တ~မန်~တော်~ဝ~တ္ထု။ 7

7
1ပ ရော ဟိတ် မင်း က လည်း ထို အ ကြောင်း အ ရာ များ ဟုတ် မှန် သ လော ဟု မေး သည့် ကာ လ၊ 2သ တေ ဖန် က အ ချင်း ညီ အစ် ကို၊ အ ဘ တို့၊ ကြား နာ ကြ ကုန်၊ ငါ တို့ အ ဘ အာ ဗြ ဟံ သည် ခါ ရန် မြို့ တွင် မ နေ မ ထိုင် မီ မေ​ သော ပေါ တာ မိ ပြည်၌ ရှိ နေ စဉ် ဘုန်း ကြီး တော် မူ သော ဘု ရား သ ခင် ထင် ရှား လျက်၊ 3သင်၏ ပြည်၊ သင်၏ ဆွေ မျိုး သား ချင်း တို့ ဘောင် မှ ထွက်၍ ငါ ပြ လ တ္တံ့ သော ပြည် သို့ သွား လော့ ဟု ဗျာ ဒိတ် တော် ရှိ သော်၊ 4ခါ လ ဒဲ တိုင်း ပြည် မှ ထွက် ပြီး လျှင် ခါ ရန် မြို့ တွင် နေ ထိုင်၏။ ထို နောက် အ ဘ သေ လွန် သည့် အ ခါ ထို အ ရပ် မှ ယ ခု သင် တို့ နေ ထိုင် ကြ သော ဤ ပြည် သို့ ဘု ရား သ ခင် ရွှေ့ ပြောင်း စေ တော် မူ ရာ၊ 5ဖ ဝါး ချ ရာ ကို မျှ ပိုင် စေ တော် မ မူ သော် လည်း သား မ ရှိ မီ က ပင် ဤ ပြည် ကို သူ မှ စ၍ အ ဆက် အ နွယ် တို့ အား အ ပိုင် ပေး မည် ဟု က တိ ထား တော် မူ ၏။ 6ဘု ရား သ ခင် က လည်း အာ ဗြ ဟံ ၏ အ မျိုး အ နွယ် သည် နိုင် ငံ ခြား တွင် ဝင် နေ လျက်၊ နှစ် ပေါင်း လေး ရာ ပတ် လုံး ကျွန် အ ဖြစ် နှိပ် စက် ခြင်း ခံ ရ ကြ မည် ဟူ၍ လည်း ကောင်း၊ 7ကျွန် စေ စား သော လူ မျိုး ကို ငါ ဒဏ် စီ ရင် ပြီး နောက် သူ တို့ သည် ထွက် လွတ်၍ ဤ ဌာ န တွင် ငါ့ အား ဝတ် ပြု ရ ကြ မည် ဟူ၍လည်း ကောင်း ဗျာ ဒိတ် ပေး သည့် ပြင်၊ 8လှီး ဖြတ် ခြင်း ဆိုင် ရာ ပ ဋိ ညာဉ် ကို ပေး တော် မူ၏။ သို့ နှင့် အ ညီ အာ ဗြ ဟံ သည် ဣ ဇက် ကို ရ၍ ရှစ် ရက် လည် သော နေ့ တွင် လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး လေ၏။ ဣ ဇက် သည် ယာ ကုပ် ကို လည်း ကောင်း၊ ယာ ကုပ် သည် အ မျိုး အ ဘ တစ် ဆယ့် နှစ် ပါး ကိုလည်း ကောင်း ရ၏။ 9ထို အ မျိုး အ ဘ တို့ သည် ယော သပ် ကို ငြူ စူ၍ အိ ဂျစ် ပြည် သို့ ရောင်း စား လိုက် ကြ ရာ၊ 10ဘု ရား သ ခင် သည် သူ နှင့် အ တူ ရှိ လျက် ခံ ရ သော ဆင်း ရဲ ဒု က္ခ အ မျိုး မျိုး မှ ကယ် နုတ် ပြီး လျှင် အိ ဂျစ် ပြည့် ရှင် ဖာ ရော မင်း ရှေ့ မျက် နှာ သာ ရ စေ ၍ ဉာဏ် ပ ညာ ကို သ နား တော် မူ သ ဖြင့် ထို မင်း သည် အိ ဂျစ် ပြည် ပေါ် တွင် နန်း တော် ပါ ဘု ရင် ခံ ခန့် ထား လေ ၏။ 11အိ ဂျစ် ပြည် နှင့် ခါ နာန် ပြည် တစ် ဝှမ်း လုံး တွင် အ စာ ခေါင်း ပါး ခြင်း၊ ကြီး စွာ သော ဒု က္ခ ဆင်း ရဲ ခြင်း သင့် ရောက် ရာ၊ 12အ မျိုး