ယောဟန် 8

8
1ယေသျှုက သံလွင်တောင်သို့ တက်ကြွတော်မူ၏။
2နောက်တစ်နိ့ မိုးထက်စောစော ဗိမာန်တော်သို့ ပြန်ကြွလာသောအခါ လူအပေါင်းရို့သည် အထံတော်သို့ စုရုံးလာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူ၍ လူအပေါင်းရို့အား ဟောပြောသွန်သင်တော်မူ၏။ 3ကျမ်းတတ်ဆရာရို့နှင့် ဖာရိယှဲရို့သည် ဖောက်ပြန်ခြင်းအမှုကို ပြုနိန်သော မိန်းမတစ်ယောက်ကို ဖမ်းဆီးကာ ကိုယ်တော်ထံသို့ ဆောင်ယူလာ၍ သူရို့ရှိ့တွင် ရပ်ခိုင်းထားပြီးလျှင်၊ 4ယေသျှုအား၊ “ဆရာ၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုနိန်စဉ် ငါရို့ တွိ့၍ ဖမ်းလာခ၏။ 5မောသျှေစီရင်သော ငါရို့၏ ပညတ်တရား၌ ထိုသို့သော မိန်းမတိကို ကျောက်ခဲနှင့် ပစ်သတ်ရမည်ဟု အကျွန်ရို့အား ပညတ်ခပါ၏။ ကိုယ်တော်က အဂု မည်သို့ မိန့်တော်မူပါမည်နည်း” ဟု လျှောက်ကြ၏။ 6သူရို့သည် ယေသျှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့ အကွက်ဆင်၍ မိန်းကြခြင်းဖြစ်၏။
သို့သော်လည်း ကိုယ်တော်သည် ငုံ့၍ မြီကြီးထက်တွင် လက်ညှိုးတော်ဖြင့် ရီးခြစ်လျက် နိန်တော်မူ၏။
7ထိုသူရို့သည် ထပ်ကာထပ်ကာ မိန်းလျှောက်ကြသောအခါ ကိုယ်တော်က မော့ကြည့်တော်မူလျက် “သင်ရို့အထဲက အပြစ်ကင်းသူသည် အယင်ဆုံး ဤမိန်းမကို ကျောက်ခဲနှင့် ပစ်ပါ” ဟု မိန့်တော်မူ၏။ 8ထို့နောက် တဖန် ငုံ့၍ မြီကြီးတွင် ရီးခြစ်လျက် နိန်တော်မူ၏။
9ထိုသူရို့သည် မိန့်တော်မူချက်ကို ကြားလျှင် အသက်ကြီးသောသူမှစ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်လားကြ၏။ ယေသျှုသည် တစ်ယောက်တည်း ကျန်ခတော်မူ၍၊ မိန်းမသည် ရပ်နိန်သိမ့်၏။ 10ယေသျှုသည် မော်၍ ကြည့်တော်မူသောအခါ၊ “သူရို့ကား ဇာမာလဲ၊ သင့်ကို အပြစ်စီရင်မည့်သူ တစ်ယောက်လည်း မဟိကြသလော” ဟု သူမအား မိန်းတော်မူ၏။
11ထိုမိန်းမကလည်း “တစ်ယောက်လည်း မဟိယာ၊ ဆရာ” ဟု လျှောက်လေ၏။
ယေသျှုက “ငါလည်း သင့်ကို အပြစ်မစီရင်၊ ပြန်လားလီ၊ နောက်တစ်ခါ အပြစ်မလုပ်လီကေ့” ဟု မိန့်တော်မူ၏။]#၈.၁၁ များစွာသော မူရင်းကျမ်းများနှင့် ရှီးဦးစွာသော ဘာသာပြန်ခြင်းများတွင် စာပိုဒ် (၇.၅၃—၈.၁–၁၁) ကို မတွိ့ရပေ။ တခြားသူတိက ယော ၂၁.၂၄ နောက်တွင်ဟိသည်။ တခြားသူတိက လု ၂၁.၃၈ နောက်တွင်ဟိသည်။ မူရင်းကျမ်းတစ်စောင်တွင် ယော ၇.၃၆ နောက်တွင်ဟိသည်။
လောကအလင်း ဖြစ်တော်မူသော ယေသျှု
12 # မ ၅.၁၄; ယော ၉.၅ တဖန် ယေသျှုက ဖာရိယှဲရို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရကြပြီးလျှင် မှောင်မိုက်ထဲ၌ လုံးဝ လျှောက်လားရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
13 # ယော ၅.၃၁ ဖာရိယှဲရို့က “သင်သည် ကိုယ့်အကြောင်းကိုသာ သက်သီခံခြင်း ဖြစ်၏။ သင်၏ သက်သီခံခြင်းသည် အထောက်အထားမဟိ” ဟု ဆိုကြ၏။
14ယေသျှုက “ငါသည် ကိုယ့်အကြောင်းကိုသာ သက်သီခံသော်လည်း ငါ၏ သက်သီခံချက်သည် မှန်၏။ အကြောင်းမူကား ငါသည် မည်သည့်အရပ်က လာသည်ကို လည်းကောင်း၊ မည်သည့်အရပ်သို့ လားရမည်ကို လည်းကောင်း ငါသိ၏။ သင်ရို့သည် ငါ မည်သည့်အရပ်က လာသည်ကို လည်းကောင်း၊ ငါ မည်သည့်အရပ်သို့ လားရမည်ကို လည်းကောင်း မသိကြ။ 15သင်ရို့သည် လူ့နည်းလမ်းအတိုင်းသာ တရားစီရင်တတ်ကြ၏။ ငါကား တစ်ယောက်ကိုလေ့ မစီရင်။ 16ငါသည် တရားစီရင်သော်လည်း ငါ၏စီရင်ခြင်းသည် မှန်ကန်၏။ အကြောင်းမူကား ငါသည် တစ်ယောက်တည်း စီရင်သည် မဟုတ်။ ငါ့ကို စီရွှတ်တော်မူသော ဖခမည်းတော်က ငါနှင့်အတူ ဟိနိန်သောကြောင့်ဖြစ်၏။ 17သင်ရို့၏ ပညတ်တော်၌ သက်သီနှစ်ဦး ထွက်ဆိုလျှင် သင်ရို့ပြောသမျှ မှန်သည်ဟု ဖော်ပြထား၏။ 18ငါသည် ကိုယ့်အကြောင်းကိုသာ သက်သီခံသည့်အပြင် ငါ့ကို စီရွှတ်တော်မူသော ခမည်းတော်ကလည်း ငါ့အကြောင်းကို သက်သီခံတော်မူ၏” ဟု မိန့်တော်မူ၏။
19ထိုသူရို့ကလည်း “သင်၏ ခမည်းတော်က ဇာမာလဲ” ဟု မိန်းလျှောက်ကြ၏။
ယေသျှုက “သင်ရို့သည် ငါ့ကို မသိကြ။ ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကို သိလျှင်မူကား ငါ့ခမည်းတော်ကိုလည်း သိကြမည်” ဟု ဖြေကြားတော်မူ၏။
20ကိုယ်တော်သည် ဤစကားတော်များကို ဗိမာန်တော်၏ အလှူခံသေတ္တာထားရာ အခန်း၌ ဟောပြောတော်မူ၏။ သို့သော် ကိုယ်တော်၏အချိန် မရောက်သိမ့်သောကြောင့် မည်သူမျှ ကိုယ်တော့်ကို မဖမ်းဆီးကြ။
ငါလားမည့်နီရာသို့ သင်ရို့ မလိုက်နိုင်
21တဖန် ယေသျှုက၊ “ငါသည် လားရမည်။ သင်ရို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့ရာတွင် သင်ရို့သည် ကိုယ့်အပြစ်များကြောင့် သီဆုံးကြလိမ့်မည်။ ငါလားမည့်အရပ်သို့ သင်ရို့မလားနိုင်ကြ” ဟု မိန့်တော်မူ၏။
22ထို့ကြောင့် ယုဒအာဏာပိုင်များက “ငါလားမည့်အရပ်သို့ သင်ရို့ မလားနိုင်ကြဟု သူပြောယာ။ သူသည် သူ့ကိုယ်သူ သတ်သီလားမည်လော” ဟု ပြောဆိုကြ၏။
23ယေသျှုက “သင်ရို့သည် အောက်အရပ်က ဖြစ်ကြသော်လည်း ငါကား အထက်အရပ်က ဖြစ်၏။ သင်ရို့ကား လောကသားတိ ဖြစ်ကြသော်လည်း ငါကား လောကသားမဟုတ်။ 24ထို့အတွက်ကြောင့် သင်ရို့သည် သင်ရို့အပြစ်များကြောင့် သီဆုံးရလိမ့်မည်ဟု ငါဆို၏။ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်သည်’ ကို သင်ရို့ မယုံကြည်ကြလျှင် သင်ရို့သည် သင်ရို့အပြစ်များကြောင့် သီဆုံးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
