ကမ္ဘာဦး 16
16
ဟာဂရနှင့်ဣရှမေလ
1အာဗြံ၏မယားစာရဲတွင်သားတစ်ယောက်မျှ မထွန်းကားချေ။ စာရဲ၌ဟာဂရအမည်ရှိ သောအီဂျစ်ပြည်သူကျွန်မတစ်ယောက်ရှိ၏။- 2သို့ဖြစ်၍စာရဲကအာဗြံအား``ထာဝရဘုရား သည် ကျွန်မကိုသားသမီးမထွန်းကားစေပါ။ ကျွန်မ၏ကျွန်မကိုသိမ်းပိုက်ပါလော့။ သူ့အား ဖြင့်ကျွန်မသားရကောင်းရလိမ့်မည်'' ဟုပြော၏။ အာဗြံသည်စာရဲအကြံပေးချက်ကိုလက်ခံ သဖြင့်၊- 3စာရဲသည်ဟာဂရကိုသူ့လက်သို့အပ်လေ၏။ (အာဗြံသည်ခါနာန်ပြည်တွင်ဆယ်နှစ်နေထိုင် ပြီးနောက် ဟာဂရကိုမယားငယ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။-) 4အာဗြံသည်ဟာဂရနှင့်ဆက်ဆံသဖြင့် ဟာဂရ ၌ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည်သူ၌ပဋိ သန္ဓေစွဲကြောင်းသိရလျှင် မာန်မာနဝင်လာ၍ စာရဲကိုမထီလေးစားပြုလေ၏။
5ထိုအခါစာရဲကအာဗြံအား``ကိုယ်တော်ကြောင့် ဟာဂရသည် ကျွန်မအားမထီလေးစားပြုပါ ပြီ။ ကျွန်မကသူ့ကိုကိုယ်တော်ထံအပ်၍ သူ၌ ပဋိသန္ဓေစွဲကြောင်းသိသည်နှင့် ကျွန်မအား မထီလေးစားပြုလာပါသည်။ ကိုယ်တော်နှင့် ကျွန်မတို့နှစ်ဦးအတွက် တရားသဖြင့်ဖြစ် စေရန်ထာဝရဘုရားစီရင်တော်မူပါစေ'' ဟုဆို၏။
6အာဗြံက``သူသည်သင်၏ကျွန်မဖြစ်၍သင့် လက်ထဲ၌ရှိသည်။ သူ့အားသင်ပြုလိုရာပြု နိုင်သည်'' ဟုပြန်ပြော၏။ ထိုအခါစာရဲသည် ဟာဂရအားမနေနိုင်လောက်အောင်ညှင်းဆဲ သဖြင့် ဟာဂရထွက်ပြေးလေသည်။
7ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊- 8``စာရဲ၏ကျွန်မဟာဂရ၊ သင်ဘယ်အရပ် သို့သွားမည်နည်း'' ဟုမေးလေ၏။
ဟာဂရက``ကျွန်မသည်သခင်မထံမှထွက် ပြေးလာပါသည်'' ဟုပြန်ဖြေ၏။
9ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သခင်မထံသို့ပြန်၍ကျွန်ခံလော့'' ဟု ဆို၏။- 10တစ်ဖန်ထာဝရဘုရား၏ကောင်းကင်တမန် က``သင်၏အမျိုးအနွယ်ကိုမရေမတွက် နိုင်အောင်များပြားစေမည်။- 11သင်သည်သားကိုဖွားမြင်လိမ့်မည်။ ထာဝရ ဘုရားသည်သင်၏ညည်းတွားသံကိုကြား တော်မူပြီ။ ထိုသားကိုဣရှမေလအမည် ဖြင့်မှည့်ခေါ်ရမည်။- 12သို့ရာတွင်သင်၏သားသည်မြည်းရိုင်းကဲ့သို့နေ ထိုင်ရလိမ့်မည်။ သူသည်လူတိုင်းနှင့်ရန်ဘက် ဖြစ်၍ လူတိုင်းကလည်းသူ့ကိုရန်ဘက်ပြု လိမ့်မည်။ သူသည်မွေးချင်းပေါက်ဖော်တို့နှင့် ခွဲခွာနေထိုင်ရလိမ့်မည်'' ဟုမြွက်ဆိုလေ၏။
13ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။- 14ထိုအကြောင်းကြောင့်ကာဒေရှမြို့နှင့်ဗေရက် မြို့စပ်ကြားရှိရေတွင်းကို``ငါ့ကိုမြင်တော်မူ သည့်အသက်ရှင်တော်မူသောအရှင်၏ရေတွင်း'' ဟုခေါ်တွင်လေသည်။
15အာဗြံသည်ဟာဂရဖြင့်သားကိုရ၍ သူသည် ထိုသားကိုဣရှမေလဟုနာမည်မှည့်ခေါ်၏။-#ဂလ၊ ၄:၂၂။ 16ထိုသားဖွားသောအချိန်၌ အာဗြံသည်အသက် ရှစ်ဆယ့်ခြောက်နှစ်ရှိသတည်း။
נבחרו כעת:
ကမ္ဘာဦး 16: BCL
הדגשה
שתף
העתק
רוצים לשמור את ההדגשות שלכם בכל המכשירים שלכם? הירשמו או היכנסו
© 2005 Bible Society of Myanmar