Luke 9
9
1ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ယောက် တို့အား ခေါ်၍စုဝေးစေပြီးလျှင် အားလုံးသော မကောင်း ဆိုးဝါးများကို မောင်းထုတ်နိုင်ရန်နှင့် အနာရောဂါတို့ကို ပျောက် ကင်းစေနိုင်သော တန်ခိုးစွမ်းအားတို့ကိုပေးအပ် လေသည်။ 2ထို့နောက်သူတို့အားဘုရားရှင်၏သာသနာပြု ရန်နှင့် အနာရောဂါကုသရန် စေလွှတ်လိုက်လေသည်။ 3ကိုယ်တော်ကသူတို့အား “သင်တို့နှင့်အတူ မည်သည့်အရာ ကိုမျှ ယူမသွားပါနှင့်” တောင်ဝှေး၊ခရီးဆောင်အိတ်၊အစား အစာ၊ရိက္ခာ၊ငွေ၊လဲစရာအပိုအင်္ကျီ စသည့်အရာများကို ယူ မသွားပါနှင့် 4မိမိအားကြိုဆိုသောအိမ်တွင် ထိုမြို့မှ မထွက်ခွါမီအထိတည်းခိုပါ။ 5အကယ်၍သင်တို့အား မကြို ဆိုသောအိမ် သို့မဟုတ် မြို့တို့အား ထိုမြို့မှထွက်ခွာသော အခါ သတိပေးသိအနေဖြင့် သင်တို့၏ ခြေထောက်ကဖုန်ကို ခါပြီး သတိပေးလိုက်ပါ” ဟု မိန့်တော်မူသည်။ 6တပည့် တော်တို့လည်း ထွက်ခွာလာကြပြီး အနယ်နယ်အရပ်ရပ်သို့ သွား၍ ဘုရားနှုတ်ကပတ်တော် မင်္ဂလာသတင်းကောင်း များကို ဟောကြားပေးပြီး ဝေဒနာရှင်တို့ကိုလည်း အနာ ရောဂါ ပျောက်ကင်းအောင် ကုသပေးကြသည်။ 7၇)ဘုရင်ဟေရုဒ်သည် ကိုယ်တော်ယေရှု၏ သတင်းအဖြစ် အပျက်များကို ကြားသိသောအခါ ပူပင်သောကဖြစ်လာ လေ၏။ လူတစ်ချို့က ရေနစ်မင်္ဂလာပေးသူ ဗတ္တိဇံဆရာ ယောဟန်သည် အသက်ပြန်ရှင်လာပြီဟု ပြောနေကြလေ သည်။ 8အခြားသောသူတို့က 'ဧလိယ' ကြွလာခြင်း သို့မဟုတ် ဟိုးရှေ့ယခင်ကပင် ရှိခဲ့သော ပညာရှိပရောဖက် တစ်ပါး အသက်ပြန်ရှင်လာသည် ဟု လည်းကောင်း ပြောဆိုကြသည်။ 9သို့ရာတွင် ဟေရုဒ်မင်းကမူ “ငါသည် ယောဟန်၏ ဦးခေါင်းကိုဖြတ်ခဲ့ပြီးပြီ၊ ငါနားနှင့်မဆံ့အောင် ကြားပြီး သတင်းထွက်နေသူမှာ မည်သူဖြစ်နိုင်မလဲ” ဟု ပြောပြီး ကိုယ်တော်အားတွေ့ဆုံရန်ဆန္ဒပြင်းပြခဲ့သည်။ 10တပည့်တော်များ ခရီးမှ ပြန်လာကြသောအခါ ကိုယ်တော်ယေရှုအား သူတို့ ဆောင်ရွက်ခဲ့သည်များကို လျှောက်တင်ကြလေသည်။ ထို့နောက်ကိုယ်တော်သည် တပည့်တော်တို့ကို သူနှင့်အတူ ခေါ်ဆောင်သွားပြီး ဗက်ဇဲဒရွာသို့ သွားခဲ့လေသည်။ ထိုနေရာတွင် သူတို့သာ သီးသန့်ရှိနေလေသည်။ 11သို့ရာတွင် များစွာသောလူတို့ သည် ကိုယ်တော်ကိုလိုက်ရှာပြီး ကိုယ်တော့်နောက်သို့ လိုက်လာခဲ့ကြရာ ကိုယ်တော်လည်း