ကမ္ဘာဦး 27
27
ယာကုပ်အားဣဇာက်ကောင်းချီးပေးခြင်း
1ဣဇာက်သည်အိုမင်းလာ၍မျက်စိမမြင်တော့ ချေ။ သူသည်သားအကြီးဧသောကို``သား'' ဟုခေါ်လျှင်ဧသောက၊
``ရှိပါသည်အဖ'' ဟုပြန်ဖြေ၏။
2ထိုအခါဣဇာက်က``ငါသည်ယခုအိုလှပြီ။ မကြာမီသေရမည်။- 3သင်သည်လေးနှင့်မြားကိုယူ၍တောထဲသို့ သွားပြီးလျှင် ငါ့အတွက်အမဲရှာဖွေခဲ့ပါ။- 4ငါကြိုက်နှစ်သက်သောအမဲဟင်းလျာကိုချက် ၍ငါ့ထံသို့ယူခဲ့ပါ။ ထိုဟင်းကိုငါစားပြီး လျှင်ငါမသေမီသင့်အားကောင်းချီးပေးမည်'' ဟုမှာကြားလေသည်။
5ဣဇာက်ကဧသောအား ထိုသို့မှာကြားနေစဉ် ရေဗက္ကသည်နားထောင်လျက်ရှိ၏။ ထို့ကြောင့် ဧသောအမဲပစ်ထွက်သွားသောအခါ၊- 6ရေဗက္ကသည်ယာကုပ်ကိုခေါ်၍``သင့်အဖ ကဧသောအား၊- 7`အမဲပစ်၍ငါ့အတွက်ဟင်းချက်ခဲ့ပါ။ ငါ စားပြီးလျှင်ထာဝရဘုရားရှေ့တော်၌ သင့် အားငါမသေမီကောင်းချီးပေးမည်' ဟုမှာ ကြားသည်ကိုငါကြားပြီ။- 8သို့ဖြစ်၍ငါ့သား၊ ငါ့စကားကိုနားထောင် ၍ငါပြောသမျှအတိုင်းပြုလုပ်လော့။- 9ဆိတ်အုပ်ရှိရာသို့သွားပြီးလျှင် ဆူဖြိုးသော ဆိတ်ငယ်နှစ်ကောင်ကိုရွေးယူခဲ့လော့။ ငါသည် သင့်ဖခင်ကြိုက်နှစ်သက်သောဟင်းကိုချက် ပေးမည်။- 10ထိုအမဲဟင်းကိုသူ့ထံသို့ယူသွားလော့။ သူ မသေမီ သင့်အားကောင်းချီးပေးလိမ့်မည်'' ဟု ဆိုလေ၏။
11ယာကုပ်က``အစ်ကိုဧသောသည်အမွေးထူ သောသူဖြစ်ပြီး ကျွန်တော်မှာအသားအရေ ချောမွတ်သူဖြစ်ပါ၏။- 12ဖခင်ကကျွန်တော်အားစမ်းသပ်ကြည့်မိ၍ သူ့အားလှည့်ဖြားကြောင်းသိလျှင် ကျွန်တော် ကောင်းချီးမင်္ဂလာကိုခံရမည့်အစားကျိန် စာသင့်ခြင်းကိုခံရပါမည်'' ဟုမိခင်အား ပြန်ပြောလေ၏။
13ငါ့သား၊ သင်ခံရမည့်ကျိန်စာသင့်ခြင်းကို ငါခံရပါစေ။ ငါပြောသည့်အတိုင်းဆိတ် များကိုသာငါ့ထံသို့ယူခဲ့ပါ'' ဟုမိခင် ကဆိုလေ၏။- 14ယာကုပ်သည်သွား၍ဆိတ်များကိုမိခင်ထံသို့ ယူဆောင်ခဲ့သဖြင့် ရေဗက္ကသည်ဣဇာက်ကြိုက် နှစ်သက်သောအမဲဟင်းကိုချက်လေသည်။- 15ထိုနောက်သူသည်မိမိအိမ်တွင်သိမ်းဆည်း ထားသောဧသော၏အကောင်းဆုံးအဝတ် ကိုယာကုပ်အားဝတ်ဆင်ပေး၏။- 16သူ၏လက်မောင်းများနှင့်အမွေးမပေါက်သော လည်ပင်းတို့တွင်ဆိတ်သားရေကိုပတ်စည်း ပေး၏။- 17ထိုနောက်ချက်ပြီးသောအမဲဟင်းနှင့်ဖုတ် ထားသောမုန့်တို့ကိုယာကုပ်အားပေး၏။