25ထိုသူရို့က “သင်ကား ဇာသူနည်း” ဟု မိန်းလျှင်၊
ယေသျှုကလည်း “ငါသည် ဇာသူဖြစ်သည်ကို အယင်က သင်ရို့ကို ငါပြောခယာ။#၈.၂၅ ငါသည် ဇာသူဖြစ်သည်ကို အယင်က သင်ရို့ကို ငါပြောခယာ၊ သို့မဟုတ် ငါသည် သင်ရို့အားလုံးကို ဇာကြောင့် ပြောလိမ့်မည်နည်း။ 26သင်ရို့အကြောင်းကို ငါပြောဆိုစရာ၊ အပြစ်စီရင်စရာများစွာ ဟိသိမ့်၏။ ငါ့ကို စီရွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ ငါသည် ထိုအသျှင်ထံပါးက ကြားရသောအရာများကို ဤလောက၌ ငါဟောပြော၏” ဟု မိန့်တော်မူ၏။
27ယေသျှုသည် ခမည်းတော်၏အကြောင်းကို ရည်မှတ်၍ မိန့်တော်မူသည်ကို သူရို့သည် မရိပ်မိကြ။ 28ထို့နောက် ယေသျှုက “သင်ရို့သည် လူသားကို မြီကြီးမှ မြှောက်ထားသောအခါ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်သည်’ ကိုလည်းကောင်း၊ ငါသည် ကိုယ့်အခွင့်အာဏာနှင့် ဇာအမှုကိုမျှ မပြုဘဲ ခမည်းတော်က ငါ့ကို သွန်သင်တော်မူသည်အတိုင်း ငါဟောပြောသည်ကို သင်ရို့ သိကြလိမ့်မည်။ 29ငါ့ကို စီရွှတ်တော်မူသော အသျှင်သည် ငါနှင့်အတူ ဟိတော်မူ၏။ အကြောင်းမူကား ထိုအသျှင် နှစ်သက်သောအမှုကို ငါသည် အစဉ်မပြတ် လုပ်ဆောင်သည်ဖြစ်သောကြောင့် ငါ့အား တစ်ယောက်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
30ဤသို့ မိန့်တော်မူချက်ကို ကြားရသောသူအပေါင်းရို့သည် ယေသျှုကို ယုံကြည်လာကြ၏။
သမ္မာတရားအားဖြင့် လွတ်မြောက်ခြင်း
31ယေသျှုသည် ယုဒ ယုံကြည်သူရို့အား “သင်ရို့သည် ငါဟောပြောသော သွန်သင်ချက်အတိုင်း နာခံလိုက်လျှောက်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။ 32သင်ရို့သည် သမ္မာတရားကို သိပြီးလျှင် ထိုသမ္မာတရားက သင်ရို့အား လွတ်မြောက်စီလိမ့်မည်” ဟု မိန့်တော်မူ၏။
33 # မ ၃.၉; လု ၃.၈ သူရို့က “ငါရို့သည် အာဗြဟံ၏အမျိုး ဖြစ်ကြ၏။ တစ်ခါမျှ သူတစ်ပါး၏ကျွန် မဖြစ်ခဖူးပါ။ ‘သင်ရို့ လွတ်မြောက်လိမ့်မည်’ ဟု ဇာကြောင့် ပြောဆိုသနည်း” ဟု မိန်းလျှောက်ကြ၏။
34ယေသျှုက “သင်ရို့အား ငါအမှန်ဆိုသည်ကား၊ အပြစ်ကို ကျူးလွန်သော သူတိုင်းသည် အပြစ်၏ ကျွန်ဖြစ်၏။ 35ကျွန်သည် မိသားစုဝင် အစဉ်ဖြစ်သည် မဟုတ်၊ သားဖြစ်သူသာလျှင် အစဉ် ဖြစ်၏။ 36အကယ်၍ သင်ရို့အား သားတော်က လွတ်မြောက်ခွင့်ပီးလျှင် သင်ရို့သည် အမှန်ပင် လွတ်မြောက်ခြင်း ရကြလိမ့်မည်။ 37သင်ရို့သည် အာဗြဟံ၏အမျိုးဖြစ်ကြောင်း ငါသိ၏။ သို့သော်လည်း သင်ရို့သည် ငါ၏သွန်သင်ချက်ကို လက်ခံလိမ့်မည် မဟုတ်သောကြောင့် ငါ့အား သတ်ရန် ကြိုးစားကြ၏။ 38ငါသည် ငါ့ခမည်းတော် ဖော်ပြသမျှကိုသာ ငါဟောပြော၏။ သင်ရို့ကား သင်ရို့အဖ ညွှန်ကြားသည့်အတိုင်း ပြုကြ၏” ဟု မိန့်တော်မူ၏။
