က~မ္ဘာ~ဦး~ကျမ်း။ 12
12
1ထာ ဝ ရ ဘု ရား သည် အာ ဗြံ အား မိန့် တော် မူ သည် ကား၊ သင့် ပြည်၊ သင့် ဆွေ ရင်း မျိုး ချာ၊ အိမ် ထောင် သား ချင်း တို့ ဘောင် မှ ထွက်၍ ငါ ပြ လ တ္တံ့ သော ပြည် သို့ သွား လော့။ 2ငါ သည် သင့် ကို လူ မျိုး ကြီး ဖြစ် စေ မည်။ ငါ ကောင်း ကြီး ပေး၍ သင့် နာ မည် ကို ကြီး မြတ် စေ မည်။ 3သင် သည် မင်္ဂ လာ အ ရင်း ခံ ဖြစ် လ တ္တံ့။ သင့် ကို မင်္ဂ လာ ပေး သူ တို့ အား ငါ မင်္ဂ လာ ပေး မည်။ သင့် ကို အ မင်္ဂ လာ ပေး သော သူ ၌ ငါ အ မင်္ဂ လာ ရောက် စေ မည်။ သင့် အား ဖြင့် လည်း မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။ 4ထို သို့ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း အာ ဗြံ ထွက် သွား ရာ လော တ လည်း လိုက် လေ ၏။ အာ ဗြံ သည် ခါ ရန် မြို့ မှ ထွက် သွား သော အ ခါ အ သက် ခု နစ် ဆယ့် ငါး နှစ် ရှိ ပြီ။ 5အာ ဗြံ သည် မ ယား စာ ရဲ နှင့် တ ကွ တူ လော တ ကို လည်း ကောင်း၊ ဆည်း ပူး ရ ရှိ သ မျှ ဥ စ္စာ ကို လည်း ကောင်း၊ ခါ ရန် မြို့၌ ရ သူ တို့ ကို လည်း ကောင်း ခေါ် ယူ လျက် ခါ နာန် ပြည် သို့ အ ရောက် ထွက် သွား သည့် အ တိုင်း ဆိုက် ကြ ၏။ 6အာ ဗြံ သည် ထို ပြည် ကို ဖြတ် သွား ရာ ရှိ ခင် အ ရပ်၊ မော ရေ ညန် ပင် သို့ ရောက် လေ ၏။ ထို အ ခါ ၎င်း ပြည် ၌ ခါ နာန် အ မျိုး သား တို့ ရှိ နှင့် ကြ ၏။ 7ထာ ဝ ရ ဘု ရား သည် အာ ဗြံ အား ထင် ရှား တော် မူ ၍ ဤ ပြည် ကို သင့် အ မျိုး အ နွယ် အား ငါ ပေး မည် ဟု မိန့် တော် မူ သော် ထင် ရှား တော် မူ သော ထို အ ရပ်၌ ပူ ဇော် ရာ ပ လ္လင် တော် ကို ထာ၀ ရ ဘု ရား အ ဖို့ တည် ဆောက် ပြီး မှ၊ 8ဗေ သ လ မြို့ အ ရှေ့ ဘက် ရှိ တောင် သို့ ထွက် ပြန် သ ဖြင့် ဗေ သ လ မြို့ ကို အ နောက်၊ အာ ဣ မြို့ ကို အ ရှေ့ ထား လျက် တဲ စိုက် ပြီး လျှင် ထာ၀ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် ဆောက်၍ ထာ၀ ရ ဘု ရား၏ နာ မ တော် အား ဖြင့် ပ ဌ နာ ပြု လေ ၏။ 9တစ် ဖန် နေ ဂပ် ခ ရိုင် သို့ အာ ဗြံ သွား မြဲ သွား ပြန် လေ ၏။
