ကမ္ဘာဦး 7
7
ရေလွှမ်းမိုးခြင်း
1ထိုနောက်ထာဝရဘုရားကနောဧအား``သင် နှင့်တကွ သင်၏မိသားစုအားလုံးတို့သင်္ဘောထဲ သို့ဝင်ကြစေ။ ကမ္ဘာပေါ်တွင်သင်တစ်ယောက်တည်း သာ သူတော်ကောင်းဖြစ်ကြောင်းငါတွေ့မြင်ရ၏။- 2သင်နှင့်အတူသန့်စင်သောတိရစ္ဆာန်များမှတစ် မျိုးလျှင် ခုနစ်စုံစီကိုခေါ်ဆောင်လော့။ မသန့်စင် သောတိရစ္ဆာန်များမှ တစ်မျိုးလျှင်အထီးနှင့် အမတစ်စုံစီကိုသာခေါ်ဆောင်ရမည်။- 3ငှက်တစ်မျိုးလျှင်ခုနစ်စုံစီကိုလည်းခေါ်ဆောင် လော့။ တိရစ္ဆာန်နှင့်ငှက်များမြေကြီးပေါ်တွင် အသက်ရှင်၍မျိုးပွားနိုင်စေရန်ဤသို့ပြု လုပ်လော့။- 4ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။- 5နောဧသည်လည်းထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်လေ၏။
6ကမ္ဘာမြေကြီးပေါ်၌ရေလွှမ်းမိုးသောအခါ နောဧသည်အသက်ခြောက်ရာရှိသတည်း။- 7နောဧနှင့်သူ၏မယား၊ သားများနှင့်ချွေးမ များသည် ရေလွှမ်းမိုးခြင်းဘေးမှလွတ်မြောက် ရန်သင်္ဘောထဲသို့ဝင်ရောက်ကြ၏။-#မ၊ ၂၄:၃၈-၃၉။ လု၊ ၁၇:၂၇။ 8-9ဘုရားသခင်မိန့်မှာသည့်အတိုင်းသန့်စင်သော တိရစ္ဆာန်နှင့်ငှက်၊ မသန့်စင်သောတိရစ္ဆာန်နှင့်ငှက်မှ တစ်မျိုးလျှင် အဖိုနှင့်အမအစုံတို့သည် နောဧနှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။- 10ခုနစ်ရက်ကြာသော်ကမ္ဘာမြေကြီးပေါ်တွင် ရေလွှမ်းလေ၏။
11နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယ လတစ်ဆယ့်ခုနစ်ရက်နေ့၌သမုဒ္ဒရာစမ်းပေါက် တို့ပွင့်လေ၏။ မိုးကောင်းကင်ရေတံခါးအားလုံး တို့လည်းပွင့်သဖြင့်၊-#၂ပေ၊ ၃:၆။ 12ကမ္ဘာမြေကြီးတွင်အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးရွာသွန်းလေ၏။- 13ထိုနေ့၌ပင်နောဧနှင့်သူ၏မယား၊ သားသုံး ယောက်ဖြစ်ကြသောရှေမ၊ ဟာမ၊ ယာဖက်နှင့် သူတို့၏မယားတို့သည်သင်္ဘောထဲသို့ဝင်ကြ၏။- 14တိရစ္ဆာန်အယဉ်အရိုင်း၊ အကြီးအငယ်အမျိုး မျိုးနှင့် ငှက်အမျိုးမျိုးတို့သည်လည်း သူတို့ နှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။- 15-16ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သက် ရှိသတ္တဝါတစ်မျိုးစီမှအဖိုနှင့်အမအစုံ တို့သည် နောဧနှင့်သင်္ဘောထဲသို့ဝင်ကြ၏။ နောဧ သင်္ဘောထဲသို့ဝင်ပြီးနောက်ထာဝရဘုရားသည် တံခါးကိုပိတ်တော်မူ၏။
17အရက်လေးဆယ်ကြာမျှကမ္ဘာမြေကြီးပေါ် တွင် ဆက်လက်၍ရေလွှမ်းမိုးလာရာသင်္ဘောသည် မြေပေါ်မှကြွတက်၏။- 18ရေပို၍နက်လာသောအခါ သင်္ဘောသည်ရေပေါ် ၌ပေါ်လာ၏။- 19ရေနက်သည်ထက်နက်လာပြန်သဖြင့် အမြင့် ဆုံးသောတောင်တို့သည်ပင်လျှင်ရေမြုပ်ကြ ကုန်၏။- 20ထိုနောက်တောင်ထိပ်များအထက်သို့နှစ်ဆယ့် ငါးပေအထိရေတက်လာလေ၏။- 21ထိုအခါကမ္ဘာမြေကြီးပေါ်မှလူ၊ တိရစ္ဆာန်၊ ငှက် စသောသက်ရှိသတ္တဝါအပေါင်းတို့သည်သေ ကြေပျက်စီးကြကုန်၏။- 22သို့ဖြစ်၍အသက်ရှင်သမျှသောသတ္တဝါတို့ သေကြေကြကုန်၏။- 23ထာဝရဘုရားသည် လူ၊ တိရစ္ဆာန်၊ ငှက်စသော သက်ရှိသတ္တဝါအပေါင်းတို့ကိုသုတ်သင်ဖျက် ဆီးတော်မူ၏။ သင်္ဘောပေါ်၌နောဧနှင့်အတူ ရှိသမျှတို့သာလျှင်အသက်ချမ်းသာရာ ရကြ၏။- 24မြေပြင်ပေါ်တွင် ရက်ပေါင်းတစ်ရာ့ငါးဆယ် ပတ်လုံးရေလွှမ်းလျက်ရှိနေ၏။
Valið núna:
ကမ္ဘာဦး 7: BCL
Áherslumerki
Deildu
Afrita
Want to have your highlights saved across all your devices? Sign up or sign in
© 2005 Bible Society of Myanmar