18ယာကုပ်သည်သူ၏ဖခင်ထံသို့သွား၍``အဖ'' ဟုခေါ်လျှင်၊
ဣဇာက်က``သား'' ဟုထူးပြီးလျှင်``သားကြီး လော၊ သားငယ်လော'' ဟုမေးလေ၏။
19ယာကုပ်က``ကျွန်တော်သည်သားကြီးဧသော ဖြစ်ပါသည်။ ဖခင်မှာကြားသည့်အတိုင်းဆောင် ရွက်ပြီးပါပြီ။ ယခုထ၍ကျွန်တော်ယူခဲ့သော အမဲဟင်းကိုသုံးဆောင်ပြီးလျှင်ကျွန်တော် အားကောင်းချီးပေးပါ'' ဟုပြောလေသည်။
20ဣဇာက်က``ငါ့သား၊ အမဲကောင်အရမြန်လှ ပါတကား'' ဟုဆို၏။
ယာကုပ်က``အဖ၏ဘုရားသခင်ထာဝရ ဘုရားစောင်မခြင်းကြောင့်အမဲကောင်ကို အမြန်ရပါသည်'' ဟုပြန်ဖြေ၏။
21ထိုအခါဣဇာက်က``ငါသင့်ကိုစမ်းကြည့်နိုင် ရန်အနားသို့တိုးလာပါ။ သင်သည်ဧသော အမှန်ပင်ဖြစ်ပါသလော'' ဟုမေးလေသည်။- 22ယာကုပ်သည်ဖခင်အနားသို့ချဉ်းကပ်လာသော် ဖခင်ကလက်နှင့်သူ့ကိုစမ်းသပ်ပြီးလျှင်``သင် ၏အသံမှာယာကုပ်၏အသံ၊ သင်၏လက်များ သည်ကားဧသော၏လက်များပင်ဖြစ်သည်'' ဟု ဆိုလေ၏။- 23သူ၏လက်တို့သည်ဧသော၏လက်များကဲ့သို့ အမွေးထူသောကြောင့်ဖခင်သည်ယာကုပ် ဖြစ်မှန်းမရိပ်မိချေ။ သူ့အားကောင်းချီးမ ပေးမီ၊- 24``သင်သည်အကယ်ပင်ဧသောဖြစ်သလော'' ဟုမေးပြန်၏။
ယာကုပ်က``ဟုတ်ပါသည်'' ဟုဖြေ၏။
25ထိုအခါဣဇာက်က``အမဲဟင်းကိုယူခဲ့ပါ။ ငါစားပြီးလျှင်သင့်အားကောင်းချီးပေးမည်'' ဟုဆိုလေ၏။ ယာကုပ်သည်ဖခင်ထံသို့ဟင်း ကိုယူခဲ့၏။ ဖခင်သောက်ရန်စပျစ်ရည်ကို လည်းယူခဲ့၏။- 26ထိုနောက်ဖခင်က``ငါ့သား၊ အနားသို့တိုး လာ၍ငါ့ကိုနမ်းလော့ဟုခိုင်း၏။- 27ယာကုပ်သည်ဖခင်ထံချဉ်းကပ်၍နမ်းလိုက် သောအခါ ဣဇာက်သည်သူ၏အဝတ်များကို အနံ့ခံလျက်``ငါ့သား၏အနံ့သည်ထာဝရ ဘုရားကောင်းချီးပေးသောလယ်၏ရနံ့ကဲ့ သို့သင်းကြိုင်ပါ၏။-#ဟေဗြဲ၊ ၁၁:၂၀။ 28ဘုရားသခင်သည်သင့်အားမိုးကောင်းကင်မှ နှင်းကိုပေးတော်မူ၍ သင်၏လယ်များကိုမြေ သြဇာထက်သန်တော်မူစေသတည်း။ ကိုယ်တော် သည်သင့်အားကောက်ပဲသီးနှံနှင့်စပျစ်ရည် များစွာပေးသနားတော်မူစေသတည်း။- 29တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။#က၊ ၁၂:၃။
