YouVersion Logo
Search Icon

၁ ရာဇဝင်ချုပ် 3

3
ဒါ​ဝိဒ်​မင်း​၏​သား​သ​မီး​များ
1ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တို့​တွင် သား​ဦး​ကား၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​တွင်​မြင်​သော​သား အာ​မ​နုန်​တည်း။ ဒု​တိ​ယ​သား​ကား၊ က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တွင် မြင်​သော​သား ဒံ​ယေ​လ​တည်း။ 2တ​တိ​ယ​သား​ကား၊ ဂေ​ရှု​ရ​ရှင်​ဘု​ရင် တာ​လ​မဲ​သ​မီး​မာ​ခါ၏​သား အ​ဗ​ရှ​လုံ​တည်း။ စ​တု​တ္ထ​သား​ကား၊ ဟ​ဂ္ဂိတ်၏​သား အ​ဒေါ​နိ​ယ​တည်း။ 3ပ​ဥ္စ​မ​သား​ကား၊ အ​ဘိ​တ​လ၏​သား ရှေ​ဖ​တိ​တည်း။ ဆ​ဋ္ဌ​မ​သား​ကား၊ မြောက်​သား​တော် ဧ​ဂ​လ​တွင်​မြင်​သော​သား ဣ​သ​ရံ​တည်း။ 4ထို​သား​ခြောက်​ယောက်​တို့​ကို ဟေ​ဗြုန်​မြို့၌ မြင်၏။ ထို​မြို့​တွင် ခု​နစ်​နှစ်​နှင့် ခြောက်​လ မင်း​ပြု၏။ ယေ​ရု​ရှ​လင်​မြို့​တွင် အ​နှစ်​သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၏။#၂​ရာ၊ ၅:၄-၅။ ၃​ရာ၊ ၂:၁၁။ ၅​ရာ၊ ၂၉:၂၇။ 5ယေ​ရု​ရှ​လင်​မြို့၌ မြင်​သော​သား​ဟူ​မူ​ကား၊ ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်​တည်း​ဟူ​သော အ​မျေ​လ​သ​မီး ဗာ​သ​ရှေ​ဘ​တွင် မြင်​သော​သား လေး​ယောက်။#၂​ရာ၊ ၁၁:၃။ 6ထို​မှ​တစ်​ပါး၊ ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊ 7နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊ 8ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်၊ ပေါင်း​ကိုး​ယောက်​တည်း။ 9ဤ​ရွေ့​ကား မ​ယား​ငယ်​တွင် ရ​သော​သား​တို့​ကို​မ​ဆို​ဘဲ ဒါ​ဝိဒ်၏​သား​များ​တည်း။ နှ​မ​တာ​မာ​လည်း​ရှိ၏။
ရှော​လ​မုန်​မင်း​၏​သား​မြေး​များ
10ရှော​လ​မုန်​သား​ကား ရော​ဗောင်၊ ရော​ဗောင်​သား အ​ဘိ​ယ၊ အ​ဘိ​ယ​သား ယော​ရှ​ဖတ်၊ 11ယော​ရှ​ဖတ်​သား ယော​ရံ၊ ယော​ရံ​သား​အာ​ခ​ဇိ၊ အာ​ခ​ဇိ​သား ယော​ရှ၊ 12ယော​ရှ​သား အာ​မ​ဇိ၊ အာ​မ​ဇိ​သား ဩ​ဇိ၊ ဩ​ဇိ​သား ယော​သံ၊ 13ယော​သံ​သား အာ​ခတ်၊ အာ​ခတ်​သား ဟေ​ဇ​ကိ၊ ဟေ​ဇ​ကိ​သား မ​နာ​ရှေ၊ 14မ​နာ​ရှေ​သား အာ​မုန်၊ အာ​မုန်​သား ယော​ရှိ​တည်း။ 15ယော​ရှိ​သား​ဦး​ကား ယော​ဟာ​နန်၊ ဒု​တိ​ယ​သား ယော​ယ​ကိမ်၊ တ​တိ​ယ​သား ဇေ​ဒ​ကိ၊ စ​တု​တ္ထ​သား ရှ​လ္လုံ​တည်း။ 16ယော​ယ​ကိမ်​သား​ကား ယေ​ခေါ​နိ​နှင့် ဇေ​ဒ​ကိ​တည်း။
ယေ​ခေါ​နိ​မင်း​၏​သား​မြေး​များ
17အ​ကျဉ်း​ခံ​ရ​သော ယေ​ခေါ​နိ​သား​ကား ရှာ​လ​သေ​လ၊ 18မာ​လ​ခိ​ရံ၊ ပေ​ဒါ​ယ၊ ရှေ​န​ဇာ၊ ယေ​က​မိ၊ ဟော​ရှ​မ၊ နေ​ဒ​ဘိ​တည်း။ 19ရှာ​လ​သေ​လ​သား​ကား ဇေ​ရု​ဗ​ဗေ​လ​နှင့် ရှိ​မိ​တည်း။ ဇေ​ရု​ဗ​ဗေ​လ​သား​ကား မေ​ရှု​လံ၊ ဟာ​န​နိ၊ နှ​မ​ရှေ​လော​မိတ်​နှင့်​တ​ကွ၊ 20ဟ​ရှု​ဘ၊ ဩ​ဟေ​လ၊ ဗေ​ရ​ခိ၊ ဟ​သ​ဒိ၊ ယု​ရှဿေ​သက်၊ ပေါင်း​ငါး​ယောက်​တည်း။ 21ဟာ​န​နိ​သား​ကား ပေ​လ​တိ​နှင့် ယေ​ရှာ​ယ​တည်း။ ယေ​ရှာ​ယ​သား​ကား၊ ရေ​ဖာ​ယ၊ ရေ​ဖာ​ယ​သား အာ​နန်၊ အာ​နန်​သား ဩ​ဗ​ဒိ၊ ဩ​ဗ​ဒိ​သား​ရှေ​ခ​နိ၊ 22ရှေ​ခ​နိ​သား ရှေ​မာ​ယ​တည်း။ ရှေ​မာ​ယ​သား​ကား ဟ​တ္တုတ်၊ ဣ​ဂါ​လ၊ ဗာ​ရိ၊ နာ​ရိ၊ အာ​ဇ​ရိ၊ ရှာ​ဖတ်၊ ပေါင်း​ခြောက်​ယောက်​တည်း။ 23နာ​ရိ​သား​ကား ဧ​လိ​ဩ​နဲ၊ ဟေ​ဇ​ကိ၊ အာ​ဇ​ရိ​ကံ၊ ပေါင်း​သုံး​ယောက်​တည်း။ 24ဧ​လျော​နဲ​သား​ကား ဟော​ဒါ​ယ၊ ဧ​လျာ​ရှိပ်၊ ပေ​လာ​ယ၊ အ​က္ကုပ်၊ ယော​ဟန်၊ ဒ​လာ​ယ၊ အာ​န​နိ၊ ပေါင်း​ခု​နစ်​ယောက်​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in