YouVersion Logo
Search Icon

ဟဂ္ဂဲ 2

2
ဘုန်းနှင့်ပြည့်သောအိမ်​တော်
1သ​တ္တ​မ​လ နှစ်​ဆယ်​တစ်​ရက်​နေ့​တွင်၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော် ရောက်​လာ​၍၊ 2သင်​သည် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော​သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 3ဤ​အိမ်​တော်​သည် ရှေး​ဘုန်း​နှင့် ပြည့်​စုံ​သည်​ကို မြင်​ဖူး၍ သင်​တို့​တွင် ကျန်​ကြွင်း​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ယ​ခု​အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း။ နှိုင်း​ယှဉ်​လျှင် သင်​တို့​မျက်​မှောက်၌ အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။#ဧ​ဇ၊ ၃:၁၂။ 4သို့​သော်​လည်း၊ အို ဇေ​ရု​ဗ​ဗေ​လ၊ အား​ယူ​လော့​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ အို ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား​ယော​ရှု၊ အား​ယူ​လော့။ အို ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့၊ အား​ယူ​ကြ​လော့​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ 5အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော​အ​ခါ သင်​တို့​နှင့် ငါ​ဖွဲ့​သော ပ​ဋိ​ညာဉ်​စ​ကား​နှင့်​အ​ညီ ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​၏။ ငါ​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​တွင် နေ​ရာ​ကျ၏။ မ​စိုး​ရိမ်​ကြ​နှင့်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။#ထွ၊ ၂၉:၄၅-၄၆။ 6ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ကာ​လ​မ​ကြာ​မ​မြင့်​မီ ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်၊ ကုန်း​တို့​ကို တစ်​ဖန်​ငါ​လှုပ်​ဦး​မည်။#ဟေ​ဗြဲ၊ ၁၂:၂၆။ 7လူ​မျိုး​အ​ပေါင်း​တို့​ကို​လည်း ငါ​လှုပ်​ဦး​မည်။ လူ​မျိုး​အ​ပေါင်း​တို့ နှစ်​သက်​ဖွယ်​သော​အ​ရာ​သည် ရောက်၍၊ ဤ​အိမ်​ကို​ဘုန်း​နှင့် ငါ​ပြည့်​စုံ​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ 8ရွှေ​နှင့် ငွေ​ကို ငါ​ပိုင်​သည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 9နောက်​တည်​သော ဤ​အိမ်​တော်​သည် အ​ရင်​အိမ်​တော်​ထက် ဘုန်း​သာ၍ ကြီး​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​အ​ရပ်၌​လည်း ငြိမ်​သက်​ခြင်း​ကို ငါ​ပေး​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
ဆုံး​မ​ခြင်း​နှင့်​က​တိ​တော်
10ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ န​ဝ​မ​လ​နှစ်​ဆယ် လေး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ရောက်​လာ​လျက်၊ 11ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​တ​ရား​အ​မှု​ကို ယဇ်​ပု​ရော​ဟိတ်၌ မေး​မြန်း​ရ​မည်​မှာ၊ 12လူ​သည် သန့်​ရှင်း​သော​အ​မဲ​သား​ကို မိ​မိ​အ​ဝတ်​နှင့် ထုတ်၍ ဆောင်​ခဲ့​လျက်၊ မုန့်၊ ဟင်း၊ စ​ပျစ်​ရည်၊ ဆီ အ​စ​ရှိ​သော စား​စ​ရာ​တစ်​စုံ​တစ်​ခု​ကို ထို​အ​ဝတ်​နှင့်​ထိ​လျှင်၊ ထို​စား​စ​ရာ​သည် သန့်​ရှင်း​လိမ့်​မည်​လော​ဟု မေး​မြန်း​သော်၊ ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ထို​စား​စ​ရာ​သည် မ​သန့်​ရှင်း​ဟု