အာမုတ် 1
1
1ဤသည်မှာတေကောရွာမှ သိုးထိန်းအာမုတ် ဟောသောစကားများဖြစ်သည်။ ယုဒဘုရင် သြဇိမင်းလက်ထက်၊ ဣသရေလနိုင်ငံတွင် ဘုရင်ယောရှ၏သားယေရောဗောင်မင်းအုပ် စိုးစဉ်ကာလ၊ မြေငလျင်မလှုပ်မီနှစ်နှစ် အထက်ကထာဝရဘုရားသည် အာမုတ် အားဣသရေလတို့နှင့်ပတ်သက်သော ဤ အကြောင်းအရာတို့ကိုဖော်ပြဖွင့်ဆို တော်မူခဲ့သည်။#၄ရာ၊ ၁၅:၁-၇။ ၆ရာ၊ ၂၆:၁-၂၃။ ၄ရာ၊ ၁၄:၂၃-၂၉။
2အာမုတ်က၊
``ဇိအုန်တောင်မှထာဝရဘုရား၏ကြုံးဝါး သံကို ကြားရလေပြီ။
ယေရုရှလင်မြို့အတွင်းမှထစ်ချုန်းလာသော အသံတော်ကိုကြားရစေပြီ။
သိုးစားကျက်တို့သည်သွေ့ခြောက်ကုန်၍
ကရမေလတောင်ပေါ်မှမြက်ပင်တို့သည် နွမ်းရလေပြီဟုဆို၏။''#ယောလ၊ ၃:၁၆။
ဣသရေလတို့၏အိမ်နီးချင်းနိုင်ငံများအပေါ် ထာဝရဘုရားသခင်၏စီရင်တော်မူချက်များ
ရှုရိလူမျိုးအပေါ်စီရင်ချက်
3ထာဝရဘုရားက``ဒမာသက်မြို့သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရတော့ မည်။ သူတို့သည်ဂိလဒ်ပြည်သူတို့အပေါ် ရိုင်းစိုင်းရက်စက်ကြမ်းကြုတ်ခဲ့လေပြီ။-#ဟေရှာ၊ ၁၇:၁-၃။ ယေ၊ ၄၉:၂၃-၂၇။ ဇာ၊ ၉:၁။ 4ထို့ကြောင့်ငါသည်ဟာဇေလမင်းမျိုး အပေါ်သို့မီးမိုးရွာစေပြီး ဗင်ဟာဒဒ် မင်း၏ရဲတိုက်များကိုပြာချလိုက်မည်။- 5ငါသည်ဒမာသက်မြို့တံခါးများကိုချေ မှုန်း၍ အာဝင်ချိုင့်နှင့်ဗေသေဒင်မြို့တွင်ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ရှုရိပြည်သား တို့သည်ကိရပြည်သို့သုံ့ပန်းအဖြစ်နှင့် လိုက်ပါသွားရမည်'' ဟုမိန့်တော်မူ၏။
ဖိလိတ္တိလူမျိုးအပေါ်စီရင်ချက်
6ထာဝရဘုရားက``ဂါဇမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သားများလက်ဝယ်သို့ ကျွန် အဖြစ်နှင့်ရောင်းစားခဲ့ပြီ။- 7သို့ကြောင့်ငါသည်ဂါဇမြို့ရိုးများ အပေါ်သို့မီးမိုးရွာစေပြီး ဂါဇ ရဲတိုက်များကိုပြာချလိုက်မည်။- 8အာဇုတ်နှင့်အာရှကေလုန်မြို့များ၌ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ဧကြုန်မြို့ ကိုလည်းငါဒဏ်ခတ်မည်။ ကျန်ကြွင်းနေ သူဖိလိတ္တိမှန်သမျှလည်းသေရလိမ့် မည်'' ဟုမိန့်တော်မူ၏။#ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။
တုရုလူမျိုးအပေါ်စီရင်ချက်
9ထာဝရဘုရားက``တုရုမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သို့ပြည်နှင်ဒဏ်ပေးခဲ့ပြီ။ ကိုယ် တိုင်ချုပ်ဆိုခဲ့သောမဟာမိတ်စာချုပ်ကို ချိုးဖောက်ခဲ့ပြီ။-#ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁-၂၈:၁၉။ ယောလ၊ ၃:၄-၈။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 10ထို့ကြောင့်ငါသည်တုရုမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး တုရုရဲတိုက်များကို ပြာချလိုက်မည်ဟုမိန့်တော်မူ၏။
ဧဒုံလူမျိုးအပေါ်စီရင်ချက်
11ထာဝရဘုရားက``ဧဒုံပြည်သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်ညီအစ်ကိုချင်း ဣသရေလတို့ကိုမရမကလိုက်၍ မညှာမတာညှင်းဆဲခဲ့ပြီ။ သူတို့၏ အမျက်ဒေါသကိုဘယ်အခါမျှ မပြေစေဘဲကမ်းကုန်လောက်အောင် ပင်ပြင်းထန်စေခဲ့သည်။-#ဟေရှာ၊ ၃၄:၅-၁၇။ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ သြ၊ ၁-၁၄။ မာလ၊ ၁:၂-၅။ 12ထို့ကြောင့်ငါသည်တေမန်မြို့ပေါ်သို့မီးမိုး ရွာစေပြီး ဗောဇရရဲတိုက်များကိုပြာချ လိုက်မည်'' ဟုမိန့်တော်မူ၏။
အမ္မုန်လူမျိုးအပေါ်စီရင်ချက်
13ထာဝရဘုရားက``အမ္မုန်ပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့၏နယ်ချဲ့လိုသော လောဘကြောင့် နယ်ချဲ့စစ်ပွဲများ၌ဂိလဒ် ပြည်သူကိုယ်ဝန်ဆောင်တို့၏ဝမ်းကိုပင် ဖောက်ခွဲကာသတ်ဖြတ်ခဲ့လေပြီ။-#ယေ၊ ၄၉:၁-၆။ ယေဇ၊ ၂၁:၂၈-၃၂၊ ၂၅:၁-၇။ ဇေ၊ ၂:၈-၁၁။ 14ထို့ကြောင့်ငါသည်ရဗ္ဗာမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး ရဗ္ဗာရဲတိုက်များကို ပြာချလိုက်မည်။ စစ်တိုက်သောနေ့၌အော် သံဟစ်သံတညံညံကြားရပြီး တိုက်ပွဲ သည်မုန်တိုင်းတမျှပြင်းထန်လိမ့်မည်။- 15သူတို့ဘုရင်နှင့်မှူးမတ်အပေါင်းတို့သည် ပြည်ပသို့ဖမ်းသွားခြင်းခံရမည်'' ဟု မိန့်တော်မူ၏။
Currently Selected:
အာမုတ် 1: BCL
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2005 Bible Society of Myanmar