ယောဟန် 2

2
ကာနမြို့မှ မင်္ဂလာဆောင်
1နောက်နှစ်ရက်ကြာသောအခါ ဂါလိလဲပြည်၊ ကာနမြို့၌ ထိမ်းမြားမင်္ဂလာပွဲ ကျင်းပရာ ယေသျှု၏မယ်တော်သည် ထိုနီရာ၌ ဟိတော်မူ၏။ 2ယေသျှုနှင့် တပည့်တော်ရို့ကိုလည်း ဖိတ်ကြ၏။ 3စပျစ်ရည်ကုန်လားသောအခါ ယေသျှု၏မယ်တော်က “သူရို့မှာ စပျစ်ရည် ကုန်လားယာ” ဟု ကိုယ်တော်အား ပြောလေ၏။
4ယေသျှုကလည်း “မယ်တော်၊ ဇာအမှုကို ပြုရမည်ကို ငါ့အား မပြောပါကေ့။ ငါ့အချိန်မရောက်သိမ့်” ဟု မိန့်တော်မူ၏။
5ထိုအခါ မယ်တော်ကလည်း “သူစီခိုင်းသမျှကို လုပ်ဆောင်ကြလော့” ဟု အခိုင်းအစီတိအား မှာထားလေ၏။
6ထိုနီရာ၌ ယုဒအမျိုးသားရို့၏ ဘာသာဓလေ့အရ စင်ကြယ်ခြင်းအဖို့အလို့ငှာ ရီနှစ်ထမ်း သုံးထမ်းခန့် ဝင်သောကျောက်ရီအိုး ခြောက်အိုးဟိ၏။ 7ယေသျှုက “ဤရီအိုးများတွင် ရီအပြည့်ဖြည့်လော့” ဟု အခိုင်းအစီရို့အား မိန့်တော်မူလျှင်၊ သူရို့သည် ရီအိုး နှုတ်ခမ်းအထိ ရီအပြည့်ဖြည့်ကြ၏။ 8ထို့နောက် ကိုယ်တော်သည် ထိုသူရို့အား “အဂု၊ ရီအချို့ကို ခပ်ပြီးလျှင် ပွဲအုပ်ထံသို့ ယူလားကြလော့” ဟု မိန့်တော်မူသည့်အတိုင်း သူရို့သည်လည်း ပြုကြ၏။ 9ပွဲအုပ်သည် ရီမှ စပျစ်ရည်အဖြစ်သို့ ပြောင်းလဲလားသော ရီကို မြည်းကြည့်လေ၏။ ရီခပ်ယူလာသော အခိုင်းအစီရို့သည် ထိုစပျစ်ရည်ကို ဇာပိုင်ရကြသည်ကို သိသော်လည်း ပွဲအုပ်မူကား မသိပေ။ ထို့ကြောင့် သတို့သားအား ခေါ်ပြီးလျှင်၊ 10“လူတိုင်းက အကောင်းဆုံးသော စပျစ်ရည်နှင့် ဦးစွာ ဧည့်ခံကြ၏။ လူတိ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ဧည့်ခံလေ့ဟိကြ၏။ သို့သော်လည်း သင်မူကား အကောင်းဆုံးသော စပျစ်ရည်ကို အဂုထက်ထိ ထုတ်ပီးပါသည်တကား” ဟု ဆို၏။
11ယေသျှုသည် ဂါလိလဲပြည်၊ ကာနမြို့၌ ထိုသို့ ပထမဆုံးသော နိမိတ်လက္ခဏာကို ပြတော်မူလျက် မိမိ၏ဘုန်းတန်ခိုးတော်ကို ထွန်းတောက်စီ၏။ တပည့်တော်ရို့သည်လည်း ကိုယ်တော်အား ယုံကြည်ကြ၏။
12 # မ ၄.၁၃ ဤအမှုအရာပြီးလျှင် ယေသျှုသည် မယ်တော်မှစ၍ ညီတော်၊ တပည့်တော်ရို့နှင့် ကပေရနောင်မြို့သို့ လားကြပြီး ရက်အနည်းချေ တည်းခိုကြ၏။
ဗိမာန်တော်၌ ယေသျှု ကြွတော်မူခြင်း
(မဿဲ ၂၁.၁၂–၁၃; မာကု ၁၁.၁၅–၁၇; လုကာ ၁၉.၄၅–၄၆)
13ယုဒအမျိုးသားရို့၏ ပသခါပွဲတော်နီးကပ်လာသောအခါ ယေသျှုသည် ယေရုဆလင်မြို့သို့ ကြွတော်မူ၏။ 14ကိုယ်တော်သည် ဗိမာန်တော်အထဲတွင် နွားများ၊ သိုးများ၊ ဂြိုးငှက်များကို ရောင်းသောသူများထိုင်နိန်သည်ကိုလည်းကောင်း ငွီလဲလှယ်နိန်သော သူရို့သည် သူရို့၏စားပွဲများ၌ ထိုင်နိန်သည်ကိုလည်းကောင်း တွိ့တော်မူ၏။ 15ထို့ကြောင့် ကိုယ်တော်သည် ကြိုးဖြင့် ကြာပွတ်ကိုလုပ်ပြီး သိုး၊ နွားမှစ၍ အားလုံးသောတိရစ္ဆာန်တိကို ဗိမာန်တော်ထဲမှ မောင်းထုတ်တော်မူ၏။ ငွီလဲလှယ်နိန်သောသူရို့၏ စားပွဲကိုလည်း မှောက်လှန်တော်မူ၍ သူရို့၏ ဒင်္ဂါးများသည် ပြန့်ကြဲလေ၏။ 16ကိုယ်တော်သည် ဂြိုးငှက်ရောင်းသော သူတိကိုလည်း “ဤချင့်တိကို ဤနီရာမှ ယူလားကြလော့။ ငါ့အဖ၏အိမ်တော်ကို စျီးနီရာ မဖြစ်စီကတ်ကေ့” ဟု မိန့်တော်မူ၏။ 17ထိုအခါ တပည့်တော်ရို့သည် “အို၊ ဘုရားသခင်၊ ကိုယ်တော်၏အိမ်တော်အဖို့ ပြင်းပြသော ငါ၏စိတ်သည် ငါ့ကိုယ်၌ မီးတောက်သဖွယ် လောင်ကျွမ်းလျက် ဟိပါ၏” ဟူသော ကျမ်းစာလာသည်ကို သတိရကြ၏။
18ယုဒအာဏာပိုင်ရို့ကလည်း “သင်သည် ဤအမှုအရာတိအား လုပ်ပိုင်ခွင့်ဟိကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့အား ဇာနိမိတ်လက္ခဏာကို ပြမည်နည်း” ဟု ပြန်လျှောက်ကြလေ၏။
19 # မ ၂၆.၆၁; ၂၇.၄၀; မာ ၁၄.၅၈; ၁၅.၂၉ ယေသျှုကလည်း “ဤဗိမာန်တော်ကို ဖြိုချလော့။ သုံးရက်အတွင်း၌ ပြန်၍ ငါတည်ဆောက်မည်” ဟု မိန့်တော်မူ၏။
20သူရို့ကလည်း “ဤဗိမာန်တော်ကို လေးဆယ်ခြောက်နှစ်တိုင်တိုင် တည်ဆောက်ခရ၏။ သင်မူကား သုံးရက်အတွင်း ပြန်တည်ဆောက်မည်လော” ဟု လျှောက်ကြလေ၏။
21သို့သော် ယေသျှု ထိုသို့ မိန့်တော်သည်မှာ မိမိ၏ကိုယ်ခန္ဓာတည်းဟူသော ဗိမာန်တော်အကြောင်းကို ပြောဆိုခြင်းဖြစ်၏။ 22ထို့ကြောင့် တပည့်တော်ရို့သည် သီခြင်းမှ ကိုယ်တော် ရှင်ပြန်ထမြောက်တော်မူသောအခါ ဤသို့ ကိုယ်တော် မိန့်တော်မူခသောစကားကို သတိရကြ၍ ကျမ်းစာတော်မြတ်ကို လည်းကောင်း၊ ယေသျှု မိန့်တော်မူခသော စကားတော်ကို လည်းကောင်း ယုံကြည်ကြ၏။
လူ၏သဘောကို ယေသျှုသိတော်မူခြင်း
23ယေသျှုသည် ယေရုဆလင်မြို့၌ ကျင်းပသည့် ပသခါပွဲတော်အတွင်း ဟိနိန်စဉ် ကိုယ်တော်ပြုတော်မူသော နိမိတ်လက္ခဏာကို တွိ့မြင်သောသူရို့သည် ကိုယ်တော့်ကို ယုံကြည်ကြ၏။ 24သို့သော် ယေသျှုသည် ထိုသူရို့၏အကြောင်းကို သိတော်မူသောကြောင့် ထိုသူရို့အား မယုံပေ။ 25ကိုယ်တော်သည် သူရို့၏ စိတ်နှလုံးထဲ၌ ဟိသောအရာများကို သိသောကြောင့် မည်သူမျှ သူရို့၏ အကြောင်းကို ကိုယ်တော်အား ပြောပြရန် မလိုပေ။

वर्तमान में चयनित:

ယောဟန် 2: NTRKB24

हाइलाइट

शेयर

कॉपी

None

Want to have your highlights saved across all your devices? Sign up or sign in