ မှောန်မိုက်တဂိုးလည်း ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုဟှို ပေတရု ဂြင်းဟှူကြောန်း
(မဿဲ ၂၆.၅၇,၅၈,၆၉–၇၅; မာကု ၁၄.၅၃,၅၄,၆၆–၇၂; ယောဟန် ၁၈.၁၂–၁၈,၂၅–၂၇)
54သူးနိုးလေဟှ ယေရှုဟှို ဖမ်းဘီးဟှာ ယဇ်ပုရောဟိတ်မန်းရဲ့ အီဟှို ခေါ်ဟှားဂေ့ဟှယ်။ ပေတရုဟှာလည်း ခပ်ဝီးဝီးဟှနေ လိုက်ဟှားလေဟှယ်။ 55အီဝမ်းရဲ့ လယ်မာ မီးဗောင်ဟှို ဝိုင်းဘီးထိုင်နေဟှူ လူလေကြားထဲမာ ပေတရုဟှာ ဝမ်ထိုင်လေဟှယ်။ 56အယ်မျိုး ပေတရုဟှာ မီးဗောင်းနားမာ ထိုင်နေဇာဟှို စေခံမီးမ တယော့‑က်ဟှ ဗြင်ဟှားဟှူုကြောန့် သူ့ဟှို စေ့စေ့ကေ့ဘီး “အယ်လူဟှာလည်း ယေရှုရဲ့ ပေါန်းဖော်ဖြစ်ဟှယ်!” ဆိုဘီး ပြောလေဟှယ်။
57အယ်ဘေမဲ့ ပေတရုဟှ “ဝှေ့မီးမ၊ အယ်သူဟှို ငါ သိဟှ!” ဆိုဘီး ဂြင်းလေဟှယ်။
58ရှစ်ဟှားကြာဘီးန လူတယော့‑က်ဟှာ ပေတရုဟှို ဗြင်ဟှားဟှူ ခီမာ “နန်လည်း သူးနို့လေထဲဟှ တယော့‑က်ဘဲ့ ဖြစ်ဟှယ်!” ဆိုဘီး ပြောလေဟှယ်။
အယ်ဘေမဲ့ ပေတရုဟှာ “ဝှေ့လူ၊ ငါဟှာ သူးနို့ထဲဟှ မှုဟှ!” ဆိုဘီး ပြောလေဟှယ်။
59တနာရီလော့‑က် ကြာဘီးန တခြားတယော့‑က်ဟှ “မှန်တိုင်း ပြောရမယ် ဆိုဟှာ အယ်သူဟှာ ဂါလိလဲလူ ဖြစ်ဟှူကြောန့် ယေရှုန ပေါန်းဖော်ဟှူသူ ဖြစ်ဟှယ်!” ဆိုဘီး ခိုင်ခိုင်မာမာ ပြောလေဟှယ်။
60အယ်ဘေမဲ့ ပေတရုဟှ “ဝှေ့လူ၊ နန်ပြောနေဇာလေဟှို ငါ သိဟှ!” ဆိုဘီး ပ္လန်ပြောလေဟှယ်။
သူအယ်မျိုး ပြောနေဒူးမာဘဲ့ ကြစ်တွန်လေဟှယ်။ 61အယ်ခီမာ သခင်ဘုရားဟှာ လှည့်ဘီး ပေတရုဟှို စူးစိုက်ဘီး ကေ့တော်မူဟှယ်။ ပေတရုဟှလည်း “အယ်ညဉ့် ကြစ်တွန်ခန်မာ နန်ဟှာ သောင်းခါတိတိ ငြင်းပယ်လေ့မယ်” ဆိုဘီး မိန့်တော်မူဟှားဟှူ သခင်ဘုရားရဲ့ စကားတော်ဟှို ပ္လန်အော့‑က်မေ့လာဟှယ်။ 62အယ်ကြောန့် ပေတရုဟှာ ပ္လန်ဟှို ထွပ်ဟှားဘီး ရရာတိုင်း ငိုလေဟှယ်။
ယေရှုဟှို လှောန်ပြောန်ဘီး ရိုက်နှက်ဟှူကြောန်း
(မဿဲ ၂၆.၆၇,၆၈; မာကု ၁၄.၆၅)
63ယေရှုဟှို စောန့်ကြပ်နေဟှူ လူလေဟှ ကိုယ်တော့်ဟှို လှောန်ပြောန်ဘီး ရိုက်နှက်ဂေ့ဟှယ်။ 64သူးနို့လေဟှ ကိုယ်တော်ရဲ့ မျစ်နှာဟှို ဖောင်းဘီးဟှာ “ကိုယ်တော့်ဟှို ဖယ်သူလေ ရိုက်ဂေ့နူး။ ပရောဖက်ပြုဂေ့!” ဆိုဘီး ကိုယ်တော့်ဟှို မေးဂေ့ဟှယ်။ 65အယ်ဘီးဟှာ သူးနို့လေဟှ တခြားကဲ့ရဲ့ဇာလေ ဘောင်ဂီးန ကိုယ်တော့်ဟှို ပြောဂေ့ဟှယ်။
ယေရှုဟှို တရားလွှတ်တော်ရှေ့မာ စစ်ဆေးဟှူကြောန်း
(မဿဲ ၂၆.၅၉–၆၆; မာကု ၁၄.၅၅–၆၄; ယောဟန် ၁၈.၁၉–၂၄)
66မိုးလန်းဟှားဟှူ ခီမာ သတ်ကီးဝါဂီးလေ၊ ယဇ်ပုရောဟိတ်ဂီးလေန ကျမ်းတတ်ဆရာလေဟှာ စုဝီးဂေ့ဘီး ယေရှုဟှို တရားလွှတ်တော်ရှေ့ဟှို ခေါ်ဆောန်ဟှားဂေ့ဟှယ်။ 67သူးနို့လေဟှ “နန်ဟှာ မေရှိယဘဲ့လော။ နို့လေဟှို ပြောပါ” ဆိုဘီး မေးဂေ့ဟှယ်။
ကိုယ်တော်ဟှ “နန်းနို့ဟှို ငါပြောမယ် ဆိုဟှာလည်း နန်းနို့ ယောင်ကြည်ဂေ့ဟှို့ မှုဟှ။ 68နန်းနို့ဟှို ငါ မေးမေးမယ် ဆိုဟှာလည်း နန်းနို့ ဖြေဂေ့ဟှို့ မှုဟှ။ 69အယ်ဘေမဲ့ ခုဟှနေဘီး လူ့ရဲ့သားဟှာ အနန္တတဂိုးရှင် ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်တော်မူလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
70သူးနို့လေ အားလောင်းဂူဟှာ “အယ်မျိုးဆိုဟှာ နန်ဟှ ဘုရားသခင်ရဲ့သား ဖြစ်ဟှယ်လော။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
ကိုယ်တော်ဟှာ “နန်းနို့ မေးဟှူတိုင်းဘဲ့ ငါဖြစ်ဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
71အယ်ဘီးန သူးနို့လေဟှာ “နို့လေကိုယ်တိုင် သူ့ရဲ့နှော့‑က်ဟှနေ အယ်စကားလေဟှို ကြားရဘီ ဖြစ်ဟှူကြောန့် နော့‑က်ထပ် ဖြားသတ်သေလေ လိုသေးဟှယ်နူး!” ဆိုဘီး ပြောဂေ့ဟှယ်။

Šiuo metu pasirinkta:

လုကာ 22: NTDWB24

Paryškinti

Dalintis

Kopijuoti

None

Norite, kad paryškinimai būtų įrašyti visuose jūsų įrenginiuose? Prisijunkite arba registruokitės