ကမ္ဘာဦး 10
10
နောဧသားများ၏သားစဉ်မြေးဆက်
(၅ရာ၊ ၁:၅-၂၃)
1ရေလွှမ်းမိုးပြီးသည့်နောက်နောဧ၏သားများ ဖြစ်ကြသောရှေမ၊ ဟာမနှင့်ယာဖက်တို့မှ ဆင်းသက်သောသားစဉ်မြေးဆက်ကိုဖော်ပြ ပေအံ့။- 2ယာဖက်၏သားများဖြစ်ကြသောဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ် တို့သည်ကား သူတို့၏နာမည်ကိုခံယူကြ သောလူမျိုးတို့၏ဖခင်များဖြစ်ကြ၏။- 3ဂေါမာမှဆင်းသက်သောသားစဉ်မြေးဆက် တို့သည်ကား အာရှကေနတ်၊ ရိဖတ်၊ တော်ဂမ လူမျိုးများဖြစ်ကြ၏။- 4ယာဝန်မှဆင်းသက်သောသားစဉ်မြေးဆက်တို့ သည်ကား ဧလိရှာ၊ စပိန်၊ ကုပရုနှင့်ရိုဒ်တို့ ဖြစ်ကြ၏။- 5ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။
6ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။- 7ကုရှမှပေါက်ဖွားဆင်းသက်လာသောသားစဉ် မြေးဆက်တို့သည်ကား သေဘလူမျိုး၊ ဟာဝိလ လူမျိုး၊ သာဘတလူမျိုး၊ ရာဂမလူမျိုးနှင့် သတ္တေခါလူမျိုးများဖြစ်ကြ၏။ ရာဂမ၏သား စဉ်မြေးဆက်တို့မှာရှေဘနှင့်ဒေဒန်လူမျိုး များဖြစ်သည်။- 8ကုရှတွင်နိမ်ရောဒနာမည်ရှိသားတစ်ယောက် ရှိ၏။ ထိုသားသည်ကမ္ဘာပေါ်တွင် ပထမဦးဆုံး နယ်ပယ်များကိုတိုက်ခိုက်အောင်မြင်သောသူ ဖြစ်၏။- 9သူသည်ထာဝရဘုရားမစတော်မူခြင်းအား ဖြင့် အစွမ်းသတ္တိနှင့်ပြည့်စုံသောမုဆိုးဖြစ်ရ ကားလူတို့က``ထာဝရဘုရားသည်သင့်အား နိမ်ရောဒကဲ့သို့ အစွမ်းသတ္တိနှင့်ပြည့်စုံသော မုဆိုးကြီးဖြစ်ပါစေသော'' ဟုဆိုလေ့ရှိ ကြသည်။- 10သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။- 11သူသည်ထိုပြည်မှအာရှုရိပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်၊ ဣရမြို့၊ ကာလမြို့ စသောမြို့ကြီးများကိုလည်းကောင်း၊- 12နိနေဝေမြို့နှင့်ကာလမြို့ကြီးစပ်ကြားရှိ ရေသင်မြို့ကိုလည်းကောင်းတည်လေ၏။
13မိလရိမ်မှဆင်းသက်သောသားစဉ်မြေးဆက် တို့မှာ လုဒိလူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ် လူမျိုး၊ နတ္တုဟိမ်လူမျိုး၊- 14ပါသရုသိမ်လူမျိုး၊ ကာသလုဟိမ်လူမျိုးနှင့် ကတ္တောရိမ်လူမျိုးများဖြစ်ကြ၏။ ကာသ လုဟိမ်လူမျိုးမှဖိလိတ္တိလူမျိုးဆင်းသက် လာ၏။
15ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။- 16ခါနာန်သည်ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊- 17ဟိဝိလူမျိုး၊ အာကိလူမျိုး၊ သိနိလူမျိုး၊
