Luke 11
11
1တနိန့်မာ ကိုယ်တော်ယေရှုက နီရာတစ်ခုမာ ဆုတောင်းလို့ ဟိနီပါရေ။ ဘုရားဝတ်ပြုဆုတောင်း ပြီးရေခါ တပည့်တော်တစ်ယောက်က ကိုယ်တော်ဘားကို လာပနာ “ကိုယ်တော်၊ ရီနစ်မင်္ဂလာဆရာယောဟန်က သူ၏တပည့်တိကို ဆုတောင်းဖို့ သင်ပီးရေပိုင် ကျွန်တော်ရို့ကိုလည်း သင်ပီးပါ” လို့ လျှောက်ထားလီရေ။ 2ယေခါ ကိုယ်တော်က သူရို့ကို “သင်ရို့ ဆုတောင်းရေအခါ ‘ရွှီမြို့တော်မာဟိတော်မူရေ အဖဘုရားသျှင်၊ အဖဘုရားသျှင်၏နာမတော် ရိုသီကိုင်းသျှိုင်းမှုခံရပါစီ။ အဖဘုရားသျှင်၏သာသနာတော်ပေါ်ထွန်းပါစီ။ 3ကျွန်တော်ရို့အတွက် လိုအပ်ရေ အစားအဟာရတိကို နိန့်စိုင် နိန်စိုင် ပီးသနားတော်မူပါ။ 4ကျွန်တော်ရို့ဘားမာ အပြစ်ဒုစရိုက်လုပ်ထားရေလူတိကို ကျွန်တော်ရို့က ခွင့်ရွှတ်ပီးရေပိုင် ကျွန်တော်ရို့၏အပြစ်ဒုစရိုက်တိကိုလည်း ခွင့်ရွှတ်ပီးတော်မူပါ။ ကျွန်တော်ရို့ အပြစ်ဒုစရိုက် လုပ်မိအောင် ဆွဲဆောင်စွာတိကလည်း ဟန့်တားပီးတော်မူပါ’ လို့ ဆုတောင်းကတ်ပါ” လို့ ဆိုဗျာလ် မိန့်တော်မူပါရေ။ 5ယေပြီးကေ ကိုယ်တော်က ပုံဥပမာတစ်ခုနန့် ပြောပြလီရေ။ ကိုယ်တော်က “သင်ရို့ထဲမာ တစ်ယောက်ယောက်က မိတ်ဆွီတစ်ယောက်အိမ်ကို ညဉ့်သန်းခေါင်အချိန်မာ လားပနာ ‘မိတ်ဆွီ၊ 6ကျွန်တော့်မိတ်ဆွီတစ်ယောက် ခရီးလားယင်း ကျွန်တော့်ဘားကိုရောက်လာလို့ သူ့ကို ကျွေးဖို့တစ်ခုလေ့မဟိရေအတွက်နန့် ကျွန်တော့်ကို မုန့်သုံးလုံးလောက်ချီးပါ’ လို့ ဆိုကေ 7အိမ်ထဲမာဟိရေ သင့်မိတ်ဆွီက ‘ငါ့ကို အနှောက်အယှက်မပီးပါကေ့၊ အိမ်တန်းခါးတိလည်း ပိတ်ထားဗျာလ်၊ ငါနန့် ငါ့သားသမီးတိလည်း အိပ်နီဗျာလ်၊ ငါ ထလို့ သင့်ကို တစ်ခုကိုလေ့ မပီးနိုင်ပါ’ လို့ ပြန်ပြောလိမ့်မေ။ 8သင်ရို့ကို ငါ ပြောမေ ယင်းသူက သူ၏မိတ်ဆွီဖြစ်တေဆိုရုံနန့် ဇာတစ်ခုလေ့ ထလို့ လာပီးဖို့ မဟုတ်ကေတောင် ဇွဲမလျော့ဘဲဆက်လို့တောင်းနီကေ သူက သူ့ဂုဏ်သတင်းကို မထိခိုက်စီဖို့ ထလာပြီးကေ ယင်းသူလိုအပ်သလောက်ကို ပီးပါလိမ့်မေ။ 9ယေတွက်နန့် သင်ရို့ကို ငါ ပြောချင်စွာက တောင်းကတ်ပါ၊ ရကတ်လိမ့်မေ။ ရှာကတ်ပါ၊ တွိ့ကတ်လိမ့်မေ။ တန်းခါးခေါက်ပါ၊ ဖွင့်ပီးပါလိမ့်မေ။ 10ဇာတွက်နန့်ဆိုကေ တောင်းသူတိုင်း ရကတ်လိမ့်မေ။ ရှာသူတိုင်း တွိ့ကတ်လိမ့်မေ။ တန်းခါးခေါက်သူတိုင်းကိုလည်း ဖွင့်ပီးပါလိမ့်မေ။ 11သင့်သားက ငါးတစ်ကောင်ကိုတောင်းကေ သင့်ရို့ထဲက ဇာအဖကလည်း ငါးအစား မြွီကိုပီးဖို့လဲ။ 12ယေမှမဟုတ် သူက ကြက်ဥကိုတောင်းကေ ကင်းမြှီးကောက်ကို ပီးဖို့လား၊ တစ်ယောက်လည်းမပီးပါ။ 13ယေတွက်နန့် သင်ရို့က မကောင်းရေလူတိဖြစ်နီကေတောင် သင်ရို့၏သားသမီးတိကို ကောင်းရေအရာတိကိုရာ ပီးဖို့စွာကိုသိကေ ရွှီမြို့တော်မာဟိရေ အဖဘုရားသျှင်ကလည်း သူ့ဘားက တောင်းရေလူကို ပိုလို့တောင် ဉာဏ်အလင်းတော်ကို ပီးဖို့မဟုတ်လား” လို့ မိန့်တော်မူပါရေ။ 14တနိန့်မာ ကိုယ်တော်က လူတစ်ယောက်ကို ဘဘောဖြစ်အောင် လုပ်ထားရေ မကောင်းဆိုးဝါးကို နှင်ထုတ်တော်မူပါရေ။ ကိုယ်တော်က မကောင်းဆိုးဝါးကို နှင်ထုတ်ပြီးရေခါ ဘဘောဖြစ်နီသူက စကားပြောနိုင်လို့ လူပရိတ်သတ်တိလည်း အံ့ဩကြီးကျလားလီရေ။ 15ယေကေလည်း လူတစ်ချို့က “ဒေသူစွာ မကောင်းဆိုးဝါးတိ၏ဂေါင်းဆောင် ဗေလဇေဗုလ၏တန်ခိုးနန့် ဒေမကောင်းဆိုးဝါးတိကို နှင်ထုတ်နီစွာဖြစ်တေ” လို့ ပြောကတ်လီရေ။ 16အရာလူတိကလည်း ကိုယ်တော်ကို စမ်းသပ်ချင်ကတ်လို့ ကိုယ်တော်၏တန်ခိုးတိက ရွှီမြို့တော်မှ ဘုရားသျှင်ဘားက လာရေဆိုစွာကို နိမိတ်လက္ခဏာ တစ်ခုခုနန့်လုပ်ပြဖို့ တောင်းဆိုကတ်ပါရေ။ 17ယေကေလည်း ကိုယ်တော်က ယင်းသူရို့၏စိတ်ကို သိလို့ သူရို့ကို “နိုင်ငံတစ်နိုင်ငံဟိ လူတိက အချင်းချင်း ဆန့်ကျင်တိုက်ခိုက်နီကတ်ကေ ယင်းနိုင်ငံရေ ပျက်စီးလားရလိမ့်မေ။ ယင်းပိုင်ဗျာလ် မိသားစု တစ်စုမာလည်း အချင်းချင်း ရန်ဖြစ်နီကတ်ကေ ယင်းမိသားစုလည်း ပြိုကွဲရလိမ့်မေ။ 18ယေတွက်နန့် ဗေလဇေဗုလမာလည်း သူ၏တိုင်းပြည်မာဟိရေ မကောင်းဆိုးဝါးတိနန့် အချင်းချင်း အမြဲ ဆန့်ကျင်တိုက်ခိုက်နီကတ်ကေ သူ၏နိုင်ငံကလည်း ပျက်စီးလားရလိမ့်မေ ဖြစ်တေ။ ငါ ဒေပိုင်ပြောရစွာက ဗေလဇေဗုလက မကောင်းဆိုးဝါးတိကို နှင်ထုတ်နိုင်ရေတန်ခိုးတိ ငါ့ကို ပီးထားရေလို့ သင်ရို့ပြောရေအတွက်နန့်ဖြစ်တေ။ 19တကယ်လို့ ငါက ဗေလဇေဗုလ၏တန်ခိုးနန့် မကောင်းဆိုးဝါးတိကို နှင်ထုတ်တေဆိုကေ သင်ရို့၏တပည့်တိကလည်း ဇာသူ့တန်ခိုးအာဏာနန့် မကောင်းဆိုးဝါးတိကို နှင်ထုတ်နီကတ်လဲ။ ယေတွက်နန့် သင်ရို့စွပ်စွဲစွာတိက