ရှင်လုကာခရစ်ဝင် 4:5-8
ရှင်လုကာခရစ်ဝင် 4:5-8 MSBU
ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကိုပင့်ဆောင်သွား၍ တစ်ခဏချင်းတွင် ကမ္ဘာ့နိုင်ငံအားလုံးတို့ကို ကိုယ်တော်အားညွှန်ပြကာ “ဤအခွင့်အာဏာရှိသမျှနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကို သင့်အား ငါပေးမည်။ အကြောင်းမူကား ဤအရာကို ငါ့ထံ အပ်နှင်းထားပြီးဖြစ်၍ ၎င်းကို ငါပေးလိုသောသူအား ငါပေး၏။ သို့ဖြစ်၍ သင်သည် ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးသည် သင့်ဥစ္စာဖြစ်လိမ့်မည်”ဟု လျှောက်လေ၏။ ယေရှုကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။