ယောဟန် 2

2
ကာနဗြို့ဟှအီတတ်ပွဲ
1သောင်းရစ်မြော့‑က်နေ့မာ ဂါလိလဲနယ် ကာနဗြို့မာ အီတတ်ပွဲလောက်လေဟှယ်။ အယ်ပွဲမာ ယေရှုရဲ့ မိလည်း ရှိနေဟှယ်။ 2အယ်ဘီးဟှာ ယေရှုန တဗဲ့တော်လေဟှိုလည်း အီတတ်ပွဲဟှို ဖိဟှားလေဟှယ်။ 3ဝိုင်ကူဟှားခီမာ ယေရှုရဲ့မိဟှ “သူးနို့မာ ဝိုင်ကူဟှားဘီ” ဆိုဘီး ကိုယ်တော့်ဟှို ပြောလေဟှယ်။
4ယေရှုဟှ “ဝှေ့မီးမ၊ နို့ဟှို ဖြားလောက်ရမယ် ဆိုဘီး ပြောန။ နို့ခီဟှာ ခုထိ ရော့‑က်သေးဟှ” ဆိုဘီး ပ္လန်ပြောဟှယ်။
5အယ်ဘီးန ယေရှုရဲ့ မိဟှ “နန်းနို့ဟှို သူစေခိုင်းဟှူတိုင်း လောက်ဂေ့” ဆိုဘီး စေခံလေဟှို ပြောလိုက်ဟှယ်။
6ယုဒလူလေမာ ဘာသာဓလေ့တိုင်း ဆေးကြောဇာနဆိုင်ဟှူ စည်းမျဉ်းလေရှိဟှယ်။ အယ်စည်းမျဉ်းလေကြောန့် အယ်နေရာမာ က္လော့‑က်ရေအိုး ခြော့‑က်လောင်းရှိဘီး ရေအိုးဂီးတလောင်းစီဟှာ ဂါလံနှေ့ဆယ်န သောင်းဆယ်ကြား ဝမ်ဆံ့ဟှယ်။ 7ယေရှုဟှ “အယ်ရေအိုးလေဟှို ရေဖ္လဲ့ဂေ့” ဆိုဘီး စေခံလေဟှို ပြောလိုက်ဟှယ်။ သူးနို့ဟှာ ပ္လဲ့အောန် ဖ္လဲ့ဂေ့ဟှယ်။ 8အယ်ဘီးန ကိုယ်တော်ဟှ “ခု အယ်အိုးထဲဟှရေဟှို ခပ်ဘီးဟှာ ပွဲအောက်နားဟှို ယူဟှားဂေ့” ဆိုဘီး သူးနို့ဟှို ပြောလိုက်ဟှယ်။ သူးနို့ဟှာ ရေဟှို ယူဟှားဟှယ်။ 9ခု အယ်ရေဟှာ ဝိုင်ဖြစ် ပ္လောန်းလဲဟှားဘီး ပွဲအောက်ဟှ ဗြည်းလေဟှယ်။ အယ်ဝိုင်ဟှာ ဖယ်နေရာဟှ ရလာဟှယ် ဆိုဇာဟှို သူသိဟှ။ အယ်ဘေမဲ့ ရေခပ်လာဟှူ စေခံလေဟှာ ကောန်းကောန်းဟှားသိနေဟှယ်။ အယ်ကြောန့် သူဟှာ ဒို့သားဟှို ခေါ်လိုက်ဘီး 10“လူတိုင်းဟှာ ကောန်းဆောင်း ဝိုင်နဘဲ့ ဦးဆောင်းဧည့်ခံဟှယ်။ ဧည့်သည်လေ ဘောင်ဂီးသော့‑က်ဘီးမှ ညံ့ဟှူဝိုင်န ဧည့်ခံဟှယ်။ အယ်ဘေမဲ့ နန်ဟှ ကောန်းဆောင်း ဝိုင်ဟှို ခုထိသီးဟှားလေဟှယ်!” ဆိုဘီး ပြောလေဟှယ်။
11ယေရှုဟှာ ဦးဆောင်း နိမိတ်လတ်ခဏာဟှို ဂါလိလဲနယ် ကာနဗြို့မာ လောက်ဘီးဟှာ မိမိရဲ့ ဖောင်းသရေတော်ဟှို ဖွမ့်ပြလေဟှယ်။ အယ်ဘီးန တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဟှယ်။
12 # မ ၄.၁၃ အယ်မျိုး နိမိတ်လတ်ခဏာ ပြဘီးန ယေရှုဟှာ သူ့ရဲ့မိ၊ ညီငယ်လေ၊ တဗဲ့တော်လေနတူးဒူ ကပေရနောင်ဗြို့ဟှို သွားဘီး အယ်ဗြို့မာ ရစ်နဲနဲဟှား နေလေဟှယ်။
ယေရှုဟှာ ဗိမာန်တော်ဟှို သွားဟှူကြောန်း
(မဿဲ ၂၁.၁၂,၁၃; မာကု ၁၁.၁၅–၂၇; လုကာ ၁၉.၄၅,၄၆)
13ယုဒလူလေရဲ့ ပသခါပွဲ နီးလာဟှူကြောန့် ယေရှုဟှာ ယေရုရှလင်ဗြို့ဟှို သွားလေဟှယ်။ 14ကိုယ်တော်ဟှာ ဗိမာန်တော်ထဲမာ သိုးလေ၊ နွားသားဂန်းလေ၊ ချိုးငှတ်လေဟှို ရောန်းဝယ်နေဟှူ လူလေန ကပ်လဲပေးမားလေဟှာ သူးနို့ရဲ့ စားဗွဲလေမာ ထိုင်နေဇာဟှို တွိဟှယ်။ 15အယ်ကြောန့် ကိုယ်တော်ဟှာ ကြိုးလေန ကြာပွတ်ဟှို လောက်ဘီးန သိုးလေ၊ နွားလေ အားလောင်းဟှို ဗိမာန်တော်ထဲဟှ နန်ထုဘီးဟှား ကပ်လဲမားလေရဲ့ ဗွဲလေဟှိုလည်း မှော့‑က်လှဲဘီးန သူးနို့ရဲ့ ဒန်းဂါးလေဟှို ဖ္လဲဖ္လဲစင်အောန် လောက်လေဟှယ်။ 16အယ်ဘီးန ကိုယ်တော်ဟှာ ချိုးငှတ်ရောန်းဟှူ လူလေဟှို “အယ်ပစ္စည်းလေဟှို ယူဟှားဂေ့! ငါ့ဖရဲ့ အီတော်ဟှို ဆေးဖြစ်ဟှားအောန် လောက်ဂေ့န!” ဆိုဘီး မိန့်ပေးလိုက်ဟှယ်။ 17ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ “အိုဘုရားသခင်၊ ကိုယ်တော်ရဲ့ အီတော်ဟှို ရှစ်ခင်တွယ်တာမှုဟှာ ကျွန်တော်ထဲမာ မီးမျိုး လောန်ကျွမ်းနေဟှယ်” ဆိုဘီး ကျမ်းစာဟှ ပြောဟှားဇာလေဟှို အော့‑က်မေ့လာဂေ့ဟှယ်။
18ယုဒအာဏာပိုင်လေဟှာ ကိုယ်တော်နားဟှို ပ္လန်လာဘီး “နန်ဟှာ အယ်မူဇာဟှို လောက်ပိုင်ခွမ့် ရှိဟှယ် ဆိုဇာဟှို နို့လေဟှို ဖြားမျိုး နိမိတ်လတ်ခဏာ လောက်ပြနိုင်မယ်နူး” ဆိုဘီး မေးခွန်းတခုဟှို မေးလေဟှယ်။
19 # မ ၂၆.၆၁; ၂၇.၄၀; မာ ၁၄.၅၈; ၁၅.၂၉ ယေရှုဟှ “အယ်ဗိမာန်တော်ဟှို ဖြိုဖျစ်ဂေ့။ သောင်းရစ်ထဲန ငါပ္လန်ဆော့‑က်ပြမယ်” ဆိုဘီး ဖြေလိုက်ဟှယ်။
20ယုဒလူလေဟှ “အယ်ဗိမာန်တော်ဟှို ဆော့‑က်ဟှို့တွပ် လေးဆယ့်ခြော့‑က်နှစ် ကြာဟှယ်! နန်ဟှ သောင်းရစ်ထဲန ပ္လန်ဆော့‑က်ဟှို့လော” ဆိုဘီး မေးဂေ့ဟှယ်။
21အယ်ဘေမဲ့ ယေရှုပြောနေဟှူ ဗိမာန်တော်ဟှာ သူ့ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှယ်။ 22အယ်ကြောန့် ယေရှုဟှာ သေရာဟှနေ ပ္လန်ရှင်လာဟှူ ခီမာ ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ ကိုယ်တော်ပြောခဲ့ဟှူ စကားလေဟှို အော့‑က်မေ့လာလေဟှယ်။ အယ်ဘီးန သူးနို့လေဟှာ ကျမ်းစာတော်န ကိုယ်တော်ပြောခဲ့ဟှူ စကားလေဟှို ယောင်ကြည်ဂေ့ဟှယ်။
ယေရှုဟှာ လူလေရဲ့ သဘောဟှို သိဟှူကြောန်း
23ယေရှုဟှာ ယေရုရှလင်ဗြို့ဟှ ပသခါပွဲမာရှိနေဒူးမာ ကိုယ်တော်လောက်ဟှူ နိမိတ်လတ်ခဏာလေဟှို တွိရဟှူကြောန့် လူလေဘောင်ဂီးဟှာ ကိုယ်တော့်နာမဟှို ယောင်ကြည်ဂေ့ဟှယ်။ 24အယ်ဘေမဲ့ ယေရှုဟှာ လူလေ အားလောင်းဂူရဲ့ ကြောန်းဟှို သိနေဟှူကြောန့် သူးနို့လေဟှို ယောင်ကြည်ဟှ။ 25ကိုယ်တော်ဟှာ လူလေရဲ့ စိနှလောင်းဟှို သိနေဟှယ်။ အယ်ကြောန့် ကိုယ်တော့်ဟှို ယော့‑က်ယော့‑က်ဟှ သူးနို့ကြောန်းဟှို သတ်သေခံဟှို့ လိုအပ်ဟှ။

Šiuo metu pasirinkta:

ယောဟန် 2: NTDWB24

Paryškinti

Dalintis

Kopijuoti

None

Norite, kad paryškinimai būtų įrašyti visuose jūsų įrenginiuose? Prisijunkite arba registruokitės