ပြန်​ပြော​ကြ၏။ 13ဟ​ဂ္ဂဲ​က​လည်း၊ အ​သေ​ကောင်​အား​ဖြင့် မ​စင်​ကြယ်​သော သူ​သည် ထို​အ​ရာ တစ်​စုံ​တစ်​ခု​ကို​ထိ​လျှင် ညစ်​ညူး​ခြင်း​ရှိ​လိမ့်​မည်​လော​ဟု မေး​မြန်း​သော်၊ ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ညစ်​ညူး​ခြင်း​ရှိ​လိမ့်​မည်​ဟု ပြန်​ပြော​ကြ၏။#တော၊ ၁၉:၁၁-၂၂။ 14ဟ​ဂ္ဂဲ​က​လည်း၊ ဤ​လူ​မျိုး၊ ဤ​ပြည်​သား​တို့​သည် ငါ့​မျက်​မှောက်၌ ထို​အ​တူ ဖြစ်​ကြ၏။ သူ​တို့​လုပ်​ဆောင်​သ​မျှ​သည်​လည်း ထို​အ​တူ​ဖြစ်၏။ ငါ့​ထံ​မှာ ပူ​ဇော်​သော​အ​ရာ​သည်​လည်း ညစ်​ညူး၏​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ကောင်း​ချီး​ပေး​မည်​က​တိ​ပြု​ခြင်း
15ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်၌ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​ကို မ​တင်​မီ၊ ယ​ခု​နေ့​မှ​စ၍ အ​ထက်​အ​မှု​ကို ပြန်​ကြည့်​ဆင်​ခြင်​ကြ​ပါ​လော့။ 16ထို​ကာ​လ​တွင် ဆန်​အ​တင်း​နှစ်​ဆယ်​ထွက်​ရ​သော စ​ပါး​ပုံ​သို့ လူ​လာ​သော​အ​ခါ တစ်​ဆယ်​ကို​သာ​ရ​၏။ စ​ပျစ်​ရည်​အိုး​ငါး​ဆယ်​ကို ယူ​ခြင်း​ငှာ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​သို့ လာ​သော​အ​ခါ နှစ်​ဆယ်​ကို​သာ​ရ​၏။ 17သင်​တို့ လုပ်​ဆောင်​သ​မျှ​တို့​တွင် လေ​ထိ၍​အ​ပင်​သေ​ဘေး၊ အ​ရည်​ယို၍ သေ​ဘေး၊ မိုး​သီး​ဘေး​ဖြင့် ငါ​သည် ဒဏ်​ခတ်​ခဲ့​ပြီ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ 18ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကျ၍၊ န​ဝ​မ​လ နှစ်​ဆယ်​လေး​ရက်​နေ့၊ ယ​နေ့​မှ​စ၍ ရှေ့​သို့​မျှော်​ကြည့်​ဆင်​ခြင်​ကြ​ပါ​လော့။ ဆင်​ခြင်​ရ​မည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ 19စ​ပါး​ကျီ၌ စ​ပါး​ရှိ​သ​လော။ မ​ရှိ။ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်၊ သံ​လွင်​ပင်​တို့​သည် အ​သီး​ကို မ​သီး​ကြ​သေး။ သို့​သော်​လည်း၊ ယ​နေ့​မှ​စ၍ သင်​တို့​ကို ငါ​ကောင်း​ချီး​ပေး​မည်​ဟု မိန့်​တော်​မူ​၏။
ဇေ​ရု​ဗ​ဗေ​လ​အ​တွက်​က​တိ​တော်
20ထို​လ​နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဟ​ဂ္ဂဲ​သို့​တစ်​ဖန်​ရောက်​လာ၍၊ 21သင်​သည် ယု​ဒ​မြို့​ဝန်၊ ဇေ​ရု​ဗ​ဗေ​လ​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​လှုပ်​မည်။ 22တိုင်း​နိုင်​ငံ​တို့၏ ရာ​ဇ​ပ​လ္လင်​များ​ကို​မှောက်​လှန်၍၊ အ​မျိုး​မျိုး​သော တိုင်း​နိုင်​ငံ​တန်​ခိုး​ကို ဖျက်​ဆီး​မည်။ ရ​ထား​နှင့် ရ​ထား​စီး​သူ​ရဲ​တို့​ကို​လည်း မှောက်​လှန်​မည်။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​တို့​သည် တစ်​ယောက်​ကို တစ်​ယောက်​ခုတ်၍ လဲ​ကြ​လိမ့်​မည်။ 23ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ရှာ​လ​သေ​လ​သား၊ ငါ့​ကျွန် ဇေ​ရု​ဗ​ဗေ​လ၊ ထို​အ​ခါ သင့်​ကို​ငါ​ယူ၍ တံ​ဆိပ်​လက်​စွပ်​ကဲ့​သို့ ခန့်​ထား​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင့်​ကို ငါ​ရွေး​ချယ်​ပြီ​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ပ​ရော​ဖက်​ဟ​ဂ္ဂဲ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

Currently Selected:

ဟဂ္ဂဲ 2: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in