39ထိုသူရို့ကလည်း “အာဗြဟံသည် ငါရို့ အဖဖြစ်ပါသည်” ဟု ဆိုကြ၏။
ယေသျှုက “သင်ရို့သည် အာဗြဟံ၏ သားသမီး အစစ်အမှန် ဖြစ်ခသည်ဆိုလျှင် အာဗြဟံကဲ့သို့ ပြုကျင့်ကြလိမ့်မည်။#၈.၃၉ သင်ရို့သည် အာဗြဟံ၏ သားသမီး အစစ်အမှန် ဖြစ်ခသည်ဆိုလျှင် အာဗြဟံကဲ့သို့ ပြုကျင့်ကြလိမ့်မည်၊ တချို့သော လက်ရီးမူရင်းကျမ်းများတွင် သင်ရို့သည် အာဗြဟံ၏သားသမီး ဖြစ်သည်ဆိုလျှင် အာဗြဟံကဲ့သို့ ပြုကျင့်ကြလိမ့်မည်၊ ဟု ဖော်ပြထားသည်။ 40ဘုရားသခင်ထံပါးက ကြားနာရသမျှသော သမ္မာတရားကို သင်ရို့အား ဟောပြောသော ငါ့ကို သတ်ရန် သင်ရို့က ကြံစည်နိန်ကြ၏။ အာဗြဟံကား ဤသို့ မကျင့်ခ။ 41သင်ရို့သည် သင်ရို့အဖ ကျင့်ခသည်အတိုင်း ကျင့်တတ်ကြ၏” ဟု ပြန်၍ မိန့်တော်မူ၏။
ထိုသူရို့ကလည်း၊ “ငါရို့၌ ဘုရားသခင်တည်းဟူသော ခမည်းတော် တစ်ပါးတည်းသာ ဟိ၏။ ငါရို့သည် ထိုဘုရားသခင်၏ စစ်မှန်သော သားသမီးများဖြစ်ကြ၏” ဟု လျှောက်ဆိုကြ၏။
42ယေသျှုကလည်း “ဘုရားသခင်သည် သင်ရို့၏အဖ ဖြစ်သည်ဆိုလျှင် သင်ရို့သည် ငါ့အား ချစ်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် ဘုရားသခင်ထံတော်ပါးမှ လာပြီးလျှင် အဂု ဤနီရာ၌ ရောက်နိန်၏။ ငါသည် ကိုယ့်အခွင့်အာဏာနှင့် လာသည် မဟုတ်။ သို့သော် ဘုရာသခင်သည် ငါ့ကို စီရွှတ်တော်မူ၏။ 43သင်ရို့သည် ငါ့စကားကို နားမလည်ကြခြင်းအကြောင်းမှာ ငါ၏တရားကို နာယူနိုင်စွမ်း မဟိသောကြောင့် ဖြစ်၏။ 44သင်ရို့သည် သင်ရို့၏အဖဖြစ်သော မာရ်နတ်၏ သားသမီးများ ဖြစ်ကြသောကြောင့် သင်ရို့အဖ၏ အလိုသို့လိုက်၍ လုပ်ဆောင်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမား ဖြစ်၏။ ထိုသူသည် သစ္စာတရားမဟိ၊ သမ္မာတရားဖက်၌လည်း မနီ။ ထိုသူသည် မုသာကိုပြောသောအခါ ပင်ကိုယ်ပကတိအတိုင်း မုသာကို ပြောဆိုတတ်၏။ အကြောင်းမူကား လိမ်လည် ပြောဆိုတတ်သူဖြစ်ပြီး မုသာ၏ ဖခင်လည်းဖြစ်၏။ 45ငါသည် မှန်သောစကားကို ပြောသော်လည်း သင်ရို့သည် ငါ့အား မယုံကြည်ကြ။ 46ငါသည် အပြစ်ဟိကြောင်း ဇာသူက သက်သီ ပြနိုင်မည်နည်း။ ငါသည် မှန်သောစကားကို ပြောသော်လည်း ဇာကြောင့် ငါ့ကို မယုံကြည်ကြသနည်း။ 47ဘုရားသခင်နှင့် စပ်ဆိုင်သူသည် ဘုရားသခင်၏စကားကို နားထောင်တတ်ကြ၏။ သင်ရို့သည် ဘုရားသခင်နှင့် မစပ်ဆိုင်သည့်အတွက် နားမထောင်ကြ” ဟု မိန့်တော်မူ၏။
ယေသျှုနှင့် အာဗြဟံ