10ထို နောက် နေ ပြည်၌ အ စာ ခေါင်း ပါး ခြင်း ကပ် သင့် ရောက်၍ ကြီး လေး သော ကြောင့် အာ ဗြံ သည် အိ ဂျစ် ပြည်၌ တည်း ခို ရန် သွား လေ ၏။ 11အိ ဂျစ် ပြည် သို့ ခ ရီး ရောက် မ ဆိုက် ရှိ သော အ ခါ မ ယား စာ ရဲ အား၊ သင် သည် ရှု ချင် ဖွယ် အ ဆင်း လှ သော မိန်း မ ဖြစ် ကြောင်း ငါ သိ ၏။ 12အိ ဂျစ် ပြည် သား တို့ သည် သင့် ကို မြင် သော အ ခါ ဤ မိန်း မ ကား သူ့ မ ယား ဖြစ် သည် ဆို လျက် သင့် ကို အ ရှင် ထား ၍ ငါ့ ကို အ သေ သတ် ကြ လိမ့် မည်။ 13သို့ ဖြစ်၍ ငါ့ နှ မ ဖြစ် ကြောင်း ပြော ပါ လေ။ သို့ မှ သင့် အ တွက် ငါ ချမ်း သာ စွာ နေ ရ လျက် အ သက် ရှင် လိမ့် မည် ဟု ဆို ၏။ 14အာ ဗြံ သည် အိ ဂျစ် ပြည် သို့ ရောက် သော အ ခါ ထို မိန်း မ အ လွန် အ ဆင်း လှ သည် ကို ပြည် ရင်း သား တို့ မြင် ကြ ၏။ 15ဖာ ရော မင်း ၏ မှူး တော် မတ် တော် တို့ လည်း မြင်၍ ရှေ့ တော်၌ ချီး မွမ်း ပြီး လျှင် နန်း တော် သို့ သွင်း ရ ကြ၏။ 16ဖာ ရော မင်း သည် ထို မိန်း မ ကို ထောက်၍ အာ ဗြံ အား ကျေး ဇူး ပြု သ ဖြင့် သူ သည် သိုး၊ ဆိတ်၊ နွား၊ မြည်း ထီး၊ မြည်း မ၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ၊ ကု လား အုပ် များ ကို ရ ရှိ ၏။ 17အာ ဗြံ၏ မ ယား စာ ရဲ အ တွက် ဖာ ရော မင်း မှ စ၍ မင်း ဆွေ မင်း မျိုး တို့ အ ပေါ် တွင် ကြီး စွာ သော ဘေး ဒဏ် များ ကို ထာ၀ ရ ဘု ရား သင့် ရောက် စေ တော် မူ သော်၊ 18ဖာ ရော မင်း သည် အာ ဗြံ ကို ခေါ်၍ ငါ ၌ သင် ပြု သော အ မှု ကား မည် သို့ နည်း။ ထို မိန်း မ သည် သင့် မ ယား ဖြစ် ကြောင်း အ ဘယ် ကြောင့် မ လျှောက် သ နည်း။ 19ငါ့ မိ ဖု ရား မြှောက် စေ ခြင်း ငှါ ထို မိန်း မ သည် ကျွန် တော့် နှ မ ဖြစ် ပါ သည် ဟု အ ဘယ် ကြောင့် လျှောက် ခဲ့ သ နည်း။ သင့် မ ယား ကို ယ ခု ပင် ယူ သွား ချေ လော့ ဟု အ မိန့် ရှိ ၏။ 20၎င်း အ မှု နှင့် စပ် လျဥ်း၍ အ မိန့် ထုတ် သည့် အ တိုင်း လု လင် တို့ သည် အာ ဗြံ လက် ရှိ ဥ စ္စာ အား လုံး နှင့် တ ကွ၊ သ မီး ခင် ပွန်း တို့ ကို လွှတ် လိုက် ကြ ၏။
Šiuo metu pasirinkta:
က~မ္ဘာ~ဦး~ကျမ်း။ 12: GHB
Paryškinti
Dalintis
Kopijuoti
Norite, kad paryškinimai būtų įrašyti visuose jūsų įrenginiuose? Prisijunkite arba registruokitės
Garrad Holy Bible © Bible Society of Myanmar, 1928.