YouVersion Logo
Search Icon

Luke 3:4-6

Luke 3:4-6 TPV-RV

အရိယာသူတော်စင်ဟေရှာယက သူ၏ကျမ်းတွင် ယောဟန်အကြောင်းကို ကြိုတင်နိမိတ်ဖတ်ရေးသားထားခဲ့သည်မှာ “တောကန္တာရထဲတွင် တစ်စုံတစ်ဦးက ကျယ်လောင်စွာအော်ဟစ်ကြွေးကြော်မည်ကား၊ ‘အရှင်သခင် ကြွလာမည့်လမ်းကို ပြင်ဆင်ကြလော့။ သူ၏လမ်းကို ဖြောင့်ဖြူးစေကြလော့။ တောင်ကြားချိုင့်ဝှမ်းတိုင်းကို မြေဖို့၍ တောင်ကုန်း၊ တောင်တန်းများကို ညီညာစေကြလော့။ ကွေးကောက်သောလမ်းများကို ဖြောင့်တန်းစေပြီး ကြမ်းတမ်းသောလမ်းများကို ချောမွေ့ပြေပြစ်စေကြလော့။ ထိုနောက်တွင် ဘုရားရှင်စေလွှတ်တော်မူသော ကယ်တင်ရှင်ကို လူတိုင်းတွေ့မြင်ရကြလိမ့်မည်’” ဟူ၍ဖြစ်၏။