18အာဝဒိလူမျိုး၊ ဇေမရိလူမျိုး၊ ဟာမသိလူမျိုး တို့၏ဖခင်လည်းဖြစ်သည်။ ခါနာန်အမျိုးအနွယ် အသီးသီးတို့သည်၊- 19ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။- 20ဤလူမျိုးတို့သည်ကားအပြည်ပြည်တို့၌နေ ထိုင်၍ လူမျိုးစုအလိုက်သီးခြားဘာသာ စကားများကိုပြောဆိုကြသောဟာမ၏ အဆက်အနွယ်များဖြစ်ကြ၏။
21ယာဖက်၏အစ်ကိုရှေမသည် ဟေဗြဲလူမျိုး အပေါင်းတို့၏ဖခင်ဖြစ်သည်။- 22ရှေမ၏သားများဖြစ်ကြသောဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒနှင့်အာရံတို့သည်ကားသူတို့ ၏နာမည်ကိုခံယူကြသောလူမျိုးတို့၏ ဖခင်များဖြစ်ကြ၏။- 23အာရံမှပေါက်ဖွားဆင်းသက်သောသားစဉ်မြေး ဆက်တို့သည်ကား ဥဇလူမျိုး၊ ဟုလလူမျိုး၊ ဂေသာလူမျိုးနှင့်မာရှလူမျိုးများဖြစ်ကြ သည်။- 24အာဖာဇဒ်၏သားရှာလသည်ဟေဗာ၏ဖခင် ဖြစ်၏။- 25ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ သားတစ်ယောက် ကိုဖာလက်ဟုနာမည်မှည့်၏။ ထိုသား၏လက်ထက် တွင်ကမ္ဘာလောက၌နေထိုင်ကြသောလူတို့သည် ကွဲပြားသွားခြင်းကြောင့်ထိုနာမည်ကိုပေးခြင်း ဖြစ်၏။ အခြားသောသားကိုယုတ္တန်ဟုနာမည် မှည့်ခေါ်၏။- 26ယုတ္တန်မှဆင်းသက်သောအဆက်အနွယ်တို့ သည်ကားအာလမောဒဒ်လူမျိုး၊ ရှေလပ်လူ မျိုး၊ ဟာဇာမာဝက်လူမျိုး၊ ယေရလူမျိုး၊- 27ဟဒေါရံလူမျိုး၊ ဥဇလလူမျိုး၊ ဒိကလ လူမျိုး၊- 28သြဗလလူမျိုး၊ အဘိမေလလူမျိုး၊ ရှေဘလူမျိုး၊- 29သြဖိရလူမျိုး၊ ဟဝိလလူမျိုးနှင့်ယောဗပ်လူမျိုး များဖြစ်ကြ၏။ ထိုလူမျိုးအားလုံးတို့သည်ယုတ္တန် မှဆင်းသက်လာကြသည်။- 30သူတို့နေထိုင်ရာအရပ်သည် မေရှမြို့မှအရှေ့ဘက် တောင်ထူထပ်သောဒေသရှိသေဖာမြို့တိုင်အောင် ကျယ်ပြန့်သည်။- 31ဤလူမျိုးတို့သည်ကားလူအမျိုးမျိုးကွဲပြား လျက် အပြည်ပြည်တို့၌နေထိုင်၍ လူမျိုးစုအလိုက် သီးခြားဘာသာစကားများကိုပြောဆိုကြ သောရှေမ၏အဆက်အနွယ်များဖြစ်ကြ၏။
32ဤလူမျိုးအားလုံးတို့သည်သူတို့၏အဆက် အနွယ်နှင့် လူမျိုးအသီးသီးအလိုက်ဖော်ပြ ထားသောနောဧ၏သားစဉ်မြေးဆက်တို့ဖြစ် သတည်း။ ရေလွှမ်းမိုးပြီးနောက်ကမ္ဘာမြေကြီး ပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် နောဧ ၏သားများမှဆင်းသက်လာသောအဆက် အနွယ်များပင်ဖြစ်ကြ၏။
Actualmente seleccionado:
ကမ္ဘာဦး 10: BCL
Destacar
Compartir
Copiar
¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión
© 2005 Bible Society of Myanmar