ယုံကြည်သောသူတို့နှင့်အတူ ယှဉ်တွဲလျက်ရှိကြမည့်နိမိတ်လက္ခဏာများဟူမူကား သူတို့သည် ငါ၏နာမဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကိုပြောကြလိမ့်မည်။ သူတို့လက်ဖြင့် မြွေကိုဖမ်းကိုင်ကြလိမ့်မည်။ သေစေတတ်သောအဆိပ်တစ်စုံတစ်ခုကိုသောက်မိသော်လည်း သူတို့ကို လုံးဝအန္တရာယ်ဖြစ်စေမည်မဟုတ်။ မကျန်းမာသောသူတို့အပေါ်လက်တင်သောအခါ ထိုသူတို့သည် ကျန်းမာလာကြလိမ့်မည်”ဟု မိန့်တော်မူ၏။