သူတို့အားကြိုဆိုရ လေတော့သည်။ ကိုယ်တော်က ဘုရားရှင်၏သာသနာ တော် အကြောင်းရှင်းလင်းဟောကြားပြီး ရောဂါသည်တို့ကို လည်း ပျောက်ကင်းစေတော်မူလေသည်။ 12မွန်းတည့် ချိန်ကျော်လာပြီဖြစ်၍ တပည့်တော်တစ်ဆယ့်နှစ်ယောက် သည် ကိုယ်တော်ထံသို့ရောက်ရှိလာပြီး"ဒီလူအုပ် ကြီးကို အနီးအနား တစ်ဝိုက်မှာရှိသောရွာနှင့် လယ်ကွင်းသို့စေ လွှတ်လိုက်ပါ။ သူတို့မှာတည်းခိုရန်နှင့် အစားအသောက် များလိုအပ်ပါသည်။ဒီနေရာမှာ ဘာမှမရှိပါဘူး ဒီအရပ်ဟာ ကန္တရကဲ့သို့ဖြစ်နေပါသည်"ဟု လျှောက်တင်ကြလေသည်။ 13ကိုယ်တော်က “သင်တို့သူတို့ကို စားစရာတစ်ခုခုပေး လိုက်ပါ” ဟု တပည့်တော်တို့အား မိန့်တော်မူလိုက်ရာ သူတို့က“ကျွန်တော်တို့မှာ ပေါင်မုန့်အသေးငါးလုံးနဲ့ ငါးနှစ် ကောင်သာရှိပါတယ် “ဒီလူအားလုံးကို ကျွေးမယ်ဆိုရင် အစားအသောက်များ သွား၍ဝယ်ရပါမည်” ဟု လျှောက် ထားလေသည်။ 14လူအုပ်ကြီးမှာ ယောင်္ကျားဦးရေ ငါး ထောင်ခန့်ရှိလေသည်။ကိုယ်တော်က သူ၏တပည့်တော် များအား”လူအယောက်ငါးဆယ် တစ်စုစီထိုင်ခိုင်းလိုက်ပါ" ဟု မိန့်တော်မူလေသည်။ 15တပည့်တော်တို့လည်း ကိုယ်တော့်အမိန့်အတိုင်း ဆောင်ရွက်ကြ၏။ လူအားလုံး လည်း ဤကဲ့သို့ထိုင်လိုက်လေသည်။ 16ကိုယ်တော်သည် ပေါင်မု့န်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူလိုက်ပြီး နိဗ္ဗာန် ရွှေမြို့တော်သို့မှန်းမျှော်၍ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော် များကို ချီးမွန်းဆုတောင်းလိုက်လေသည်။ ထို့နောက် ကိုယ်တော်၏လက်တော်ဖြင့် ပေါင်မု့န်နှင့်ငါးများကိုဖဲ့ပြီး တပည့်တော်များမှတစ်ဆင့် လူတို့အားဝေငှပေးလိုက်လေ သည်။ 17လူအားလုံးတို့သည် အဝအလင်စားရသည့် အပြင် သူတို့၏စားကြွင်းစားကျန်များကို ကောက်သိမ်းရာ တောင်းတစ်ဆယ့်နှစ်တောင်း အပြည့်ရကြလေသည်။ 18ကိုယ်တော်ယေရှုသည် တစ်ကိုယ်တည်း ဆုတောင်း နေစဉ် တပည့်တော်များ ရောက်လာကြရာ ကိုယ်တော်က သူတို့အား “လူတို့သည် ကိုယ်တော်အကြောင်းအား ဘာတွေပြောနေကြသလဲ”ဟုမေးမြန်းလိုက်၏။ 19သူ တို့က “တစ်ချို့ကကိုယ်တော်အား ရေနစ်မင်္ဂလာဆရာ ယောဟန်ဟူ၍လည်းကောင်း၊ ဧလိယဟူ၍လည်းကောင်း၊ ပြန်လည်အသက်ရှင်လာသူ ပရောဖက်တစ်ပါးဟူ၍ လည်း ကောင်း ပြောဆိုနေကြပါတယ်" ဟုလျှောက်တင်လိုက်ကြ လေသည်။ 20ထိုအခါကိုယ်တော်က"သင်တို့ကငါ့အား မည်သူ ဟု ပြောလိုကြသနည်း" ဟုမေးတော်မူလေ၏။ ပေတရုက" အရှင်ဟာ ဘုရားရှင်စေလွှတ်တော်မူသော ‘မေရိယ’အရှင်ဖြစ်ပါသည်”ဟုလျှောက်ထားလိုက်လေသည်။ 21ကိုယ်တော်ကဤအကြောင်းအရာများကိုမည်သူ့ကိုမျှမပြောရန်တင်းကြပ်စွာ ပညတ်တော်မူလေသည်။ 22ကိုယ်တော်ကသူ၏တပည့်တော်များအား “အမျိုးသား ခေါင်းဆောင်များဘာသာရေးဂိုဏ်းချုပ်ကြီးများနှင့်မောရှေကျမ်းတတ်ပညာရှင်တို့သည်'လူ့သားတော်'အားညှင်းပန်း နှိပ်စက်ကြလိမ့်မည်။သူတို့သည်သူ့ကိုငြင်းပယ်ကြပြီးသတ် ကြလိမ့်မည်။သို့သော်သုံးရက်မြောက်နေ့၌သူသည်ရှင်ပြန်ထမြောက်ပါလိမ့်မည်"ဟု မိန့်တော်မူလိုက်သည်။ 23ထို့ နောက် ကိုယ်တော်ကပရိတ်သတ်တို့အား "အကယ်၍ သင်တို့ငါ၏တပည့်တော်ဖြစ်လိုသူသည် မိမိ၏အတ္တကိုစွန့် ပယ်ရမည်။သင်တို့၏လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်း ပြီး ငါ၏နောက်တော်သို့ နေ့စဉ်ရက်ဆက် လိုက်နိုင်မည့်သူ ဖြစ်ရမည်။ 24သင်တို့၏ အသက်ကို ကယ်တင်လိုလျှင် အတ္တနှင့်ပြည့်နက်နေသောဘဝကို စွန့်လွတ်လိုက်ပါ။ သို့ သော် ကိုယ်တော့်အတွက်ကြောင့် မိမိတို့၏ဘဝကို စွန့်လွှတ်သူသည် သူ၏အသက်ကို ကယ်တင်ခြင်းခံရမည်။ 25သင်တို့သည်ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်စိုးခွင့်ရသော် လည်း သင်တို့ဘဝပျက်စီးပြီးအသက်ဆုံးရှုံးရလျှင် မည် သည့် အကျိုးရှိပါမည်နည်း။ 26သင်တို့သည် ကိုယ်တော့် ကြောင့် ရှက်ကြောက်လျှင် 'လူ့သားတော်'သည် အဖဘုရား ၏ဘုန်းတန်ခိုးတော်၊ မြင့်မြတ်သောနတ်စေတမန်တို့နှင့် အတူ ကြွလာသောအခါတွင်လည်း ရှက်တော်မူလိမ့်မည်။ 27သေချာတာတစ်ခုကတော့ဒီနေရာမှာမတ်တပ်ရပ်နေသူအချို့သည် ဘုရားရှင်၏ သာသနာတော်ထွန်းကား သည်ကို မဖူးတွေ့ရမီ သေရလိမ့်မည်မဟုတ်သေး” ဟု မိန့်တော်မူလိုက်လေသည်။ 28အထက်ပါကဲ့သို့ မိန့်တော်မူပြီး ရှစ်ရက်ခန့်အကြာတွင် ကိုယ်တော်သည် ပေတရု၊ယောဟန်နှင့်ယာကုပ်တို့ကို ခေါ် ဆောင်၍ ဝတ်ပြုဆုတောင်းရန်တောင်ပေါ်သို့ကြွတော်မူ၏။ 29ကိုယ်တော်ဆုတောင်းနေစဉ် သူ၏အဆင်းသဏ္ဍာန် သည်ပြောင်းလဲသွားပြီးသူ၏ဝတ်ရုံတော်သည်လည်းဖြူဖွေး တောက်ပြောင်သွားလေ၏။ 30ရုတ်တရက်တွင် မောရှေ နှင့်ဧလိယတို့သည် ကိုယ်တော်နှင့်စကားပြောကြလေ၏။ 31တပည့်တော်များသည် ကိုယ်တော်၏ ဘုန်းတန်ခိုး တော်များ ထွန်းလင်းလာပြီးနောက် ယေရုရှလင်မြို့တွင် ကိုယ်တော် အသေခံရမည့်အကြောင်းကို ပြေနေကြလေ သည်။ 32ပေတရုနှင့် အခြားသောတပည့်တော် တို့သည် အိပ်မောကျလျက် ရှိနေလေသည်။ သူတို့နိုးလာသောအခါ ချက်ချင်းပင် ဘုန်းတန်ခိုးတော်များနှင့်ပြည့်စုံသော ကိုယ် တော်ကို ဖူးမြင်ကြရလေသည်။ သူတို့သည်ကိုယ်တော် နှင့်အတူ စကားပြောနေသူနှစ်ဦးကိုလည်း တွေ့လိုက်ရလေ သည်။ 33မောရှေနှင့်ဧလိယတို့ ထွက်ခွာသွားသည့်အခါ ပေတရုက ကိုယ်တော်အား"အရှင်-ဤအရပ်သည် အလွန် နေချင်စဖွယ်ဖြစ်ပါသည် ကိုယ်တော်အတွက်တဲတစ်ဆောင် ၊ဧလိယအတွက် တဲတစ်ဆောင်၊ မောရှေအတွက် တဲတစ် ဆောင်၊ အကျွန်ုပ်တို့ ဆောက်လုပ်လှူဒါန်းပါရစေ"ဟု လျှောက်ထားလိုက်သည်။ သို့သော် သူသည်သူ့ကိုယ်သူ ဘာတွေပြောလိုက်သည်ကိုပင် မသိချေ။ 34ပေတရု ထိုသို့လျှောက်ထားစဉ် မိုးတိမ်တိုက်တစ်ခုသည် သူတို့ အပေါ်မှအုပ်မိုးထား၍ အရိပ်ကျနေ၏။ သူတို့သည် မိုးတိမ် တိုက်ကြီး သူတို့အပေါ်အုပ်မိုးထား၍ အလွန်ကြောက်ရွံ့ တုန်လှုပ်လာကြလေသည်။ 35ထိုအချိန်တွင် မိုးတိမ်တိုက် မှ “ဤသူသည် ငါရွေးချယ်တော်မူသောသားဖြစ်သည်။ သူ့ စကားကိုနားထောင်ကြပါ” ဟူသော အသံတော်တစ်ခု ထွက်ပေါ်လာလေသည်။ 36ထိုအသံတော် ထွက်ပေါ်ပြီး နောက်ပေတရု၊ယောဟန်နှင့်ယာကုပ်တို့သည်ကိုယ်တော်တစ်ပါးတည်းကိုသာဖူးမြင်ကြရလေသည်။သူတို့သည်သူတို့တွေမြင်ခဲ့သည့်အကြောင်းအရာတို့ကိုမည်သူတစ်ဦးကိုမျှမပြောဘဲတိတ်ဆိတ်နေကြလေသည်။ 37နောက်တစ်နေ့တွင် ကိုယ်တော်နှင့်တပည့်တော်သုံးဦး တို့သည် တောင်ပေါ်မှဆင်းလာကြရာ များစွာသောလူအုပ် ကြီးကိုတွေ့လေသည်။ 38ပရိသတ်ထဲမှာလူတစ်ဦးက “အရှင်၊ကျေးဇူးပြုပြီး ကျွန်ုပ်၏သားကို နေကောင်းအောင် လုပ်ပေးပါ။ သူဟာ ကျွန်တော့်ရဲ့တစ်ဦးတည်းသောသား ဖြစ်ပါတယ်။သူ့ကို 39မကောင်းဆိုးဝါး ပူးဝင်နှိပ်စက် သဖြင့်အလန့်တကြား အော်ဟစ်နေပါတယ်၊ သူ့တစ်ကိုယ် လုံးတုန်လှုပ်ပြီး ပါးစပ်ထဲမှအမြုပ်များ ထွက်လာတတ်ပါ တယ်။ ထိုမကောင်းဆိုးဝါးသည် သူ့အား ပင်ပန်းမောဟိုက် နာကျင်စေပြီးမှ ခက်ခက်ခဲခဲနှင့် ထွက်သွားတတ်ပါတယ်။ 40ကျွန်ုပ်သည် ကိုယ်တော်၏ တပည့်တော်များအား တောင်းပန်၍ ဤမကောင်းဆိုးဝါးအား မောင်းထုတ်စေ သော်လည်း သူတို့မလုပ်နိုင်ကြပါ” ဟုလျှောက်ထားလိုက် လေသည်။ 