Luke 24
24
1တနင်္ဂနွေနေ့စောစောတွင် အမျိုးသမီးတို့ အမွှေးနံ့သာ ရည်များကို ယူဆောင်၍ ကိုယ်တော်၏သင်္ချိုင်းဂူသို့ သွားရောက် လေသည်။ 2သူတို့သည် ဂူအပေါက်ဝမှကျောက်တုံးကြီး ကိုသင်္ချိုင်းဂူပေါက်ဝမှဖယ်ရှားထားသောကြောင့်အဝေးတစ်နေရာသို့ ရောက်နေသည်ကို တွေ့ရသဖြင့် ဂူထဲသို့ဝင်သွားကြသည်။ 3သို့ရာတွင် သူတို့သည် ကိုယ်တော်ယေရှု၏ ရုပ်အလောင်းကို မတွေ့ရတော့ပေ။ 4သူတို့သည်မည်သို့ဖြစ်သည်ကို စဉ်းစား၍မရနိုင်ဖြစ်နေ ကြသည်။ ရုတ်တရက် ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ထားပြီးကိုယ်ရောင် ကိုယ်ဝါတောက်ပနေသော လူနှစ်ဦး သူတို့ဘေးတွင်လာရပ် နေသည်။ 5အမျိုးသမီးတို့သည် ထိတ်လန့်တုန်လှုပ် သွားကြပြီး မြေကြီးပေါ်တွင် ဒူးတုပ်ဦးညွှတ်ကြလေ၏။ သို့သော် ထိုလူနှစ်ယောက်က “သေသူများသာထားသော သင်္ချိုင်းတွင် အဘယ့်ကြောင့် အသက်ရှင်သောလူကို လာ ရှာကြသနည်း။ 6ကိုယ်တော်ဤနေရာတွင် မရှိတော့ပါ၊ သူ သည်သေရာမှ ရှင်ပြန်ထမြောက်သွားပါပြီ၊ သူသည် သင်တို့ အား ဂါလိလဲ မှာရှိနေစဉ်ကပြောခဲ့တာကို သတိရကြပါ။ 7‘လူ့သားတော်’အား ဒုစရိုက်အပြစ်သား တွေလက်ထဲသို့ အပ်နှံကြလိမ့်မည်၊ သူတို့က ‘လူ့သားတော်’အား လက်ဝါး ကပ်တိုင်မှာ တင်၍သတ်ကြလိမ့်မည်၊ သို့သော်သူသည် သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်လိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။ 8ထိုအခါသူတို့သည် ကိုယ်တော် မိန့်တော်မူခဲ့သည်များကို မှတ်မိသွားကြသည်။ 9မာဂဒလမာရိ ယောဟန္န၊ ယာကုပ်၏မိခင်ဖြစ်သူ မာရိနှင့် အခြားသောမိန်းမအချို့တို့သည် ဂူသင်္ချိုင်းသို့သွားရောက် ကြည့်ရှုသူများဖြစ်သည်။ 10သူတို့သည် တပည့်တော် ဆယ့်တစ်ဦးထံသို့သွားရောက်ပြီး အဖြစ်အပျက်အလုံးစုံကို ပြောပြကြလေသည်။ 11တပည့်တော်တို့သည် ထိုအမျိုး သမီးတို့ပြောကြားသည့် စကားတို့သည် ယုတ္တိမရှိသော ကြောင့် မယုံကြည်ကြချေ။ 12သို့သော်ပေတရုသည် ဂူသင်္ချိုင်းသို့ပြေးသွားပြီး ငုံ့ကြည့်လေသည်။ ပိတ်စများသာ ရှိပြီး အခြားဘာမှမရှိတော့ချေ။ ထိုအခြင်းအရာကို အံ့ဩ လျက်အိမ်သို့ပြန်လေသည်။ 13ထိုနေ့တွင်ပင်တပည့်တော်နှစ်ဦးတို့သည်ယေရုရှလင်မှ ခုနှစ်မိုင်ခန့်ဝေးသော ဧမောက်ကျေးရွာ သို့ သွားကြသည်။ 14သူတို့သည်ကိုယ်တော်ယေရှုဖြစ်ပျက်ခဲ့ သောအကြောင်းအရာတို့ကို ဆွေးနွေး၍သွားနေကြလေသည်။ 15ထိုသို့တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေး၍သွားနေစဉ်ကိုယ်တော်သည် သူတို့နှင့်အတူလမ်းလျှောက်၍ ကြွတော်မူ၏။ 16တပည့်တော်တို့သည် ကိုယ်တော်အားမမှတ်မိကြချေ။ 17ကိုယ်တော်က “သင်တို့ လမ်းသွားရင်း ဘာတွေပြောနေကြ တာလဲ” ဟု မေးရာသူတို့သည် မတ်တပ်ရပ်လိုက်ကြပြီးဝမ်းနည်းစွာဖြင့်ကိုယ်တော်အားကြည့်လိုက်ကြလေသည်။ 18‘ကလောဖ’က ကိုယ်တော်အား “ကျန်ခဲ့တဲ့ရက် အနည်းငယ်က ယေရုရှလင်မှာဘာတွေဖြစ်သွားသလဲ ဆို တာကို မသိတာဟာ သင်တစ်ယောက်ပဲရှိတယ်”ဟု ပြော လိုက်သည်။ 19“ဘာတွေဖြစ်ပျက်ခဲ့လို့လဲ”ဟု ကိုယ်တော်က ပြန်မေးလိုက်လေသည်။ ထိုသူက “နာဇရက်မြို့က ကိုယ် တော်ယေရှု၏ အဖြစ်အပျက်များကို ဆိုလိုခြင်းဖြစ်သည်၊ သူသည်ဘုရားရှင်နဲ့ လူအပေါင်းတို့ကို ကျေနပ်နှစ်သက် အားရစေတော်မူတဲ့သူဖြစ်သည်၊ ကိုယ်တော်ယေရှု ပြုတော် မူသော အံ့ဩဖွယ်ရာများနဲ့ နှုတ်တော်မှထွက်လာသော နှုတ်ကပါတ်တော်များကို ကြည့်ပြီး ဘုန်းတန်ခိုးတော် အပေါ်င်းနှင့်ပြည့်စုံသော ပညာရှိ သူတော်ကောင်းဆိုတာ သိနိုင်၏။ 20ဘာသာရေးခေါင်းဆောင်များနဲ့ ကျွန်ုပ်တို့ရဲ့ ခေါင်းဆောင်တွေက သူ့ကိုဖမ်း၍ လက်ဝါးကပ်တိုင်တင်ပြီး သတ်လိုက်ကြသည်။ 21ထိုကိုယ်တော်သည် ကျွန်ုပ်တို့ ဣသရေလလူမျိုးအပေါင်းအား လွတ်မြောက်စေတော်မူ မည့် အရှင်ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ သို့ရာ တွင် ဤအဖြစ်အပျက်များ အားလုံးသည် လွန်ခဲ့သော သုံးရက်က ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။ 22ကျွန်တော်တို့ အဖွဲ့ ထဲမှ အမျိုးသမီးအချို့သည် ကျွန်တော်တို့အား အံ့ဩစရာများပြောပြခဲ့ပါ သည်။သူတို့သည် နံနက်စောစောသင်္ချိုင်းဂူသို့သွားခဲ့ရာ 23သူတို့သည် ကိုယ်တော်၏အလောင်းတော်ကို မတွေ့ခဲ့ကြ ပါ။ ဘုရားရှင်၏နတ်စေတမာန်များက ကိုယ်တော်ယေရှု သည် အသက်ပြန်လည် ရှင်ပြန်ထမြောက်သွားပြီဟုပြောပြ သည့်အကြောင်းအား သူတို့ပြန်လာသောအခါတွင် ကျွန် တော်တို့အား ပြန်လည်ပြောပြကြသည်။ 24ကျွန်တော်တို့ ထဲကလူအချို့ သင်္ချိုင်းကိုသွားကြည့်တဲ့အခါမှာလဲ ထိုအမျိုး သမီးများပြောသကဲ့သို့ဖြစ်နေပြီး သူတို့လည်း ကိုယ်တော် ယေရှုအလောင်းတော်ကို မတွေ့ခဲ့ကြပါ”ဟု ပြောပြကြလေ သည်။ 25ထို့နောက် ကိုယ်တော်က တပည့်တော် နှစ်ဦး အား “သင်တို့ အဘယ့်ကြောင့် နားမလည်နိုင်ကြသနည်း။ ပညာရှိ သူတော်ကောင်းများ၏ မိန့်မှာချက်များကိုယုံကြည် ရန် မည်သည့်အတွက်ကြောင့် နှောင့်နှေးနေကြသနည်း။ 26‘မေရှိယ’က သူ့ရဲ့ ဘုန်းတန်ခိုးတော်တွေကိုမရခင် ဒုက္ခဝေဒနာကိုခံစားရမယ်ဆိုတာမသိကြဘူးလား”ဟုပြောပြီး 27ကျမ်းတွင်ပါရှိသမျှ အကြောင်းအရာအားလုံးနှင့် မောရှေပညတ်ကျမ်းတွင် သူ့အကြောင်းအား ဖော်ပြခဲ့သမျှ တို့၏ ကျမ်းစာအနက်အဓိပ္ပါယ်ကို ရှင်းလင်းစွာဖော်ပြတော် မူ၏။ 28သူတို့နှစ်ဦး ရွာအနီးသို့ ရောက်လာသောအခါတွင် ကိုယ်တော်သည် အဝေးသို့ ဆက်လက်ထွက်ခွါမည့် ပုံစံမျိုးကိုမြင်ရသဖြင့် 29သူတို့က ကိုယ်တော်အား “နေဝင် မိုးချုပ်ပြီး အလွန်နောက်ကျနေပြီဖြစ်၍ ကျွန်ုပ်တို့နှင့်အတူ တူ တည်းခိုပါ” ဟု ကိုယ်တော်အား ဖိတ်ခေါ်လေသည်။ ထို့ကြောင့်ကိုယ်တော်က ၎င်းတို့နှင့်အတူ အိမ်အတွင်းသို့ တည်းခိုရန်အတွက် ဝင်ရောက်သွားလေသည်။ 30စား သောက်ဝိုင်းတွင်ထိုင်ပြီးသည်နှင့် ကိုယ်တော်သည်ပေါင်မုန့် ကိုကိုင်၍ ဘုရားဂုဏ်တော်ကို ချီးမွမ်းပါသည်။ ပေါင်မုန့်ကို ဖဲ့၍ ထိုသူတို့ကိုပေးလေသည်။ 31ထိုအခါ ချက်ချင်းပင် ကိုယ်တော်ဖြစ်ကြောင်း သူတို့သိသွားကြသည်။ ထို့နောက် ကိုယ်တော်ပျောက်ကွယ်သွားတော့သည်။ 32“ကိုယ်တော် ကျုပ်တို့ကို လမ်းမှာကျမ်းစာတွေအကြောင်း ပြောနေတုန်း က ကျုပ်တို့ရဲ့စိတ်နှလုံးထဲမှာ ရင်းရင်းနှီးနှီးသိနေတယ်လို့ ခံစားနေရတယ်မဟုတ်လား”ဟုအချင်းချင်းပြောဆိုကြပြီး 33သူတို့နှစ်ဦးသည် ချက်ချင်းယေရုရှလင်ကို ပြန်သွားကြ လေသည်။ တပည့်တော် တစ်ဆယ့်တစ်ယောက်တို့သည် အခြားသူများနှင့်အတူ စုဝေးလျက်ရှိနေသည်ကို တွေ့ရလေ သည်။ 34စုဝေးလျှက်ရှိသော တပည့်တော်တို့သည် ကိုယ်တော်ယေရှု သေခြင်းမှအမှန်ပင် ရှင်ပြန်ထမြောက် တော်မူပြီး ပေတရုအားဖူးမြင်ခွင့်ပေးခဲ့ကြောင်းကို သိကြရ လေသည်။ 35ဧမောက် မှတပည့်တော်များသည် လမ်း တွင် ၎င်းတို့ကြုံခဲ့သမျှနှင့် ပေါင်မုန့်ကို ဖဲ့လိုက်သောအခါ တွင် ကိုယ်တော်ယေရှုဖြစ် နေကြောင်း သိလိုက်ရပုံတို့ကို ပြောပြကြလေသည်။ 36တပည့်တော်များသည် ထိုအကြောင်းအရာ အဖြစ်အ ပျက်တို့ကို ပြောပြနေစဉ်ပင် ကိုယ်တော်သည် သူတို့၏ အလယ်၌ ကိုယ်ထင်ပြတော်မူပြီး သူတို့အား နှုတ်ခွန်း ဆက်သလိုက်လေသည်။ 37တပည့်တော် တို့သည် သရဲခြောက်သည်ဟုထင်၍ ကြောက်လန့် သွားကြသည်။ 38သို့သော်ကိုယ်တော်က “သင်တို့ အဘယ့်ကြောင့် ကြောက် နေကြသနည်း။ အဘယ်ကြောင့် ယုံမှားသံသယဝင်နေရ သနည်း။ 39ငါ့၏လက်များ၊ ခြေထောက်များကို ကြည့် လိုက်ပါ။ ငါ့ကိုတို့ထိကြည့်လိုက်ပါ၊ ငါ့တွင်အသားများ အရိုး များရှိပါသည်”ဟု မိန့်တော်မူ လိုက်လေသည်။ 40ထိုသို့ ပြောဆိုပြီး သူ၏လက်နှင့်ခြေ ထောက်တို့ကို ပြလိုက်လေ သည်။ 41တပည့်တော်တို့လည်း လွန်စွာဝမ်းမြောက် ဝမ်းသာဖြင့် မယုံကြည်နိုင် လောက်အောင် အံ့ဩသွားကြ လေသည်။ ကိုယ်တော်က သူတို့ကို “စားစရာရှိသလား” ဟုမေးတော်မူ၏။ 42သူတို့ သည် ငါးကင်ကိုပေးလိုက်ရာ 43ကိုယ်တော်သည် ၎င်းတို့ရှေ့မှာပင်စားလိုက်လေသည်။ 44ကိုယ်တော်က‘မောရှေပညတ်နဲ့ ပရောဖတ်တို့၏ စာ အုပ်များ၊ဆာလံကျမ်းများမှာ ကိုယ်တော့်အကြောင်း ဖော်ပြ ထားသည့်အတိုင်း အမှန်ဖြစ်လာလိမ့်မည်။ ဟု သင်တို့အား ပြောပြခဲ့သည့် အကြောင်းများမှာယခု အဖြစ်အပျက်များ ပင်ဖြစ်သည်။ 45ထို့နောက် ကျမ်းစာတော်ကို နားလည် ရန်အတွက် တပည့်တော်များအား သွန်သင်လမ်းပြပေး တော်မူလေ၏။ 46ကျမ်းများတွင် ‘မေရှိယ’သည် ဆင်းရဲ ဒုက္ခများကို ခံစားရပြီး သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူလိမ့်မည်။ 47တပည့် တော်တို့သည် နိုင်ငံတိုင်းမှလူတို့အား ခွင့်လွှတ်ခြင်းခံရရန် အတွက် ကိုယ်တော်ယေရှု၏ နာမတော်ဖြင့် ဘုရားကို ဆည်းကပ်ကြရန် ဟောကြားမည်ဖြစ်သည်။ 48ထို့ကြောင့် သင်တို့သည် ယေရုရှလင်မှ အစပြု၍ ဤအဖြစ်အပျက်အ လုံးစုံကို ဟောပြောကြရမည် ဖြစ်သည်။ 49အဖဘုရားရှင် ကတိတော် ပေးထားသည့်အတိုင်း ဘုရား၏ ဉာဏ်အလင်း တော်သည် သင်တို့ထံသို့ သက်ရောက်စေမည်။ သို့သော် သင်တို့သည် နိဗ္ဗာန်ရွှေမြို့တော်မှ တန်ခိုးပါဝါပေးအပ်သည့် အချိန်အထိ ဤမြို့တော်မှာစောင့်နေကြပါ”ဟု မိန့်တော်မူ လေသည်။ 50ကိုယ်တော်သည် တပည့်တော်များကိုခေါ်၍ ‘ဗေသနိ’ မြို့ပြင်တစ်နေရာသို့ ကြွလှမ်းတော်မူလေသည်။ ထိုနေရာ သို့ရောက်သည့်အခါ တပည့်တော် အားလုံးအတွက် လက် တော်ကိုမြှောက်၍ ကောင်းချီးပေးတော်မူသည်။ 51ထိုသို့ ပြုလုပ်ပြီး နိဗ္ဗာန်ရွှေမြို့တော်သို့ ကြွမြန်းတော်မူလေသည်။ တပည့်တော်များသည် ကိုယ်တော်အား ရှိခိုးကန်တော့ကြ ပြီးလျှင် အလွန်ပျော်ရွှင်စွာဖြင့် ယေရုရှလင်သို့ ပြန်သွားကြ လေသည်။သူတို့သည် ဗိမာန်တော်သို့ လာရောက်၍ ဘုရား ဂုဏ်ကျေးဇူးတော်ကို အမြဲမပြတ်ချီးမွမ်းကြလေသည်။ 52တပည့်တော်တို့သည်ကိုယ်တော်အား ညွှတ်တွားပျက်ဝပ်စွာ ရှိခိုးပြီးလျှင် ရွှင်လန်းဝမ်းမြောက်စွာဖြင့် ယေရုရှလင်သို့ ပြန်ကြလေသည်။ 53ယေရုရှလင်မြို့သို့ရောက်သောအခါ ဗိမာန်တော်တွင် အမြဲမပြတ်ဘုရားရှင်၏ဂုဏ်တော်အပေါင်းကို ချီးမွမ်းလျက်နေကြလေသည်။
Currently Selected:
Luke 24: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.