အ ဘ တို့၌ စား နပ် ရိ က္ခာ မ ရှိ ကြ၍ အိ ဂျစ် ပြည် တွင် စ ပါး ရှိ ကြောင်း ယာ ကုပ် ကြား သော် ပ ထ မ အ ကြိမ် ငါ တို့ ဘိုး ဘေး များ ကို စေ လွှတ် ပြီး နောက်၊ 13ဒု တိ ယ အ ကြိမ် ယော သပ် သည် ညီ အစ် ကို တို့ အား ကိုယ် ကို သိ စေ သ ဖြင့် ယော သပ်၏ အ မျိုး ဇာ တိ ကို ဖာ ရော မင်း သိ မြင်၏။ 14ထို အ ခါ ယော သပ် သည် အ ဘ ယာ ကုပ် နှင့် တ ကွ အ မျိုး သား ချင်း ရှိ သ မျှ လူ ဦး ရေ ခု နစ် ဆယ့် ငါး ယောက် ကို ခေါ် စေ သည့် အ တိုင်း၊ 15အိ ဂျစ် ပြည် သို့ ယာ ကုပ် ရောက် ပြီး နောက် ထို ပြည် တွင် သူ မှ စ၍ ငါ တို့ ဘိုး ဘေး များ သေ လွန် ကြ သည့် ကာ လ၊ 16အ လောင်း များ ကို ရှေ ခင် မြို့ တွင် ဟာ မော်၏ အ မျိုး သား တို့ ထံ တန် ဖိုး နှင့် အာ ဗြ ဟံ ဝယ် ခဲ့ သော သင်္ချိုင်း ဂူ သို့ ပို့ သွင်း ကြ ၏။ 17-18အာ ဗြ ဟံ အား ဘု ရား သ ခင် ထား တော် မူ ခဲ့ သော က တိ တော် အ ချိန် နီး သော် ယော သပ် ကို မ သိ သော ဘုရင် တစ် ပါး မ ပေါ် မီ အိ ဂျစ် ပြည် တွင် လူ မျိုး တော် ပေါက် ပွား များ ပြား သ ဖြင့်၊ 19ထို ဘု ရင် သည် လိ မ္မာ စွာ ပြု မူ၍ သူ ငယ် တို့ ကို အ သက် မ ရှည် အောင် ပစ် ထား ကြ စေ ရန်၊ ငါ တို့ ဘိုး ဘေး များ ကို ညှဉ်း ပန်း လေ၏။ 20ထို ကာ လ အ လွန် အ ဆင်း လှ သော မော ရှေ ကို ဖွား မြင် ရာ အ ဘ အိမ် တွင် သုံး လ တိုင် တိုင် မွေး မြူ ပြီး မှ ပစ် ထား ရ သော်၊ 21ဖာ ရော မင်း၏ သ မီး တော် ယူ၍ သား အ ဖြစ် မွေး မြူ သ ဖြင့်၊ 22မော ရှေ သည် အိ ဂျစ် ပြည် အ တတ် ဟူ သ မျှ ကို သင် ကြား လျက် နှုတ် သ တ္တိ၊ လက် သ တ္တိ နှင့် ပြည့် စုံ သူ ဖြစ်၏။ 23အ သက် လေး ဆယ် ရှိ သော် ညီ အစ် ကို ချင်း ဖြစ် သော ဣ သ ရေ လ အ မျိုး သား တို့ ထံ ကြည့် ရှု လို သော အ ကြံ နှင့် သွား ပြီး လျှင်၊ 24မ တ ရား သ ဖြင့် ခံ ရ သူ တစ် ယောက် ကို တွေ့ မြင် ရာ ကွယ် ကာ၍ နှိပ် စက် သူ အိ ဂျစ် ပြည် သား ကို လက် စား ချေ လျက် ရိုက် သတ် လေ၏။ 25ကိုယ့် လက် ဖြင့် ဘေး လွတ် ခွင့် ကို ဘု ရား သ ခင် သ နား တော် မူ ကြောင်း ဆွေ မျိုး သား ချင်း တို့ နား လည် ကြ မည် ဟု မော ရှေ အောက် မေ့ သော် လည်း နား မ လည် ကြ သည် နှင့်၊ 26နောက် နေ့၌ ခိုက် ရန် ဖြစ် လျက် နေ သူ တို့ ရှိ ရာ သို့ ရောက် သော် အ ချင်း တို့၊ သင် တို့ သည် ညီ အစ် ကို ချင်း ဖြစ် လျက် အ ဘယ် ကြောင့် တစ် ယောက် ကို တစ် ယောက် မ တ ရား သ ဖြင့် ပြု ကြ သ နည်း ဟု ဖျန် ဖြေ လို၍ ဆို သည့် ကာ လ၊ 27အ ပေါင်း အ ဖော် ကို မ တ ရား သ ဖြင့် ပြု သူ က ငါ တို့ အ ပေါ် တွင် သင့် ကို အုပ် ချုပ် သူ အ ဖြစ်၊ တ ရား သူ ကြီး အ ဖြစ်၊ မည် သူ ခန့် ထား သ နည်း။ 28ယ မန် နေ့ က အိ ဂျစ် ပြည် သား ကို သတ် ပစ် သည့် နည်း တူ ငါ့ ကို လည်း သတ် လို သ လော ဟု ဆို လျက် မော ရှေ ကို ဖယ် လိုက် ၏။ 29ထို စ ကား ကို ကြား သော် မော ရှေ သည် ထွက် ပြေး ၍ မိ ဒျန် ပြည် တွင် ခို ဝင် နေ ရာ သား နှစ် ယောက် ရ၏။ 30နှစ် ပေါင်း လေး ဆယ် ပြည့် သော် သိ နာ တောင် အ နီး ရှိ သဲ တော၌ မီး တောက် သော ချုံ တွင် စေ တ မန် တော် တစ် ပါး ထင် ရှား သည် ကို၊ 31မော ရှေ မြင် သည့် ကာ လ အံ သြ လျက် ကြည့် ရှု ရန် ချဉ်း ကပ် ရာ၊ 32ငါ သည် သင့် ဘိုး ဘေး တို့၏ ဘု ရား၊ အာ ဗြ ဟံ၊ ဣ ဇက်၊ ယာ ကုပ် တို့ ဘု ရား ဖြစ် သည် ဟု ထာ ဝ ရ ဘု ရား ၏ ဗျာဒိတ် တော် သံ ရောက် လာ သ ဖြင့် တုန် လှုပ် လျက် မ ကြည့် ဝံ့ ချေ။ 33ထာ ဝ ရ ဘု ရား က လည်း သင် ရပ် တန့် သော နေ ရာ ကား သန့် ရှင်း သော မြေ ဖြစ် သော ကြောင့် ဖိ နပ် ကို ချွတ် လော့။ 34အိ ဂျစ် ပြည် တွင် ရှိ သော ငါ့ လူ မျိုး၏ ညှဉ်း ပန်း ခံ ရ ခြင်း ကို ဒိ ဋ္ဌ ငါ မြင်၍ မြည် တမ်း သံ ကို လည်း ကြား ရ သည့် အ တွက် ကယ် လွှတ် ရန် ငါ သက် ဆင်း ပြီ။ ယ ခု ပင် အိ ဂျစ် ပြည် သို့ သင့် ကို ငါ စေ လွှတ် မည် ဟု မိန့် တော် မူ၏။ 35ချုံ တွင် ထင် ရှား သော စေ တ မန် တော် ထက် ကြပ် နှင့် အုပ် ချုပ် သူ၊ ကယ် နုတ် သူ အ ဖြစ်၊ ဘု ရား သ ခင် စေ လွှတ် တော် မူ သော ထို မော ရှေ ကား သင့် ကို အုပ် ချုပ် သူ တ ရား သူ ကြီး အ ဖြစ် မည် သူ ခန့် ထား သ နည်း ဟူ၍ အ ငြင်း အ ပယ် ခံ ရ သူ ပင် တည်း။ 36ထို မော ရှေ လည်း အိ ဂျစ် ပြည်၌ လည်း ကောင်း၊ ပင် လယ် နီ၌ လည်း ကောင်း၊ သဲ က န္တာ ရ၌ လည်း ကောင်း၊ နှစ် ပေါင်း လေး ဆယ် အ တွင်း အံ့ ဖွယ် ရာ များ၊ နိ မိတ် လ က္ခ ဏာ များ ကို ပြု မူ ပြ သ လျက် လူ မျိုး တော် ကို ထုတ် ဆောင် သူ၊ 37သင် တို့ ဆွေ မျိုး သား ချင်း အ နက် ပ ရော ဖက် တစ် ပါး ကို ငါ ကဲ့ သို့ ဘု ရား သ ခင် ပေါ် ထွန်း စေ တော် မူ မည် ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ပြော ဆို သူ၊ 38သဲ က န္တာ ရ၌ အ စည်း အ ဝေး တော် ရှိ စဉ် သိ နာ တောင် ပေါ် တွင် ဗျာ ဒိတ် ပေး သော စေ တ မန် တော် နှင့် လည်း ကောင်း၊ ငါ တို့ ဘိုး ဘေး များ နှင့် လည်း ကောင်း သက် ဝင် လျက် အ ကျွန်ုပ် တို့ အား ဆင့် ဆို ရန် အ သက် တည် ရာ ဗျာ ဒိတ် တော် များ ကို ခံ ရ သူ ပင် တည်း။ 39ဘိုး ဘေး များ တို့ မှာ မူ မ လိုက် မ နာ လို ဘဲ ငြင်း ပယ် လျက်၊ 40အိ ဂျစ် ပြည် သို့ ပြန် မည် ကြံ စည် ကြ၏။ အာ ရုန် အား လည်း ငါ တို့ ရှေ့ က ကြွ သွား မည့် ဘု ရား များ ကို လုပ် ပေး ပါ။ ငါ တို့ ကို အိ ဂျစ် ပြည် မှ ဆောင် ခဲ့ သော မော ရှေ ဆို သူ၌ မည် သို့ ဖြစ် သည် ကို မ သိ ပါ ဟု လျှောက် လျက်၊ 41ထို နေ့ ရက် ကာ လ နွား ရုပ် ပုံ ကို လုပ်၍ ပူ ဇော် သ က္ကာ သွင်း ဆက် ပြီး လျှင် ကိုယ့် လက် ဖြစ် ကြောင့် ရွှင် လန်း ကြ၏။ 42-43သို့ ဖြစ်၍ အို ဣ သ ရေ လ အ မျိုး သား တို့၊ သဲ က န္တာ ရ၌ နေ သော နှစ် ပေါင်း လေး ဆယ် အ တွင်း ယဇ် နှင့် ပူ ဇော် သ က္ကာ များ ကို ငါ့ အား ဆက် ကပ် ရ ကြ သ လော။ မော လုပ် နတ် စင် နှင့် ရေ ဖန် ဘု ရား၏ ကြယ် တည်း ဟူ သော ရှိ ခိုး ရန် ကိုယ် တိုင် ထု လုပ် ခဲ့ ရာ ရုပ် ထု များ ကို ပင့် ဆောင် သူ သင် တို့ ကို ဗာ ဗု လုန် မြို့ လွန် အောင် ငါ ယူ သွား မည် ဟု ပ ရော ဖက် ကျမ်း တွင် ရေး ထား သည့် အ တိုင်း ဘု ရား သ ခင် မျက် နှာ တော် လွှဲ ပြီး လျှင် က မ္ဘာ့ တန် ဆာ အား ဝတ် ပြု ကြ စေ ရန် အပ် လိုက် တော် မူ ၏။ 44ဘိုး ဘေး တို့ မှာ မြင် ခဲ့ ရာ ပုံ စံ နှင့် အ ညီ လုပ် ရ မည် ဟု မော ရှေ အား မိန့် ဆို စီ မံ တော် မူ ခဲ့ သည့် အ တိုင်း သက် သေ တော် ရှိ တဲ တော် ကို သဲ က န္တာ ရ၌ ရ ကြ သည့် ပြင်၊ 45၎င်း တို့ ရှေ့ က ဘု ရား သ ခင် နှင် ထုတ် တော် မူ သော လူ မျိုး ခြား တို့ ကို ယော ရှု နှင့် တ ကွ တိုက် ယူ ကြ သည့် ကာ လ၊ ထို တဲ တော် ကို ဆောင် သွင်း၍ ဒါ ဝိဒ် မင်း လက် ထက် တိုင် ဆက် ခံ ရ ကြ ပြီး နောက်၊ 46ဒါ ဝိဒ် မင်း သည် ဘု ရား သ ခင် ရှေ့ တော် တွင် မျက် နှာ သာ ရ၍ ယာ ကုပ် လူ မျိုး၏ ဘု ရား အ ဖို့ စံ ရာ တော် တည် ဆောက် ခွင့် တောင်း လျှောက် သည့် အ တိုင်း၊ 47ရှော လ မုန် မင်း တည် ဆောက် ရ ၏။ 48-50သို့ ရာ တွင် ထာ ဝ ရ ဘု ရား က မိုး ကောင်း ကင် သည် ငါ့ ပ လ္လင်၊ မြေ ကြီး လည်း ငါ့ ခြေ တင် ရာ ဖြစ် သည် နှင့် မည် သို့ သော ဗိ မာန် ကို ငါ့ အ ဖို့ တည် ဆောက် ကြ မည် နည်း။ မည် သို့ သော နေ ရာ၌ ငါ ကိန်း ဝပ် ရာ ကို ဖြစ် စေ ကြ မည် နည်း။ ဤ အ ရာ ခပ် သိမ်း ကို ငါ့ လက် ဖြင့် ဖန် ဆင်း သည် မ ဟုတ် လော ဟူ သော အ မိန့် တော် ကို ပ ရော ဖက် ဆင့် ဆို သည့် အ တိုင်း မြင့် မြတ် သော အ ရှင် သည် လက် လုပ် ဖြစ် သော ဗိ မာန် တွင် ကိန်း ဝပ် တော် မူ သည် မ ဟုတ်။ 51စိတ် ခဲ ယဉ်း ၍ နှ လုံး၌ လည်း ကောင်း၊ နား ၌ လည်း ကောင်း၊ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သော အ ချင်း တို့၊ သင် တို့ သည် ဘိုး ဘေး များ အ လိုက် သန့် ရှင်း သော ဝိ ညာဉ် တော် ကို အ စဉ် ခု ခံ ကြ သည် တ ကား။ 52-53မည် သည့် ပ ရော ဖက် ကို မျှ ဘိုး ဘေး များ မ ညှဉ်း ပန်း ဘဲ နေ ဘူး ကြ သ နည်း။ ထို သူ တို့ သည် ဖြောင့် မတ် သော အ ရှင် ပေါ် ထွန်း တော် မူ မည့် အ ကြောင်း တင် ကူး ဖော် ပြ သူ တို့ ကို ကွပ် မျက် ကြ သည့် နည်း တူ၊ စေ တ မန် တော် တို့ ဆင့် ဆို ခဲ့ သော ပ ညတ် တ ရား တော် ကို ခံ ရ လျက် မ စောင့် မ ရှောက် ဘဲ နေ သော သင် တို့ လည်း ထို အ ရှင် ကို ယ ခု ပင် ပို့ အပ် ကွပ် မျက် ကြ လေ စွ တ ကား ဟု ပြော ဆို လေ၏။
54ထို စ ကား ကြောင့် သူ တို့ စိတ် နှ လုံး ထိ ခိုက်၍ အံ ကြိတ် ကြ ရာ၊ 55သ တေ ဖန် သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ကောင်း ကင် သို့ မျှော် ကြည့် စဉ် ဘု ရား သ ခင့် ဘုန်း တော် ကိုလည်း ကောင်း၊ ဘု ရား သ ခင့် ညာ ဘက် တော် မှာ ယေ ရှု ရပ် နေ တော် မူ သည် ကိုလည်း ကောင်း မြင် သ ဖြင့်၊ 56ကောင်း ကင် ပွင့်၍ ဘု ရား သ ခင် ညာ ဘက် တော် မှာ လူ သား ရပ် နေ တော် မူ သည် ကို မြင် ပါ သည် ဟု ဆို သည့် ကာ လ၊ 57ထို သူ တို့ သည် ပြင်း စွာ အော် ဟစ် လျက်၊ နား ပိတ် လျက်၊ သ တေ ဖန် ထံ တစ် ဟုန် တည်း ပြေး ဝင်၍၊ 58မြို့ ပြင် သို့ ထုတ် ပြီး လျှင် ခဲ နှင့် ပစ် ခတ် ကြ သော် သက် သေ တို့ သည် ကိုယ့် အင်္ကျီ များ ကို ရှော လု အ မည် ရှိ သော ငယ် ရွယ် သူ၏ ခြေ ရင်း တွင် ချ ထား ကြ၏။ 59ပစ် လျက် နေ ကြ စဉ် သ တေ ဖန် သည် အို အ ရှင် ယေ ရှု၊ အ ကျွန်ုပ် ဝိ ညာဉ် ကို လက် ခံ တော် မူ ပါ ဟု ဟစ် ခေါ် တောင်း လျှောက် ပြီး လျှင် ဒူး ထောက် လျက်၊ 60အ ရှင် ဘု ရား၊ ဤ ပြစ် ဝန် ကို သူ တို့ အ ပေါ် တွင် တင် တော် မ မူ ပါ နှင့် ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် ပြီး နောက် အိပ် ပျော် ရှာ လေ ၏။

ಪ್ರಸ್ತುತ ಆಯ್ಕೆ ಮಾಡಲಾಗಿದೆ:

တ~မန်~တော်~ဝ~တ္ထု။ 7: GHB

Highlight

ಹಂಚಿಕೊಳ್ಳಿ

ಕಾಪಿ

None

Want to have your highlights saved across all your devices? Sign up or sign in