YouVersion Logo
Search Icon

ရှင်ယာကုပ် 2

2
မျက်​နှာ​မ​လိုက်​ရန်​သ​တိ​ပေး​ခြင်း
1ငါ့​ညီ​အစ်​ကို​တို့၊ ဘုန်း​ကြီး​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အ​မှု​မှာ၊ လူ​မျက်​နှာ​ကို ထောက်​ခြင်း​မ​ရှိ​ကြ​နှင့်။- 2ရွှေ​လက်​စွပ်​နှင့် တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ၊ ညစ်​သော​အ​ဝတ်​ကို​ဝတ်၍ ဆင်း​ရဲ​သော သူ​နှစ်​ဦး​သည် သင်​တို့၏ တ​ရား​ဇ​ရပ်​ထဲ​သို့ ဝင်​သော​အ​ခါ၊- 3တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်၍၊ ကောင်း​မွန်​သော ဤ​အ​ရပ်​မှာ​ထိုင်​ပါ ဟူ၍​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို၊ ဟို​မှာ​နေ​လော့၊ သို့​မ​ဟုတ် ဤ​အ​ရပ်​မှာ ငါ့​ခြေ​တင်​ခုံ​အောက်၌ ထိုင်​လော့​ဟူ၍​လည်း​ကောင်း၊ သင်​တို့​သည် ပြော​ဆို​လျှင်၊- 4တစ်​ဖက်၌ ငဲ့​ကွက်​သော​စိတ်​ရှိ၍ မ​ကောင်း​သော​အ​ကြံ​အ​စည်​နှင့် စီ​ရင်​သော​သူ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။- 5ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ယုံ​ကြည်​ခြင်း ရ​တ​နာ​ကို ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အား ပေး​မည်​ဟု ဝန်​ခံ​တော်​မူ​သော နိုင်​ငံ​တော်၏​အ​မွေ​ခံ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​သည် မ​ဟုတ်​လော။- 6သင်​တို့​သည် ဆင်း​ရဲ​သော​သူ​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​တ​ကား။ ငွေ​ရ​တတ်​သော သူ​တို့​သည် သင်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​သည် မ​ဟုတ်​လော။ တ​ရား​ပ​လ္လင်​ရှေ့​သို့ ဆွဲ​ငင်​ကြ​သည်​မ​ဟုတ်​လော။- 7သင်​တို့​ကို​သ​မုတ်​သော နာ​မ​တော်​မြတ်​ကို သူ​တို့​သည် ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။
8ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု ကျမ်း​စာ၌​ပါ​သော ရွှေ​ပ​ညတ်​တော်​ကို သင်​တို့​သည် စောင့်​ရှောက်​လျှင်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ရာ​သို့​ရောက်​ကြ၏။-#ဝတ်၊ ၁၉း၁၈။ 9သို့​မ​ဟုတ် လူ​မျက်​နှာ​ကို​ထောက်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​သော​သူ​ဖြစ်​ကြ၏။ တ​ရား​ကို လွန်​ကျူး​သော​သူ​ဟု ပ​ညတ်​တော်​အား​ဖြင့် ထင်​ရှား​စွာ​ဖြစ်​ကြ၏။- 10အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို စောင့်​ရှောက်​သည်​တွင် တစ်​စုံ​တစ်​ခု၌​မှား​မိ​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​အ​ပြစ်​ရှိ၏။- 11သူ့​မ​ယား​ကို​မ​ပြစ်​မှား​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​သူ​က၊ လူ​အ​သက်​ကို မ​သတ်​နှင့်​ဟု ပ​ညတ်​တော်​မူ​သေး၏။ သို့​ဖြစ်၍ သင်​သည် သူ့​မ​ယား​ကို​မ​ပြစ်​မှား​ဘဲ​နေ​သော်​လည်း၊ လူ​အ​သက်​ကို သတ်​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သူ ဖြစ်၏။-#ထွ၊ ၂၀း၁၃-၁၄၊ တ​ရား၊ ၅း၁၇-၁၈။ 12လွှတ်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့​သော​သူ​ကဲ့​သို့၊ စ​ကား​ပြော​ခြင်း၊ အ​မှု​ပြု​ခြင်း​ကို စီ​ရင်​ကြ​လော့။- 13က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။
ယုံ​ကြည်​ခြင်း​နှ​င့်​အ​ကျ​င့်
14ငါ့​ညီ​အစ်​ကို​တို့၊ တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ယုံ​ကြည်​ခြင်း​ရှိ၏​ဟု ပြော​လျက်၊ အ​ကျင့်​ကို မ​ကျင့်​ဘဲ​နေ​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။ ထို​ယုံ​ကြည်​ခြင်း​သည် ထို​သူ​ကို ကယ်​တင်​နိုင်​သ​လော။- 15ညီ​အစ်​ကို​နှ​မ​တို့​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ နေ့​တိုင်း စား​ရ​သော​အ​စာ​မ​ရှိ​သော​အ​ခါ၊- 16သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့။ နွေး​ကြ​လော့။ ဝ​ကြ​လော့​ဟု ပြော​လျက်၊ သူ​တို့​ကိုယ်​နှင့်​တော်​လျော်​သော အ​သုံး​အ​ဆောင်​ကို မ​ပေး​ဘဲ​နေ​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။- 17ထို​နည်း​တူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် တစ်​ပါး​တည်း​ရှိ​သော​ကြောင့် အ​သေ​ဖြစ်၏။- 18တစ်​နည်း​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ရှိ၏။ ငါ​သည် အ​ကျင့်​ရှိ၏။ သို့​ဖြစ်၍ သင်​သည်​အ​ကျင့်​မ​ရှိ​ဘဲ သင်၏​ယုံ​ကြည်​ခြင်း​ကို ပြ​လော့။ ငါ​မူ​ကား၊ အ​ကျင့်​အား​ဖြင့် ငါ၏​ယုံ​ကြည်​ခြင်း​ကို ပြ​မည်​ဟု ပြော​စ​ရာ​ရှိ၏။- 19ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း​ရှိ​သည်​ဟု သင်​သည်​ယုံ၏။ ကောင်း​ပေ၏။ နတ်​ဆိုး​တို့​သည် ယုံ၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ၏။
20လျှပ်​ပေါ်​သော​လူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်​သည်​ကို သိ​ချင်​သ​လော။- 21ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ မိ​မိ​သား​ဣ​ဇာက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ တင်​လှူ​ပူ​ဇော်​သော​အ​ခါ၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။- 22ယုံ​ကြည်​ခြင်း​သည် အ​ကျင့်​နှင့်​အ​တူ​ပြု​ပြင်၍၊ အ​ကျင့်​အား​ဖြင့် စုံ​လင်​သည်​ကို သိ​မြင်​ရ၏။- 23အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏ ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏​ဟူ​သော ကျမ်း​စ​ကား ပြည့်​စုံ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ဆွေ​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ၏။-#က၊ ၁၅း၆ 24လူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်။ အ​ကျင့်​အား​ဖြင့် ရောက်​သည်​ကို သင်​တို့​သိ​မြင်​ရ​ကြ၏။- 25ထို​နည်း​တူ၊ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်၊ တ​မန်​တို့​ကို​လက်​ခံ​ပြီး​မှ အ​ခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်၍၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။- 26ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in