ဣဇာက်ထံမှဧသောကောင်းချီးတောင်းခံခြင်း
30ဣဇာက်သည်ယာကုပ်အားကောင်းချီးပေးပြီး၍ ဖခင်ထံမှယာကုပ်ထွက်သွားသည့်ခဏအတွင်း သူ၏အစ်ကိုဧသောသည်အမဲလိုက်ရာမှ ပြန်ရောက်လာ၏။- 31သူသည်လည်းစားဖွယ်ကောင်းသောအမဲဟင်းလျာ ကိုချက်ပြီးလျှင်ဖခင်ထံသို့ယူခဲ့လေသည်။ ထိုနောက်``အဖ၊ ကျွန်တော်ယူခဲ့သောအမဲ ဟင်းကိုထ၍သုံးဆောင်ပါ။ သုံးဆောင်ပြီး လျှင်ကျွန်တော်အားကောင်းချီးပေးပါ'' ဟု ဆိုလေ၏။
32ဣဇာက်က``သင်မည်သူနည်း'' ဟုမေး၏။
ဧသောက``ကျွန်တော်သည်ဖခင်၏သားကြီး ဧသောဖြစ်ပါသည်'' ဟုပြန်ဖြေ၏။
33ထိုအခါဣဇာက်သည်တစ်ကိုယ်လုံးဆတ်ဆတ် တုန်လျက်``အမဲကောင်ကိုရ၍ငါ့ထံသို့ဟင်း ယူခဲ့သူကားမည်သူနည်း။ သင်မရောက်မီငါ သည်ဟင်းကိုစားပြီးပြီ။ ထိုသူအားလည်း ကောင်းချီးပေးခဲ့ပြီ။ ငါကောင်းချီးပေးခဲ့ သည့်အတိုင်းသူခံစားရမည်'' ဟုဆိုလေ သည်။
34ဧသောသည်ထိုစကားကိုကြားရလျှင်မခံ မရပ်နိုင်အောင်ခံစားရသဖြင့်``အို အဖ၊ ကျွန်တော့် အားလည်းကောင်းချီးပေးပါဦး'' ဟုအသံကျယ် စွာအော်ဟစ်တောင်းပန်လေ၏။
35ဣဇာက်က``သင့်ညီလာ၍ငါ့ကိုလိမ်လည်လှည့်ဖြား လေပြီ။ သူသည်သင်ခံစားရမည့်ကောင်းချီးကို ယူသွားပြီ'' ဟုဖြေကြားလေသည်။
36ဧသောက``သူသည်ကျွန်တော်အားနှစ်ကြိမ်တိုင် တိုင်ယာကုပ်ဟူသောနာမည်နှင့်လိုက်အောင်လှည့် စားခဲ့ပါပြီ။ သူသည်ကျွန်တော်၏သားဦးအရာ ကိုတစ်ကြိမ်၊ ယခုတစ်ဖန်ကျွန်တော်ခံစားရ မည့်ကောင်းချီးကိုတစ်ကြိမ်ယူသွားပါပြီ။ ကျွန်တော်အဖို့ကောင်းချီးတစ်ပါးပါးမကျန် ပါသလော'' ဟုဖခင်အားမေးလေ၏။#က၊ ၂၅:၂၉-၃၄။
