ရှင်မဿဲ 1

1
ယေ​ရှု​ခ​ရစ်​၏​ဆွေ​စဉ်​မျိုး​ဆက်
(လု၊ ၃:၂၃-၃၈)
1အာ​ဗြ​ဟံ​နှင့် ဒါ​ဝိဒ်​တို့​မှ​ဆင်း​သက်​တော်​မူ​သော ယေ​ရှု​ခ​ရစ်၏ ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ဟူ​မူ​ကား၊- 2အာ​ဗြ​ဟံ​သား ဣ​ဇာက်။ ဣ​ဇာက်​သား ယာ​ကုပ်။ ယာ​ကုပ်​သား ယု​ဒ​မှ​စ၍ ညီ​နောင်​တစ်​စု။- 3ယု​ဒ​သည် မိ​မိ​ခင်​ပွန်း တာ​မာ​တွင်​မြင်​သော သား​ဖာ​ရက်​နှင့် ဇာ​ရ။ ဖာ​ရက်​သား ဟေ​ဇ​ရုံ။ ဟေ​ဇ​ရုံ​သား အာ​ရံ။- 4အာ​ရံ​သား အ​မိ​န​ဒပ်။ အ​မိ​န​ဒပ်​သား နာ​ရှုန်။ နာ​ရှုန်​သား စာ​လ​မုန်။- 5စာ​လ​မုန်​သည် မိ​မိ​ခင်​ပွန်း​ရာ​ခပ်​တွင် မြင်​သော​သား ဗော​ဇ။ ဗော​ဇ​သည် မိ​မိ​ခင်​ပွန်း​ရု​သ​တွင် မြင်​သော​သား ဩ​ဗက်။ ဩ​ဗက်​သား ယေ​ရှဲ။ ယေ​ရှဲ​သား ဒါ​ဝိဒ်​မင်း​ကြီး​တည်း။
6ဒါ​ဝိဒ်​မင်း​ကြီး​သည် ဥ​ရိ​ယ၏​ခင်​ပွန်း​ဖြစ်​ဖူး​သော မိန်း​မ​တွင် မြင်​သော​သား ရှော​လ​မုန်။- 7ရှော​လ​မုန်​သား ရော​ဗောင်။ ရော​ဗောင်​သား အ​ဘိ​ယ။ အ​ဘိ​ယ​သား အာ​သ။- 8အာ​သ​သား ယော​ရှ​ဖတ်။ ယော​ရှ​ဖတ်​သား ယ​ဟော​ရံ။ ယ​ဟော​ရံ​သား ဩ​ဇိ။#တ​ရား၊ ၁၅:၂၁။ 9ဩ​ဇိ​သား ယော​သံ။ ယော​သံ​သား အာ​ခတ်။ အာ​ခတ်​သား ဟေ​ဇ​ကိ။- 10ဟေ​ဇ​ကိ​သား မ​နာ​ရှေ။ မ​နာ​ရှေ​သား အာ​မုန်။ အာ​မုန်​သား ယော​ရှိ။- 11ယော​ရှိ​သား ယော​ယ​ကိမ်။ ယော​ယ​ကိမ်​သည် ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​ခါ​နီး​တွင်​မြင်​သော​သား ယေ​ခေါ​နိ​မှ​စ၍ ညီ​နောင်​တစ်​စု​တည်း။#၄ ရာ၊ ၂၄:၁၄-၁၅။ ၆ ရာ၊ ၃၆:၁၀။ ယေ၊ ၂၇:၂၀။
12ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​သည်​နောက်၊ ယေ​ခေါ​နိ​သား ရှာ​လ​သေ​လ။ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ။- 13ဇေ​ရု​ဗ​ဗေ​လ​သား အ​ဗျုဒ်။ အ​ဗျုဒ်​သား ဧ​လျာ​ကိမ်။ ဧ​လျာ​ကိမ်​သား အာ​ဇော်။- 14အာ​ဇော်​သား ဇာ​ဒုတ်။ ဇာ​ဒုတ်​သား အာ​ခိမ်။ အာ​ခိမ်​သား ဧ​လုဒ်။- 15ဧ​လုဒ်​သား ဧ​လာ​ဇာ။ ဧ​လာ​ဇာ​သား မဿန်။ မဿန်​သား ယာ​ကုပ်။- 16ယာ​ကုပ်​မြင်​သော​သား​ကား၊ မာ​ရိ၏​ခင်​ပွန်း​ယော​သပ်​တည်း။ ထို​မာ​ရိ​သည် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သ​မုတ်​သော ယေ​ရှု၏​မယ်​တော်​ဖြစ်၏။
17ဤ​သို့​လျှင်၊ မျိုး​စဉ်​နွယ်​ဆက်​ပေါင်း​ကား၊ အာ​ဗြ​ဟံ​မှ​သည် ဒါ​ဝိဒ်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက်၊ ဒါ​ဝိဒ်​မှ​သည် ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​သည်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက်၊ ဗာ​ဗု​လုန်​မြို့​သို့ ပြောင်း​ပြီး​မှ​သည် ခ​ရစ်​တော်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက် ဖြစ်​သ​တည်း။-
ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ခြင်း
(လု၊ ၂:၁-၇)
18ယေ​ရှု​ခ​ရစ်​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ မယ်​တော်​မာ​ရိ​သည် ယော​သပ်​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍ မ​ယှက်​တင်​မီ​တွင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့် ပ​ဋိ​သ​န္ဓေ​စွဲ​နေ၏။#လု၊ ၁:၂၇။ 19သူ၏​ခင်​ပွန်း​ယော​သပ်​သည် သူ​တော်​ကောင်း​ဖြစ်၍၊ မာ​ရိ​အ​သ​ရေ​ကို မ​ပျက်​စေ​ချင်​သော​ကြောင့် တိတ်​ဆိတ်​စွာ​စွန့်​ပယ်​မည်​ဟု အ​ကြံ​ရှိ၏။- 20ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။- 21သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​လူ​တို့​ကို​အ​ပြစ်​မှ ကယ်​ချွတ်​မည်​သူ ဖြစ်​သော​ကြောင့်၊ ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု ကောင်း​ကင်​တ​မန်​ဆို၏။-#လု၊ ၁:၃၁။ ဆာ၊ ၁၃၀း၈။
22ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ဖြင့် ထား​တော်​မူ​သော ဗျာ​ဒိတ်​တော် ပြည့်​စုံ​မည် အ​ကြောင်း​အ​တည်း။- 23ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​ကြ​လ​တ္တံ့​ဟု လာ​သ​တည်း။ ဧ​မာ​နွေ​လ​အ​နက်​ကား ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ဟု ဆို​လို​သ​တည်း။-#ဟေ​ရှာ၊ ၇:၁၄။ 24ယော​သပ်​သည် အိပ်​ပျော်​ရာ​မှ​နိုး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန် မှာ​ထား​သည်​အ​တိုင်း​ပြု၍ မိ​မိ​ခင်​ပွန်း​ကို ထိန်း​သိမ်း​လေ၏။- 25သို့​သော်​လည်း၊ သား​ဦး ကို မ​ဖွား​မီ​တိုင်​အောင် သံ​ဝါ​သ​မ​ပြု​ဘဲ​နေ၏။ ထို​သား​ကို​လည်း ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။#လု၊ ၂:၂၁။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in