YouVersion Logo
Search Icon

Luke 11

11
1တစ်ရက်နိန့်ခါ ကိုယ်တော်ယေရှုဟာ တစ်နီရာမာ ဆုတောင်းလို့ဟိနီရေ။ ဆုတောင်းပြီးတဲ့အခါ တပည့်တော်တစ်ယောက်က ကိုယ်တော်ပါးကိုလာပနာ “ကိုယ်တော်၊ ရီနှိုက်မင်္ဂလာဆရာယောဟန်က သူ့ရဲ့တပည့်တိကို ဆုတောင်းဖို့ သင်ပီးပိုင်မျိုး ကျွန်နော်ရို့ကိုလည်းသင်ပီးတော်မူပါ” လို့လျှောက်ထားလိုက်တေ။ 2ယင်းခါ ကိုယ်တော်က သူရို့ကို “မတ်ရို့ ဆုတောင်းကတ်တေအခါ ‘ရွှေမြို့တော်မာဟိတော်မူယေအဖဘုရားရှင်၊ အဖဘုရားရှင်ရဲ့နာမတော်ဟာ ရိုသေကိုင်းရှိုင်းမှုကို ခံရပါစီ။ အဖဘုရားရှင်ရဲ့သာသနာတော် ပေါ်ထွန်းပါစီ။ 3ကျွန်နော်ရို့အတွက် လိုအပ်တဲ့အစားအစာတိကို နိန့်တိုင်းနိန့်တိုင်း ပီးသနားတော်မူပါ။ 4ကျွန်နော်ရို့ကို အပြစ်ဒုစရိုက်လုပ်‌တဲ့လူတိကို ကျွန်နော်ရို့က ခွင့်လွှတ်ပီးဟာပိုင်မျိုး ကျွန်နော်ရို့ရဲ့အပြစ်ဒုစရိုက်တိကို ခွင့်လွှတ်ပီးတော်မူပါ။ ကျွန်နော်ရို့ကို အပြစ်ဒုစရိုက်တိလုပ်မိအောင် ဆွဲဆောင်ရေအရာတိကိုလည်း တားဆီးပီးတော်မူပါ’ လို့ဆုတောင်းကတ်ပါ” ဆိုပြီးကေမိန့်တော်မူရေ။ 5နောက်ထပ် ကိုယ်တော်က ပုံဥပမာတစ်ခုနဲ့ မိန့်တော်မူရေ။ ကိုယ်တော်က “မတ်ရို့ထဲက တစ်ယောက်ယောက်မာ သူငယ်ချင်းတစ်ယောက်ဟိရေဆိုကေ ညဉ့်သန်းခေါင်အချိန်မာ ယင်းလူပါးကိုလားပနာ 6‘သူငယ်ချင်း၊ ငါ့သူငယ်ချင်းတစ်ယောက် ခရီးဝီးကနီရောက်လာလို့ သူ့ကိုကျွေးမွေးဧည့်ခံဖို့ တစ်ခုတောင်မဟိလို့ မုန့်သုံးလုံးလောက်ချေး’ လို့ပြောကေ 7အိမ်ထဲမာဟိတဲ့မတ်သူငယ်ချင်းက ‘ငါ့ကို မနှောက်ယှက်ကေ့၊ အိမ်တံခါးတိလည်း ပိတ်ထားပြီးရာ၊ ငါနဲ့ငါ့သားသမီးတိလည်းအိပ်နီရာ၊ ငါဟာထပြီးကေ မတ်ကိုတစ်ခုတောင်မပီးနိုင်ရာ’ လို့ပြန်ပြောလိမ့်မယ်။ 8မတ်ရို့ကို ငါပြောမေ။ ယင်းသူဟာ သူ့သူငယ်ချင်းဆိုဟာကိုထောက်ထားပြီးကေ မတ်ကိုတစ်ခုတောင် လာပီးဖို့မဟုတ်ကေလည်း