၁ ရာဇဝင်ချုပ် 8
8
ဗင်္ယာမိန်၏သားမြေးများ
1ဗင်္ယာမိန်သားဦးကား ဗေလ၊ ဒုတိယသား အာရှဗေလ၊ တတိယသား အဟိရံ၊ 2စတုတ္ထသား နောဟ၊ ပဥ္စမသား ရာဖတည်း။ 3ဗေလသားကား အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊ 4အဘိရွှ၊ နေမန်၊ အာဟော၊ 5ဂေရာ၊ ရှေဖုဖံ၊ ဟုရံတည်း၊ 6မာနဟက်မြို့သို့ နေရာပြောင်းသော ဂေဗမြို့သား အဆွေအမျိုးသူကြီးဖြစ်သော ဧဟုဒ်သားကား၊ နေမန်၊ အဟိယ၊ ဂေရတည်း။ 7နေရာပြောင်းသောနောက်၊ ဩဇနှင့် အဟိဟုဒ်ကိုလည်း မြင်၏။ 8ရှဟာရိမ်သည် မယားဟုရှိမ်နှင့် ဗာရာကိုစွန့်ပြီးမှ၊ မောဘပြည်၌နေ၍၊ 9မယားဟောဒေရှတွင် ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊ 10ယုဇ၊ ရှာခိ၊ မိရမတို့ကိုမြင်၍၊ ဤသူတို့သည် အဆွေအမျိုး သူကြီးဖြစ်ကြ၏။ 11အရင်မယား ဟုရှိမ်တွင်၊ အဘိတုပ်နှင့်ဧလပါလကို မြင်၏။ 12ဧလပါလသားကား ဧဗာ၊ မိရှဟံ၊ ရှာမက်တည်း။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့် ကျေးလက်များကို ပြုစုသောသူဖြစ်၏။
13ဗေရိယနှင့် ရှေမတို့သည် ဂါသမြို့သားတို့ကို နှင်ထုတ်သော အာဇလုန်မြို့သား အဆွေအမျိုးသူကြီးဖြစ်ကြ၏။ 14ထိုမှတစ်ပါး၊ အဟိဩ၊ ရှာရှက်၊ ယေရိမုတ်၊ 15ဇေဗဒိ၊ အာရဒ်၊ အာဒါ၊ 16မိက္ခေလ၊ ဣရှပ၊ ယောဟတို့သည် ဗေရိယသား ဖြစ်ကြ၏။
17ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊ ဟေဗာ၊ 18ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့သည် ဧလပါလသားတည်း။ 19ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊ 20ဧလျေနဲ၊ ဇိလသဲ၊ ဧလေလ၊ 21အဒါယ၊ ဗေရာယ၊ ရှိမရတ်တို့သည် ရှိမဟိသားတည်း။ 22ဣရှပန်၊ ဟေဗာ၊ ဧလေလ၊ 23အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊ 24ဟာနနိ၊ ဧလံ၊ အန္တောသိယ၊ 25ဣဖဒိယ၊ ပေနွေလတို့သည် ရှာရှက်သားတည်း။ 26ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊ 27ယာရရှိ၊ ဧလိယ၊ ဇိခရိတို့သည် ယေရောဟံသားတည်း။ 28ဤသူတို့သည် ယေရုရှလင်မြို့မှာနေ၍၊ အစဉ်အဆက် အဆွေအမျိုး သူကြီးမင်းဖြစ်ကြ၏။
29ဂိဗောင်မြို့မှာ ဂိဗေါင်အဘ ယေဟေလနေ၏။ သူ၏မယားကား မာခါအမည်ရှိ၏။ 30သူ၏သားဦးကား အာဗဒုန်၊ သူ၏ညီကား ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊ 31ဂေဒေါ်၊ အဟိဩ၊ ဇာခရိ၊ မိကလုတ်တည်း။ 32မိကလုတ်သားကား ရှိမံတည်း။ ဤသူတို့သည် ယေရုရှင်လင်မြို့မှာ ညီအစ်ကိုစုအနား၊ တစ်ဖက်တစ်ချက်၌ နေရာကျကြ၏။
ရှောလုမင်းကြီး၏အိမ်ထောင်စု
33နေရသားကား ကိရှ၊ ကိရှသား ရှောလု၊ ရှောလုသား ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလတည်း။ 34ယောနသန်သားကား မေရိဗ္ဗာလ၊ မေရိဗ္ဗာလသား မိက္ခာ၊ 35မိက္ခာသား ပိသုန်၊ မေလက်၊ တာရာ၊ အာခတ်တည်း။ 36အာခတ်သားကား ယာရ၊ ယာရသား အာလမက်၊ အာဇမာဝက်၊ ဇိမရိတည်း၊ ဇိမရိသားကား မောဇ၊ 37မောဇသား ဗိနာ၊ ဗိနာသား ရေဖာယ၊ ရေဖာယသား ဧလာသ၊ ဧလာသသား အာဇေလ၊ 38အာဇေလသား ခြောက်ယောက်အမည်ကား အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ ဩဗဒိ၊ ဟာနန်တည်း။ 39အာဇေလညီ ဧရှက်သားဦးကား ဥလံ၊ ဒုတိယသား ယေဟုတ်၊ တတိယသား ဧလိဖလက်တည်း။ 40ဥလံသားတို့သည် ခွန်အားကြီးသော လေးသူရဲဖြစ်ကြ၏။ သားမြေးများ၍ ပေါင်းတစ်ရာငါးဆယ်ရှိကြ၏။ ဤရွေ့ကား၊ ဗင်္ယာမိန်သားစဉ်မြေးဆက် ဖြစ်သတည်း။
Currently Selected:
၁ ရာဇဝင်ချုပ် 8: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.