41ကိုယ်တော်ကတပည့်တော်တို့အား"မင်းတို့တွေ တော်တော်ခေါင်းမာပြီး ယုံကြည်မှုအားနည်းသေး ကြတယ် ကိုယ်တော် မင်းတို့နဲ့ ဘယ်လောက်ကြာအောင် နေနိုင်မှာမို့လို့လဲ”ဟုမိန့်လိုက်သည်။ ကိုယ်တော်က “သင် ၏သားကို ကိုယ်တော်ထံသို့ခေါ်လာခဲ့ပါ”ဟုမိန့်လိုက်လေ သည်။ 42ထိုကလေးကိုခေါ်လာစဉ် မကောင်းဆိုးဝါးသည် သူ့အားဝင်ပူးပြီး တစ်ကိုယ်လုံး တုန်လှုပ်စေလေသည်။ ကိုယ်တော်က မကောင်းဆိုးဝါးအား အမိန့်ပေးလိုက်ရာ ရပ်တန့်သွားလေ၏။ ကိုယ်တော်သည် ထိုယောင်္ကျားလေး ကို ကုသပေးပြီး သူ့ဖခင်ထံသို့ပြန်လည်အပ်နှံလိုက်လေ သည်။ 43လူတိုင်းသည်ဘုရားရှင်၏ မဟာတန်ခိုးတော် အနန္တတို့ကို ဖူးမြင်ကြရ၍ အံ့ဩမဆုံးဖြစ်နေလေသည်။ 44ကိုယ်တော်ယေရှု၏ ဆောင်ရွက်ခြင်းကို လူတိုင်းအံ့ဩ နေကြစဉ် ကိုယ်တော်သည် သူ၏တပည့်တော်များအား “ကိုယ်တော် သင်တို့အားပြောပြနေသည်များကို ဂရုတစိုက် အာရုံစိုက်ပေးကြပါ။'လူ့သားတော်'ကိုသူ၏ရန်သူများလက်ထဲသို့အပ်ကြတော့မည်” 45သို့သော်တပည့်တော်တို့သည် ကိုယ်တော် ဆိုလိုသည့်အကြောင်းအရင်းကို မသိကြချေ။ ထိုအဓိပ္ပါယ် အပြည့်အစုံကို သိုဝှက်ထားကြလေသည်။ သူတို့သည် နားမလည်နိုင်သော်လည်း မေးမြန်းရန် ကြောက်လန့်နေကြလေသည်။ 46(၄၆)တပည့်တော်တို့သည် သူတို့ထဲမှ မည်သူသည်အကြီး မြတ်ဆုံးဖြစ်သည်ကိုငြင်းခုန်နေကြသည်။ 47ကိုယ်တော်သည် ထိုသူတို့ငြင်းခုံနေသည်ကို သိတော်မူလေသည်။ ကလေးတစ်ယောက်သည် ကိုယ်တော်၏ဘေးတွင် မတ် တပ်ရပ်နေသည်။ 48ထိုအခါကိုယ်တော်က တပည့်တော် တို့အား “ကိုယ်တော့်အတွက်ကြောင့် ကလေးငယ်တစ် ယောက်ကို ကြိုဆိုသောအခါတွင် သင်တို့သည် ကိုယ်တော့် ကို ကြိုဆိုခြင်းပင်ဖြစ်သည်။ ငါ့ကိုကြိုဆိုလျှင် ငါ့အား စေလွှတ်လိုက်သူ အရှင့်ကိုလည်း သင်တို့ကြိုဆိုခြင်းပင်ဖြစ် သည်။ သင်တို့အထဲ၌ အနှိမ့်ချဆုံးသောသူသည် အကြီး မြတ်ဆုံးသူပင်ဖြစ်တယ်"ဟုမိန့်တော်မူလိုက်လေသည်။ 49ယောဟန်က “အရှင်ကျွန်ုပ်တို့သည် အရှင်၏အမည်ကို သုံး၍ လူတို့ထံမှ မကောင်းဆိုးဝါးများ မောင်းထုတ်နေ သောသူတစ်ဦးကို တွေ့ခဲ့သည်” ဟုလျှောက်တင်လေသည်။ 50ကိုယ်တော်က “သူ့ကိုမတားပါနဲ့ သင်တို့ကိုမဆန့်ကျင် သူသည် သင်တို့ဘက်သားများပင်ဖြစ်သည်” ဟု မိန့်တော် မူလေသည်။ 