1
မာကု 9:23
ခေတ်သစ်မြန်မာ သမ္မာကျမ်း
ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
तुलना
खोजें မာကု 9:23
2
မာကု 9:24
သူငယ်၏ဖခင်ကလည်း ချက်ချင်းအော်ဟစ်၍ “အကျွန်ုပ်ယုံကြည်ပါ၏။ သံသယမဝင်ရန် ကူညီတော်မူပါ” ဟု လျှောက်လေ၏။
खोजें မာကု 9:24
3
မာကု 9:28-29
ထို့နောက် ယေရှုသည် အိမ်ထဲသို့ ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။ ယေရှုက “ဤနတ်ဆိုးမျိုးသည် ဆုတောင်းခြင်းအားဖြင့်သာလျှင် ထွက်တတ်သည်” ဟု မိန့်တော်မူ၏။
खोजें မာကု 9:28-29
4
မာကု 9:50
ဆားသည် အရသာကောင်း၏။ သို့သော် အငန်ဓာတ်ပျောက်ဆုံးလျှင် ငန်သောအရသာကို မည်သို့ပြန်ရနိုင်မည်နည်း။ သင်တို့အထဲ၌ ဆားကဲ့သို့သောအရည်အသွေးရှိစေကြလော့။ အချင်းချင်း သင့်မြတ်စွာနေကြလော့” ဟု မိန့်တော်မူ၏။
खोजें မာကု 9:50
5
မာကု 9:37
“ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုသာမက ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကိုလည်း လက်ခံ၏” ဟု မိန့်တော်မူ၏။
खोजें မာကု 9:37
6
မာကု 9:41
သင်တို့သည် ခရစ်တော်၏တပည့်ဖြစ်သည်ကို ထောက်၍ သင်တို့အား ရေတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏။
खोजें မာကု 9:41
7
မာကု 9:42
သို့သော် ငါ့ကိုယုံကြည်သော ကလေးငယ်တစ်စုံတစ်ယောက်ကို မှားယွင်းစေသောသူသည် ကြီးသောကြိတ်ဆုံကျောက်ကို လည်၌ ဆွဲလျက် နက်သောပင်လယ်ထဲသို့ ပစ်ချခံရလျှင် ပို၍ကောင်း၏။
खोजें မာကု 9:42
8
မာကု 9:47
သင်၏ မျက်စိသည် သင့်ကို အပြစ်ကျူးလွန်စေပါက ထိုမျက်စိကို ထုတ်ပစ်လော့။ မျက်စိအစုံနှင့် ငရဲထဲသို့ ချခံရခြင်းထက် မျက်စိတစ်ဖက်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရခြင်းသည် ပို၍ ကောင်း၏။
खोजें မာကု 9:47
होम
बाइबिल
योजनाएँ
वीडियो