37ဣဇာက်က``ငါသည်သူ့အားသင်၏အရှင်သခင် ဖြစ်စေပြီ။ ဆွေမျိုးသားချင်းအပေါင်းတို့ကို လည်းသူ၏အစေကိုခံစေပြီ။ သူ့အားကောက်ပဲ သီးနှံနှင့်စပျစ်ရည်တို့ဖြင့်ကြွယ်ဝပြည့်စုံစေ ပြီ။ သို့ဖြစ်လျှင်ငါ့သားသင့်အတွက်မည်သို့ ဆောင်ရွက်ပေးနိုင်ပါသနည်း'' ဟုပြန်ဖြေလေ ၏။
38ဧသောက``အို အဖ၊ ဖခင်ထံ၌ပေးစရာ ကောင်းချီးမင်္ဂလာတစ်ပါးမျှမကျန်ပါ သလော။ ကျွန်တော့်ကိုလည်းကောင်းချီးမင်္ဂလာ ပေးပါဦး'' ဟုဖခင်အားဆက်လက်တောင်းပန် ၍ငိုကြွေးလေ၏။#ဟေဗြဲ၊ ၁၂:၁၇။
39ထိုအခါဣဇာက်က၊
``သင့်လယ်များသည်မြေသြဇာမရှိ၊မိုး ကောင်းကင်မှ နှင်းကိုလည်းမရနိုင်။#ဟေဗြဲ၊ ၁၁:၂၀။
40သင်သည်ကိုယ့်ဋ္ဌားဖြင့်အသက်မွေးရမည်။ သင်၏ညီအစေကိုခံရမည်။
သို့ရာတွင်သင်သည်ကြိုးပမ်းအားထုတ်လျှင်၊
သူ၏အချုပ်အနှောင်မှလွတ်မြောက်လိမ့်မည်'' ဟုဆိုလေ၏။#က၊ ၃၆:၈။ ၄ရာ၊ ၈:၂၀။
41ယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။
42ရေဗက္ကသည်ဧသော၏အကြံကိုကြားသိရ သဖြင့် ယာကုပ်ကိုခေါ်၍``သင့်အစ်ကိုဧသော သည်သင့်အားလက်စားချေသတ်ပစ်ရန်အကြံ ထုတ်လျက်ရှိသည်။- 43ငါ့သား၊ ငါပြောသည့်အတိုင်းပြုလုပ်လော့။ ခါရန် မြို့၌နေထိုင်သောငါ၏အစ်ကိုလာဗန်ထံသို့ ယခုချက်ချင်းသွားရန်ပြင်လော့။- 44သင်၏အစ်ကိုစိတ်ပြေ၍သင်သူ့အားပြုမိ သမျှကိုမေ့ပျောက်သည့်အချိန်အထိသူ့ထံ ၌ခေတ္တတည်းခိုနေထိုင်လော့။- 45ထိုအချိန်ရောက်လျှင်ငါသည်သင့်ထံသို့လူ စေလွှတ်၍ပြန်လည်ခေါ်ဆောင်မည်။ ငါသည် တစ်နေ့ချင်းတွင်သားနှစ်ယောက်စလုံးကို အဆုံးမခံနိုင်'' ဟုဆိုလေ၏။
ဣဇာက်သည်ယာကုပ်အားလာဗန်ထံသို့စေလွှတ်ခြင်း
46ရေဗက္ကကဣဇာက်အား``ကျွန်မသည်ဧသော၏ အမျိုးချင်းမတူသောမယားများကြောင့် သေ ချင်အောင်စိတ်ညစ်ရသည်။ အကယ်၍ယာကုပ် သည်ဤအရပ်၌ရှိသော ဟိတ္တိအမျိုးသမီး တစ်ဦးဦးနှင့်အိမ်ထောင်ကျမည်ဆိုလျှင် ကျွန်မအသက်ရှင်မနေနိုင်တော့ပါ'' ဟု ပြောလေ၏။
Actualmente seleccionado:
ကမ္ဘာဦး 27: BCL
Destacar
Compartir
Copiar

¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión
© 2005 Bible Society of Myanmar