51ကိုယ်တော်သည် နိဗ္ဗာန်ရွှေမြို့တော်သို့ တက်လှမ်းရန် အချိန်မဝေးတော့သဖြင့် သူသည် ယေရုရှလင်မြို့သို့သွားရန် စိတ်ပိုင်းဖြတ်လိုက်လေသည်။ 52သူသည် တပည့်တော် အချို့ကို ရှမာရိရွာသို့ ဦးစွာစေလွှတ်လိုက်ပြီး ကိုယ်တော့် အတွက် အဆင်သင့်ပြင်ထားစေသည်။ 53သို့သော် ယေရုရှလင်သို့သွားရာ လမ်းတစ်လျှောက်ရှိ လူများသည် ကိုယ်တော်ကိုကြိုဆိုရန် ငြင်းပယ်လိုက်ကြသည်။ 54ထို အခါ ယာကုပ်နှင့်ယောဟန်တို့သည် ထိုအဖြစ်အပျက်ကို မြင်လျှင် “အရှင်ဘုရား၊ အကျွန်ုပ်တို့သည် မိုးပေါ်ကမီးကို ကျစေပြီး ဤရွာများကို မီးရှို့ဖျက်ဆီးလိုက်ရမလား” ဟု လျှောက်တင်ကြလေသည်။ 55သို့သော် ကိုယ်တော်က လှည့်၍ “သင်တို့သည် မည်သို့သော ဉာဏ်အလင်းတော်နှင့် သက်ဆိုင်သည်ကို သင်တို့မသိဘူးလား၊ ‘လူ့သားတော်’ သည် လူတို့အသက်ရှင်နေထိုင်ခြင်းကို ဖျက်စီးရန်ကြွလာ ခြင်းမဟုတ်၊ လူတို့ကိုကယ်တင်ရန်သာဖြစ်သည်”ဟု မိန့် တော်မူပြီး 56သူတို့သည် အခြားရွာတစ်ရွာသို့ ထွက်ခွာ သွားကြလေသည်။ 57လမ်းခရီးတစ်လျှောက်တွင် လူတစ်ယောက်က ကိုယ်တော်အား “ကျွန်ုပ်သည် အရှင်ကြွတော်မူရာသို့ လိုက် ပါမည်”ဟုလျှောက်ထားလေသည်။ 58ကိုယ်တော်က“မြေ ခွေးမှာတွင်းရှိတယ်၊ ငှက်တွေမှာအသိုက်ရှိတယ်၊ သို့သော် ‘လူ့သားတော်’မှာကားခြေသလုံးအိမ်တိုင်ပင်ဖြစ်တယ်”ဟုမိန့်တော်မူလိုက်လေသည်။ 59ကိုယ်တော်သည်အခြားလူတစ်ဦးကို သူနှင့်အတူလိုက်ရန်ခေါ်ရာ ထိုလူက "အရှင် ခေတ္တစောင့်ပေးပါ။ အကျွန်ုပ်ဖခင်၏အလောင်းကို ဦးစွာ သွား၍သင်္ဂြုလ်ခွင့်ပေးပါဦး”ဟုလျှောက်တင်လေ၏။ 60ကိုယ်တော်က “သင်သည်ဘုရားရှင်၏သာသနာအကြောင်း ဟောပြောနေစဉ်မှာ သေနေသောသူကို သေမည့်သူတို့ အချင်းချင်းက စောင့်ရှောက်ကြပါစေ” ဟု မိန့်တော်မူ လိုက်လေသည်။ 61အခြားသောသူတစ်ယောက်က“အရှင်၊ကျွန်ုပ်သည် အရှင့်နောက်တော်သို့လိုက်ပါမည်။ သို့သော် ကျွန်ုပ်၏အိမ်သို့ ခဏပြန်ပြီး သိမ်းဆည်းစရာများသိမ်း ဆည်းခွင့်ပြုပါ” ဟုလျှောက်လိုက်၏။ 62ကိုယ်တော်က “လယ်ထွန်တုံးကိုကိုင်၍ နောက်သို့လှည့်ကြည့် တတ်သူ သည် ဘုရားရှင်၏သာသနာတော်အတွက် အသုံးမဝင်” ဟူ၍ မိန့်တော်မူလိုက်လေသည်။
Currently Selected:
Luke 9: TPV-RV
Tya elembo
Kabola
Copy

Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.