မှားယွင်းနီရေဆိုစွာကို သင်ရို့၏တပည့်တိက သက်သီပြနီပါရေ။ 20ယေကေလည်း ငါက ဘုရားသျှင်၏ဘုန်းတန်ခိုးတော်နန့် မကောင်းဆိုးဝါးကို နှင်ထုတ်စွာဖြစ်တေအတွက် ယင်းအရာတိက သင်ရို့ဘားမာ ဘုရားသျှင်၏သာသနာတော် ရောက်ဟိနီဗျာလ်ဆိုစွာကို ဖော်ပြနီစွာဖြစ်တေ။ 21သံမာရေလူတစ်ယောက်က လက်နက်အပြည့်အစုံနန့် သူ၏အိမ်ကို စောင့်ရှောက်ရေအခါ သူ၏ပစ္စည်းဥစ္စာတိအားလုံးက လုံခြုံမှုဟိပါရေ။ 22ယေကေလည်း သူ့ထက် ပိုလို့သံမာရေလူတစ်ယောက်က သူ့ကိုလာလို့ တိုက်ပနာ နိုင်လားကေ သူ အားကိုးရရေ လက်နက်တိကို ယူလားဗျာလ် သိမ်းလို့ရရေပစ္စည်းဥစ္စာတိကိုလည်း အရာလူတိကို ခွဲဝီပီးပါလိမ့်မေ။ 23ငါ့ဘက်မာ မရပ်တည်သူ ဇာသူမဆို ငါ့ကို လန့်ဆန့်လုပ်သူပင်ဖြစ်တေ။ ဘုရားသျှင်အတွက် လူတိကိုစုစည်းဖို့ ငါ့ကို မကူညီသူက လူတိကို ဘုရားသျှင်ဘားက အဝီးကို ရောက်လားအောင်လုပ်သူဖြစ်တေ” လို့ မိန့်တော်မူလီရေ။ 24ကိုယ်တော်က ဆက်ပြီးကေ “မကောင်းဆိုးဝါးက သူပူးနီခရေလူဘားကထွက်ပြီးကေ သဲကန္တာရထဲမာ လည်ပတ်ပနာ နီဖို့နီရာ ရှာလီရေ။ ယေကေလည်း နီစရာရှာမတွိ့ရေအတွက်နန့် ယင်းမကောင်းဆိုးဝါးက ‘ငါ နီခရေလူဘားကို ပြန်လားမေ’ လို့ ဆိုဗျာလ် ပြန်လားခလီရေ။ 25မကောင်းဆိုးဝါး ပြန်လို့ရောက်လာရေအခါ အယင်က သူပူးနီခရေလူ၏ခန္ဓာကိုယ်က ပစ္စည်းတိကို သသပ်ယယပ်ယှင်းနီအောင် လှည်းထားရေ အိမ်တစ်လုံးပိုင် ဖြစ်နီစွာကို တွိ့ရပါရေ။ 26ယေခါမာ မကောင်းဆိုးဝါးက သူ့ထက် သာလို့ဆိုးရေမကောင်းဆိုးဝါး ခနစ်ကောင်ကို ခေါ်လာဗျာလ် သူရို့အားလုံး ယင်းလူဘားကို ဝင်ပူးကတ်တေအခါ ယင်းလူ၏အခြီအနီက အယင်ကထက် သာလို့ဆိုးလားပါရေ” လို့ မိန့်တော်မူလီရေ။ 27ဒေပိုင်ကိုယ်တော်မိန့်တော်မူနီစိုင် လူထုပရိတ်သတ်ထဲက မမာ့တစ်ယောက်က “ကိုယ်တော်ကို မွီးပီးပြီးကေ နို့တိုက်ရေမမာ့က အမှန်တကယ် ဘုရားသျှင် မျက်နှာပီးစွာကို ခံရသူ ဖြစ်ပါရေ” လို့ အသံကျယ်ကျယ်နန့် လျှောက်တင်လီရေ။ 28ယေခါ ကိုယ်တော်က “မှန်ပါရေ။ ယေကေလည်း ဘုရားသျှင်၏နှုတ်ကပါတ်တော်တိကို နာယူရပနာ လိုက်နာကျင့်ကြံသူတိကရာ သာလို့ မျက်နှာပီးခံရသူတိ ဖြစ်ပါရေ” လို့ ပြန်လို့ မိန့်ကြားလီရေ။ 29လူထုပရိတ်သတ်တိ ပိုလို့များလာရေအခါ ကိုယ်တော်က “အဂုခေတ်လူတိက ဆိုးယုတ်သူတိဖြစ်ကတ်တေ။ ဇာတွက်နန့်ဆိုကေ သူရို့က ငါ့ကို ဘုရားသျှင်စီလွှတ်လိုက်တေဆိုစွာကို သက်သီပြဖို့ အံ့ဩဖို့ကောင်းရေ နိမိတ်လက္ခဏာကို လုပ်ပြဖို့ ငါ့ကို တောင်းဆိုရေအတွက်နန့် ဖြစ်တေ။ ယေကေလည်း သူရို့မြင်ရဖို့ တစ်ခုတည်းဟိရေ နိမိတ်လက္ခဏာမာ ရှိ့အယင်က ပရောဖက်ယောန ဖြစ်ခရေ ယင်းပိုင်နိမိတ်လက္ခဏာမျိုးကိုရာ မြင်ကတ်ရလိမ့်မေဖြစ်တေ။ 30ယောနက နိနေဝေမြို့သားတိအတွက် နိမိတ်လက္ခဏာဖြစ်ရေပိုင် လူ့သားတော်ကလည်း အဂုခေတ်လူတိအတွက် နိမိတ်လက္ခဏာတစ်ခု ဖြစ်လိမ့်မေ။ 31တရားစီရင်ဖို့နိန့်ရောက်ရေအခါ ရှေဘပြည်ဘုရင်မကcလည်း အဂုခေတ်လူတိနန့်တတူ အသက်ပြန်ရင်လာဗျာလ် အဂုခေတ်လူတိ မှားနီစွာတိကို အပြစ်ပီးပြီးကေ စွဲချက်တင်လိမ့်မေ။ ဇာတွက်နန့်ဆိုကေ သူမက ဉာဏ်ကြီးသျှင် ရှောလမုန်ဘုရင်ကြီး၏အဆုံးအမတိကို နားထောင်ဖို့ ကောင်းကောင်းဝီးရေ တိုင်းပြည်ကနီ လာခရလီရေ။ သင်ရို့ကို ငါ ပြောမေ အဂု ဒေနီရာမာ ရှောလမုန်ဘုရင်ကြီးထက် ပိုလို့မြင့်မြတ်သူက သင်ရို့နန့်တတူဟိနီရေ။ ယေကေလည်း သူ ဆုံးမစွာတိကို လက်မခံကတ်။ 32ယင်းပိုင်ဗျာလ် တရားစီရင်ရေနိန့်မာ နိနေဝေမြို့သားတိကလည်း အဂုခေတ်လူတိနန့်တတူ အသက်ပြန်ရင်လာဗျာလ် သူရို့ကို အပြစ် စီရင်လိမ့်မေ။ ဇာတွက်နန့်ဆိုကေ နိနေဝေမြို့သားတိက ယောန၏ဟောပြောသွန်သင်စွာတိကို နာယူရရေအခါမာ နောင်တသံဝေဂ ရကတ်လို့ဖြစ်တေ။ သင်ရို့ကို ငါ ပြောမေ အဂုခေတ်ဒေနီရာမာ ယောနထက်ပိုလို့ မြင့်မြတ်သူက ဟိနီရေ။ ယေကေလည်း သင်ရို့က သူ ဆုံးမစွာတိကို လက်မခံရေအတွက်နန့် နောင်တသံဝေဂ မရကတ်ပါ” လို့ မိန့်တော်မူပါရေ။ 33ယေပြီးကေ ကိုယ်တော်က “ဆီမီးထွန်းထားရေ မီးအိမ်ကို တစ်ယောက်လည်း မဝှက်၊ တောင်းအောက်မာလည်း ဖုံးလို့မထား။ ယင်းအစား အိမ်ထဲကို ဝင်လာသူတိုင်း အလင်းရစီဖို့ မီးအိမ်ကို မီးတိုင်မာရာ ချိတ်ထားကတ်ပါရေ။ 34သင်ရို့၏မျက်စိတိက သင်ရို့ခန္ဓာကိုယ်ကို အလင်ရောင်ပီးရေမီးအိမ်တိပိုင် ဖြစ်တေ။ မျက်စိကောင်းကေ သင်၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း အလင်းရောင် ရဟိလိမ့်မေ။ ယေကေလည် မျက်စိမကောင်းကေ သင်၏ခန္ဓာကိုယ်ကလည်း