ရှင်လုကာခရစ်ဝင် 4:9-12

ရှင်လုကာခရစ်ဝင် 4:9-12 MSBU

ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​၍ ဗိမာန်​တော်​ထိပ်ဖျား​၌​ရပ်​စေ​ပြီးလျှင် “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​နေရာ​မှ အောက်သို့​ခုန်ချ​ပါ။ အကြောင်းမှာ ‘သင့်​ကို​စောင့်ရှောက်​စေရန် ဘုရားသခင်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့​မိန့်မှာ​တော်မူ​မည်​ဖြစ်၍ သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့် ချီပင့်​ကြ​လိမ့်မည်’​ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို အကဲ​မ​စမ်း​ရ’ဟူ၍ မိန့်​တော်မူ​ထား​သည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။