မတ်ကဆက်လို့ဇွဲမလျှော့ဘဲတောင်းနီကေ သူ့နာမည်ကို မထိခိုက်စီဖို့ သူဟာ ထလာပနာ မတ်လိုအပ်သလောက်ကို ပီးလိမ့်မယ်။ 9ယင်းကြောင့် မတ်ရို့ကို ငါပြောချင်ဟာက တောင်းကတ်ပါ၊ ရကတ်လိမ့်မယ်။ ရှာကတ်ပါ၊ တွိ့ကတ်လိမ့်မယ်။ တံခါးကိုခေါက်ပါ၊ ဖွင့်ပီးပါလိမ့်မယ်။ 10အဇာဖြိုက်လို့ဆိုကေ တောင်းရေလူတိုင်း ရလိမ့်မယ်။ ရှာရေလူတိုင်း တွိ့ကတ်လိမ့်မယ်။ တံခါးခေါက်တေလူတိုင်းကို တံခါးဖွင့်ပီးလိမ့်မယ်။ 11အမှန်လို့ မတ်ရို့သားသမီးတိက ငါးတစ်ကောင်ကိုတောင်းကေ အဇာမိဘက မြွီကို ပီးဖို့ရောင်။ 12ယပိုင်မဟုတ်ပဲနဲ့ ကြက်ဥကိုတောင်းကေ အဇာမိဘက ကင်းမြှီးကောက်ကို ပီးဖို့ရောင်။ 13ယင်းဟာကြောင့် မတ်ရို့ဟာ မကောင်းရေလူတိ ဖြိုက်နီကေတောင် မတ်ရို့သားသမီးတိကို ကောင်းရေဟာတိကိုရာပီးတတ်ကေ ရွှေမြို့တော်က အဖဘုရားရှင်ဟာလည်း သူ့ပါးကလာတောင်းရေ အသူ့ကိုမဆို ဉာဏ်အလင်းတော်ကိုတောင် ပိုလို့ပီးဖို့မဟုတ်လား” လို့မိန့်တော်မူခရေ။ 14တစ်နိန့်မာ ကိုယ်တော်ဟာ လူတစ်ယောက်ကို စကားမပြောနိုင်အောင်ပြုစားထားရေ မကောင်းဆိုးဝါးကို နှင်ထုတ်တော်မူရေ။ ကိုယ်တော်က မကောင်းဆိုးဝါးကိုနှင်ထုတ်ပြီးခါ အနီရေလူက စကားပြန်လို့ပြောနိုင်ဟာကြောင့် လူပရိတ်သတ်တိဟာ အံ့ဩလားကတ်တေ။ 15ယေတာလဲသို့ တချို့လူတိက “ဒေလူဟာ မကောင်းဆိုးဝါးတိရဲ့ဘုရင် ဗေလဇေဗုလရဲ့တန်ခိုးနဲ့a ဒေမကောင်းဆိုးဝါးတိကို နှင်ထုတ်နီဟာယာ” လို့ပြောကတ်တေ။ 16အရာလူတိကလည်း ကိုယ်တော်ကို စမ်းသပ်ချင်ကတ်ဟာကြောင့် သူရို့ဟာ ကိုယ်တော်ကို ဘုရားရှင်ပါးက နိမိတ်လက္ခဏာတစ်ခုခုကို ပြစီချင်ကတ်တေ။ 17ကိုယ်တော်က သူရို့ရဲ့စိတ်ကို သိတော်မူဟာကြောင့် သူရို့ကို “နိုင်ငံတစ်ခုမာ လူတိဟာ စိတ်ဝမ်းကွဲပနာ အချင်းချင်းဆန့်ကျင်နီကတ်ကေ ယင်းနိုင်ငံဟာ မကြာခင်ပျက်စီးလားလိမ့်မယ်။ ယင်းပိုင်ယာ မိသားစုတစ်စုမာလည်း စိတ်ဝမ်းကွဲပနာ အချင်းချင်း ရန်ဖြိုက်နီကတ်ကေ ယင်းမိသားစုဟာ ပြိုကွဲရလိမ့်မယ်။ 18အမှန်လို့ မာရ်နတ်ဟာ သူ့ဟာသူဆန့်ကျင်ကွဲပြားနီကေ သူ့နိုင်ငံဟာ ပဇောင်ပိုင် တည်မြဲနိုင်ဖို့ရောင်။ ငါဒေပိုင်ပြောရဟာက မတ်ရို့က ငါ့ကို ဗေလဇေဗုလရဲ့တန်ခိုးနဲ့ မကောင်းဆိုးဝါးတိကို နှင်ထုတ်ရေလို့ ပြောကတ်တေ။ 19အမှန်လို့ ငါဟာ ဗေလဇေဗုလရဲ့တန်ခိုးနဲ့ မကောင်းဆိုးဝါးတိကို နှင်ထုတ်နီရေဆိုကေ မတ်ရို့ရဲ့တပည့်တိဟာ အသူ့တန်ခိုးအာဏာကိုသုံးပနာ မကောင်းဆိုးဝါးတိကို နှင်ထုတ်နီကတ်ရောင်။ မတ်ရို့ရဲ့တပည့်တိဟာ မတ်ရို့မှားနီရေဆိုဟာရဲ့သက်သီရာဖြိုက်တေ။ 20ယေတာလဲသို့ ငါဟာ ဘုရားရှင်ရဲ့ဘုန်းတန်ခိုးတော်နဲ့ မကောင်းဆိုးဝါးတိကို နှင်ထုတ်ဟာဖြိုက်လို့ မတ်ရို့ပါးကို ဘုရားရှင်ရဲ့သာသနာတော် ရောက်နီယာဆိုဟာကို ဖော်ပြနီဟာဖြိုက်တေ။ 21ခွန်အားကြီးရေလူတစ်ယောက်ဟာ လက်နက်အပြည့်အစုံနဲ့ သူ့အိမ်ကိုစောင့်ကြပ်တေအခါ သူပိုင်ဆိုင်ရေပစ္စည်းဥစ္စာအားလုံးဟာ လုံခြုံနီလိမ့်မယ်။ 22ယေတာလဲသို့ သူ့ထက်ခွန်အားပိုကြီးရေလူက သူ့ကိုလာလို့တိုက်ခိုက်ပနာ နိုင်လားခရေဆိုကေ သူအားကိုးရေလက်နက်တိကို သိမ်းယူပြီးကေ ပစ္စည်းဥစ္စာတိကိုလည်း ယူလားပနာ အရာလူတိကိုလည်း ခွဲပီးလိမ့်မယ်။ 23ငါ့ဘက်က မရပ်တည်ရေအသူမဆို ငါ့ကိုဆန့်ကျင်ရေလူရာ ဖြိုက်တေ။ ဘုရားရှင်အတွက် လူတိကိုစုဖို့ ငါ့ကိုမကူညီတဲ့လူဟာ လူတိကို ဘုရားရှင်ပါးကနီ ဝီးရေနီရာကို ကွဲထွက်လားစီရေလူ ဖြိုက်တေ” လို့မိန့်တော်မူရေ။ 24နောက်ထပ် ကိုယ်တော်က “မကောင်းဆိုးဝါးဟာ သူဝင်ပူးနီရေလူပါးကထွက်လားပနာ ကန္တာရထဲမာလှည့်ပြီးကေ နားဖို့နီရာတစ်ခုကို ရှာနီခရေ။ ယေတာလဲသို့ နီရာတစ်နီရာလဲရှာမတွိ့ရေအတွက် ‘ငါအရင်နီဖူးရေနီရာကိုပဲ ပြန်ဖို့ရာ’ လို့ပြောပနာ အရင်ကဝင်ပူးခတဲ့လူပါးကို ပြန်လာခရေ။ 25သူပြန်ရောက်တေအခါ အရင်သူပူးကပ်ခရေလူရဲ့ခန္ဓာကိုယ်ဟာ သန့်ရှင်းသပ်ရပ်အောင်လှည်းထားပြီးကေ သပ်ရပ်အောင်စီစဉ်ထားတဲ့ အိမ်တစ်လုံးပိုင်မျိုးဖြိုက်နီဟာကို တွိ့လိုက်ရရေ။ 26ယင်းခါ မကောင်းဆိုးဝါးဟာ သူ့ထက်ဆိုး‌ရေ အရာမကောင်းဆိုးဝါးခုနစ်ကောင်ကို လားလို့ခေါ်လာပြီးကေ နီကတ်ဟာကြောင့် ယင်းလူရဲ့အခြေအနေဟာ အယင်ကထက် ပိုဆိုးလားခရေ” လို့မိန့်တော်မူလိုက်တေ။ 27ကိုယ်တော်ဟာ ယင်းပိုင်မျိုးမိန့်တော်မူနီခါ လူထုပရိတ်သတ်ထဲက မမါ့တစ်ယောက်က “ကိုယ်တော့်ကို မွီးဖွားသန့်စင်ပီးပနာ နို့ချိုတိုက်ကျွေးခရေမမါ့ဟာ မင်္ဂလာဟိရေလူဖြိုက်ပါရေ” လို့အသံအကျယ်ကြီးနဲ့ လျှောက်လိုက်တေ။ 28ယေခါ ကိုယ်တော်က “မှန်ပါရေ။ ယေတာလဲသို့ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်တိကို နာကြားပြီးကေ လိုက်နာကျင့်သုံးရေလူတိက ပိုလို့မင်္ဂလာဟိရေလူတိဖြိုက်တေ” လို့ပြန်ပနာမိန့်လိုက်တေ။ 29လူပရိတ်သတ်တိဟာ ကိုယ်တော်နားမာ ဝိုင်းလို့စုလာကတ်တေခါ ကိုယ်တော်က “ဒေနိန့်ခေတ်လူတိဟာ ကောင်းဆိုးကတ်တေ။ အဇာဖြိုက်လို့ဆိုကေ အသင်ရို့ဟာ ဘုရားရှင်က ငါ့ကိုစီလွှတ်လိုက်တေဆိုဟာကို သက်သီအဖြိုက် အံ့ဖွယ်နိမိတ်လက္ခဏာကို ပြစီချင်ကတ်တေ။ ယကေလဲ အသင်ရို့မြင်ရဖို့နိမိတ်လက္ခဏာတစ်ခုက အယင်ကဟိခရေ ပရောဖက်ယောနရဲ့b နိမိတ်လက္ခဏာရာ ဖြိုက်တေ။ 30ယောနဟာ နိနေဝေမြို့သားတိအတွက် နိမိတ်လက္ခဏာဖြိုက်ပိုင်မျိုး လူ့သားတော်ဟာလည်း ဒေနိန့်ခေတ်လူတိအတွက် နိမိတ်လက္ခဏာတစ်ခုဖြိုက်လိမ့်မယ်။ 31တရားစီရင်တဲ့နိန့်ရောက်ကေ ရှေဘပြည်ဘုရင်မဟာc အဂုခေတ်လူတိနဲ့အတူ အသက်ပြန်ရှင်လာပနာ အဂုခေတ်လူတိရဲ့မှားယွင်းမှုကို အပြစ်ပီးပြီးကေ စွဲချက်တင်လိမ့်မေ။ အဇာဖြိုက်လို့ဆိုကေ ရှေဘပြည်ဘုရင်မဟာ ဉာဏ်ပညာကြီးမြတ်တဲ့ ရှောလမုန်ဘုရင်ကြီးရဲ့အဆုံးအမတိကို နာကြားရဖို့ ဝီးလံရေတိုင်းပြည်ကနီ လာခရရေ။ ယေတာလဲ အဂုဒေနီရာမာ ရှောလမုန်ဘုရင်ကြီးထက် ပိုလို့ကြီးမြတ်တဲ့လူဟာ ရောက်နီရာဖြိုက်တေ။ 32ယင်းပိုင်ရာ တရားစီရင်တဲ့နိန့်မာ နိနေဝေမြို့သားတိဟာလည်း ဒေနိန့်ခေတ်လူတိနဲ့တတူ ရှင်သန်ထမြောက်ပြီးကေ ဒေမျိုးဆက်တိရဲ့မှားယွင်းဟာတိကို ပြစ်တင်စွဲဆိုလိမ့်မေ။ အဇာဖြိုက်လို့ဆိုကေ နိနေဝေမြို့သားတိဟာ ယောနရဲ့ဟောပြောသွန်သင်မှုတိကိုကြားနာရတဲ့အခါ နောင်တသံဝေဂရကတ်ဟာကြောင့်ဖြိုက်တေ။ အသင်ရို့ကို ငါပြောမေ။ ဒေနီရာမာ ယောနထက်ပိုလို့ ကြီးမြတ်တဲ့လူ ဟိနီရာဖြိုက်တေ” လို့မိန့်တော်မူလိုက်တေ။ 33ယပြီးကေ ကိုယ်တော်က “မီးတိုင်ထွန်းထားရေ မီးအိမ်ကို တစ်ယောက်မာလဲ ဝှက်လို့လည်းမထား၊ တောင်းအောက်မာ ဖုံးထားဟာလို့လည်း မဟိ။ အိမ်ထဲကို ဝင်လာရေလူတိ အလင်းရောင်ရအောင် မီးအိမ်ကို မီးတိုင်မာရာ ချိတ်ထားကတ်တေ။ 34အသင်ရို့ရဲ့မျက်စိဟာ အသင့်ခန္ဓာကိုယ်ရဲ့ မီးအိမ်ပိုင်မျိုးယာ ဖြိုက်တေ။ အသင့်မျက်စိကောင်းကေ အသင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာ အလင်းရာင်ရနီလိမ့်မေ။ ယေတာလဲ အသင့်မျက်စိမကောင်းကေ အသင့်ခန္ဓာကိုယ်တစ်ခုလုံးဟာ မှောင်မိုက်နီလိမ့်မယ်။ 35ယင်းဟာကြောင့် အသင်ရို့မာဟိရေအလင်းရောင်ကို အမှောင်မဖြိုက်အောင် သတိပြုကတ်ပါ။ 36ယင်းကြောင့် အသင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမာ မှောင်မိုက်တဲ့အပိုင်းမဟိပဲ တောက်ပနီကေ မီးအိမ်ကအလင်းရောင်ဟာ အသင့်ပါးမာထွန်းလင်းနီပိုင်မျိုး အသင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း တောက်ပနီလိမ့်မယ်” လို့မိန့်တော်မူရေ။ 37ယင်းပိုင် မိန့်လိုက်ပြီးရေအခါ ဖာရိရှဲတစ်ယောက်ဟာ ကိုယ်တော်ကို အစားအသောက်နဲ့ဧည့်ခံဖို့ သူ့အိမ်ကို ပင့်ဖိတ်တဲ့အတွက် ကိုယ်တော်ဟာ ကြွတော်မူပနာ စားပွဲမာထိုင်တော်မူရေ။ 38ယေတာလဲ ကိုယ်တော်ဟာ အစာမစားခင် မဆီးမကြောဘဲ စားပွဲမာထိုင်နီဟာကို ယင်းဖာရိရှဲမြင်ခါ အံ့ဩလားခရေ။ 39ယင်းခါ ကိုယ်တော်က ဖာရိရှဲတိကို “မတ်ရို့ဖာရိရှဲတိဟာ ပန်းကန်ခွက်ယောက်တိရဲ့ပြင်ဘက်ကိုယာ ဆေးကြောသန့်စင်ကတ်ပနာ မတ်ရို့ရဲ့အတွင်းစိတ်တိမာ လောဘတိ၊ မကောင်းတဲ့အရာတိနဲ့ပြည့်နီရေ။ 40လူမိုက်တိ၊ ဘုရားရှင်ဟာ အတွင်းနဲ့အပြင် နှစ်ဘက်လုံးကို ဖန်ဆင်းပီးထားရေမဟုတ်လား။ 41ယင်းကြောင့် မတ်ရို့မာဟိဟာတိကိုရာ ဆင်းရဲသားတိကိုပီးကမ်းကေ မတ်ရို့ဟာ ဘုရားရှင်ရဲ့ရှေ့မှောက်မှာ သန့်ရှင်းစင်ကြယ်ကတ်လိမ့်မေ။ 42ဖာရိရှဲရို့၊ မတ်ရို့ဟာ အမင်္ဂလာဟိကတ်တေ။ အဇာဖြိုက်လို့ဆိုကေ မတ်ရို့ဟာ ဥယျာဉ်ခြံကထွက်တေ အသီးအနှံတိရဲ့ဆယ်ပုံတစ်ပုံကို ဘုရားရှင်ပါးမာ ပီးလှူကတ်ကေလဲ မတ်ရို့ဟာ မတရားမှုတိကို မသိဟန်ဆောင်ပြီးကေ ဘုရားရှင်ကိုလည်း အမှန်တကယ် ချိုက်ခင်ခြင်းမဟိကတ်။ မတ်ရို့ဟာ ဆယ်ပုံတစ်ပုံပီးလှူရဖို့အပြင် အရာလူတိကိုလည်း တရားမျှတမှု၊ သနားကြင်နာမှုတိနဲ့ ဆက်ဆံပြီးကေ ဘုရားရှင်ကိုလည်း ချိုက်ရဖို့။ 43ဖာရိရှဲရို့၊ မတ်ရို့ဟာ အမင်္ဂလာဟိကတ်တေ။ အဇာဖြိုက်လို့ဆိုကေ မတ်ရို့ဟာ ဓမ္မာရုံတိမာလည်း ရှေ့ဆုံးကထိုင်ချင်ကတ်တေ။ ဈီးထဲမာလည်း လူတိရဲ့အလေးထားနှုတ်ဆက်ဟာကို ကြိုက်ကတ်တေ။ 44ယင်းအရာတိဟာ အမင်္ဂလာတိရာ။ မတ်ရို့ဟာ လူတိက သင်္ချိုင်းဂူမှန်းမသိပဲ ဖြတ်လားဖြတ်လာလုပ်ကတ်တဲ့ သင်္ချိုင်းဂူတိနဲ့တူရေ” လို့မိန့်တော်မူလိုက်တေ။ 45ယင်းခါ ကျမ်းတတ်ဆရာတစ်ယောက်က ကိုယ်တော်ယေရှုကို “ဆရာ၊ ဒေပိုင်မိန့်ဆိုဟာက ကျွန်နော်ရို့ကိုလည်း ပြစ်တင်ရှုံ့ချရာရောက်ပါရေ” လို့လျှောက်လိုက်တေ။ 46ယင်းခါ ကိုယ်တော်ကလည်း “ကျမ်းတတ်ဆရာရို့ မတ်ရို့ဟာလည်း အမင်္ဂလာဟိကတ်တေ။ အဇာဖြိုက်လို့ဆိုကေ မတ်ရို့ဟာ လူတိလိုက်နာဖို့ စည်းကမ်းတိထားကတ်ဟာက လူတိမထမ်းနိုင်တဲ့ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတိကို ထမ်းခိုင်းဟာနဲ့တူရေ။ ယေတာလဲ မတ်ရို့ကကျကေ ယင်းလူတိကိုကူညီဖို့ လက်ညှိုးတစ်ချောင်းတောင် မထုတ်ကတ်။ 47မတ်ရို့ဟာ အကရောင်း အမင်္ဂလာဟိကတ်တေ။ အဇာဖြိုက်လို့ဆိုကေ အယင်ခါက မတ်ရို့ရဲ့အဖိုးအဖီးတိက သတ်ခရေ ပရောဖက်တိအတွက် သင်္ချိုင်းဂူတိကိုမတ်ရို့က ဆောက်ပီးနီကတ်တေ။ 48ယင်းပိုင်လုပ်ဟာက မတ်ရို့ရဲ့အဖိုးအဖီးလုပ်ခဟာတိ မှန်ရေလို့ ထောက်ခံနီဟာဖြိုက်တေ။ ယင်းပိုင်မထောက်ခံကေ မတ်ရို့ ဆောက်ပီးဖို့မဟုတ်။ 49ယင်းဟာကြောင့် အားလုံးကိုသိတော်မူရေဘုရားရှင်က ‘မတ်ရို့ပါးကို ပရောဖက်တိနဲ့ သာဝကတိကို စီလွှတ်တော်မူဖို့။ ယကေလဲ မတ်ရို့ဟာ ယင်းပရောဖက်တိ၊ သာဝကတိကို တချို့ကိုသတ်ပနာ တချို့ကိုနှိပ်စက်ကတ်လိမ့်မယ်’ လို့မိန့်တော်မူခဟာဖြိုက်တေ။ 50ယပြီးကေ ဒေနိန့်ခေတ်လူသားတိဟာ ကမ္ဘာဦးအစကပင် သူရို့သတ်ခကတ်တဲ့ ပရောဖက်တိရဲ့သီဆုံးခြင်းအတွက် အပြစ်ဒဏ်စီရင်ဟာကို ခံကတ်ရလိမ့်မယ်။ 51အသင်ရို့ကို ငါအမှန်ပြောမေ။ ယင်းအထဲမာ ပထမဆုံးအသတ်ခံခရတဲ့ ပရောဖက်အာဗေလကစပနာd ဗိမာန်တော်နဲ့ပလ္လင်ကြားမာ နောက်ဆုံးအသတ်ခံခရတဲ့ ဇာခရိအထိe အသင်ရို့အဖိုးအဖီးတိလုပ်ခဟာတိအတွက် ဘုရားရှင်ဟာ အသင်ရို့ကို အပြစ်ပီးလိမ့်မေ။ 52ကျမ်းတတ်ဆရာတိ၊ မတ်ရို့ဟာ အမင်္ဂလာဟိကတ်တေ။ အဇာဖြိုက်လို့ဆိုကေ မတ်ရို့ဟာ လူတိကို ဘုရားရှင်နဲ့သက်ဆိုင်‌ရေ အသိပညာဘဏ်တိုက်ရဲ့တံခါးသော့ကို သိမ်းထားကတ်ပနာ ကိုယ်တိုင်လည်းမဝင်၊ အရာလူတိကိုလည်း မဝင်ဖို့တားကတ်တေ” လို့မိန့်တော်မူခရေ။ 53ယပြီးဟာနဲ့ ကိုယ်တော်ဟာ ယင်းနီရာက ထွက်ခွာလားရေအခါမာ ကျမ်းတတ်ဆရာတိနဲ့ ဖာရိရှဲတိက ကောင်းဒေါသထွက်လားပြီးကေ ကိုယ်တော်ကို အကြောင်းအရာအများကြီးနဲ့ပတ်သက်ပနာ မီးခွန်းတိအများကြီး မီးမြန်းခကတ်တေ။ 54ယင်းသူရို့ဟာ ကိုယ်တော်မိန့်တော်မူရေစကားတိမာ အမှားတစ်ခုခုပါကေ ကိုယ်တော်ကို ပြစ်တင်စွပ်စွဲဖို့ ဒေပိုင်မီးမြန်းခကတ်ဟာဖြိုက်တေ။

Currently Selected:

Luke 11: stpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in