48ယုဒလူတိက ယေသျှုအား “သင်သည် ယှာမာရိလူဖြစ်ပြီး နတ်ဆိုး ဝင်ပူးခံရသူလည်း ဖြစ်သည်ဟု ငါရို့ ပြောသည်မှာ မှန်သလော” ဟု မိန်းကြ၏။
49ယေသျှုကလည်း “ငါသည် နတ်ဆိုး ဝင်ပူးခံနိန်သူ မဟုတ်။ ငါသည် ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သို့သော်လည်း သင်ရို့က ငါ့ကို ရှုတ်ချကြ၏။ 50ငါသည် ကိုယ့်ဘုန်းကို မရှာ။ သို့ရာတွင် ငါ၏ဘုန်းကို ရှာ၍ စီရင်တော်မူသောသူ ဟိသိမ့်၏။ 51ငါ အမှန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သီဆုံးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်” ဟု မိန့်တော်မူ၏။
52ယုဒလူတိကလည်း၊ “သင်သည် နတ်ဆိုး ပူးနိန်သူဖြစ်ကြောင်း အဂု ငါရို့သိရယာ။ အာဗြဟံလည်း သီလားခယာ။ ပရောဖက်တိလည်း သီလားခယာ။ ယေဒါလည်း ‘ငါ့စကားကို နားထောင်သောသူသည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်’ ဟု ဆိုသည်တကား။ 53သင်သည် သီလွန်ခသူ ငါရို့အဖ အာဗြဟံထက် ကြီးမြတ်သလော။ ပရောဖက်တိလည်း သီလွန်လားခယာ။ သင့်ကိုယ်သင် ဇာသူဟု ထင်မှတ်နိန်သနည်း” ဟု မိန်းကြ၏။
54ယေသျှုကလည်း “ငါသည် ကိုယ့်ကိုကိုယ် ချီးမြှောက်သည်ဆိုလျှင် ငါ၏ဘုန်းသည် အလာကားပင်ဖြစ်၏။ ငါ့ကို ချီမြှောက်သူကား ငါ့ခမည်းတော်ဖြစ်၏။ ထိုအသျှင်ကို သင်ရို့သည် ငါရို့၏ ဘုရားသခင် ဟု ဆိုတတ်ကြ၏။ 55ယေဒါလည်း ထိုဘုရားသခင်ကို သင်ရို့ လုံးဝ မသိကြသော်လည်း ငါမူကား သိ၏။ အကယ်၍ ငါမသိဟု ဆိုလျှင် ငါသည် သင်ရို့ကို လိမ်ပြောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားကိုလည်း နားထောင်၏။ 56သင်ရို့အဖ အဗြဟံသည် ငါကြွလာမည့် အချိန်ကာလကို မြင်ခြင်းငှာ အလိုဟိ၏။ မြင်ရသောခါ၌လည်း ဝမ်းမြောက်ဝမ်းသာ ဟိ၏” ဟု မိန့်တော်မူ၏။
57ယုဒလူရို့ကလည်း “သင်သည် အသက် ငါးဆယ်ပင် မဟိသိမ့်။ သို့ဖြစ်၍ သင်သည် အာဗြဟံကို မြင်ဖူးသလော”#၈.၅၇ သို့ဖြစ်၍ သင်သည် အာဗြဟံကို မြင်ဖူးသလော၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် အာဗြဟံသည် သင့်ကို မြင်ဖူးသလော၊ ဟု ဖော်ပြထားသည်။ ဟု ဆိုကြ၏။
58ယေသျှုက “ငါ အမှန်ဆိုသည်ကား၊ အာဗြဟံ မမွီးဖွားခင် ငါဟိ၏” ဟု မိန့်တော်မူ၏။
59ထိုအခါ သူရို့သည် ကိုယ်တော့်အား ပစ်ရန် ကျောက်ခဲများကို ကောက်ယူကြ၏။ သို့သော်လည်း ယေသျှုသည် တိမ်းယှောင်၍ ဗိမာန်တော်မှ ထွက်လားတော်မူ၏။

ಪ್ರಸ್ತುತ ಆಯ್ಕೆ ಮಾಡಲಾಗಿದೆ:

ယောဟန် 8: NTRKB24

Highlight

ಶೇರ್

ಕಾಪಿ

None

Want to have your highlights saved across all your devices? Sign up or sign in