မိုက်နီပါလိမ့်မေ။ 35ယေနန့် သင့်မာဟိရေ အလင်းရောင်းကို မိုက်မနီအောင် အရီးစိုက်ကတ်ပါ။ 36ယေတွက်နန့် သင်၏ခန္ဓာတစ်ခုလုံးက အလင်းရောင်တိနန့် ပြည့်နီကေ ဇာအစိတ်အပိုင်းလည်း မိုက်နီဖို့ မဟုတ်ဘဲ မီးအိမ်၏အလင်းရောင်က သင့်ဘားမာ လင်းနီရေပိုင် သင်၏ခန္ဓာတစ်ခုလုံးမာလည်း လင်းနီလိမ့်မေ” လို့ မိန့်တော်မူပါရေ။ 37ယင်းပိုင် မိန့်တော်မူပြီးရေခါ ဖာရိရှဲတစ်ယောက်က ကိုယ်တော်ကို အစားအစာတိနန့်လောကွပ်ဝပ်ပြုဖို့ သူ၏အိမ်ကို ပင့်လီရေ။ ယေတွက်နန့် ကိုယ်တော်က ကြွတော်မူဗျာလ် စားပွဲမာ ထိုင်လိုက်ပါရေ။ 38ယေကေလည်း ကိုယ်တော်ယေရှုက ဂျူးလူမျိုးတိ၏ဓလိထုံးစံအရ အစာမစားခင် အယင်လက်ဆီးခြင်းမလုပ်စွာကို ဖာရိရှဲက မြင်ရေခါ အံ့ဩလားလီရေ။ 39ယေခါ အသျှင်က ယင်းသူ့ကို “သင်ရို့ ဖာရိရှဲတိက ဟင်းဇားလောင်ဗန်းတိ ညစ်ပတ်နီရေ အတွင်းဖက်ကိုမဆီးဘဲ အပြင်ဖက်ကိုရာ ဆီးကတ်တေလူတိနန့်တူရေ။ သင်ရို့က သင်ရို့၏လက်တိကိုဆီးကတ်ကေလည်း သင်ရို့၏အတွင်းစိတ်တိက လောဘတရားတိနန့် မကောင်းရေအရာတိ အမှန် ပြည့်နီပါရေ။ 40လူမိုက်တိ၊ ဘုရားသျှင်က သင်ရို့ခန္ဓာကိုယ် အပြင်ပန်းကိုရာမက သင်ရို့၏အတွင်းထဲက စိတ်နှလုံးကိုပါ ဖန်ဆင်းပီး ထားရေမဟုတ်လား။ 41ယေတွက်နန့် မကောင်းရေစိတ်နန့် လောဘကြီးစွာတိမဟိဘဲ သင်ရို့မာဟိရေအရာတိကို ဆင်းရဲသားတိကို ပီးကမ်းစွန့်ကြဲကတ်ပါ ယေမှရာ သင်ရို့က အမှန်စင်စစ် ဘုရားသျှင်၏ရှိ့မာ သန့်ယှင်းနီကတ်ပါလိမ့်မေ။ 42ဖာရိရှဲရို့၊ သင်ရို့က အမင်္ဂလာဟိကတ်တေ။ ဇာတွက်နန့်ဆိုကေ သင်ရို့က နုန်း၊ စမုန်စပါးနန့် အခြားဥယျာဉ်ထွက် ဟင်းသီးဟင်းရွက်တိကို ဆယ်ပုံတစ်ပုံ ဘုရားသျှင်ကို လှူဒါန်းကတ်ကေလည်း သင်ရို့က သူတစ်ပါးကို မတရားဆက်ဆံကတ်ပြီးကေ ဘုရားသျှင်ကိုလည်း သျှစ်ခင်မြတ်နိုးမှု မဟိကတ်ပါ။ သင်ရို့က ဘုရားသျှင်ကို ဆယ်ပုံတစ်ပုံ လှူဒါန်းရေအပြင် အရာလူတိကိုလည်း တရားမျှတစွာဆက်ဆံပြီးကေ ဘုရားသျှင်ကိုလည်း သျှစ်မြတ်နိုးရဖို့။ 43ဖာရိရှဲရို့၊ သင်ရို့က အမင်္ဂလာဟိကတ်တေ။ ဇာတွက်နန့်ဆိုကေ သင်ရို့က ဓမ္မာရုံတိမာလည်း အကောင်းဆုံးနီရာမာထိုင်ချင်ကတ်တေ။ ဈီးထဲမာလည်း လူတိ တလေးတစား နှုတ်ဆက်စွာကို လိုချင်ကတ်ပါရေ။ 44သင်ရို့က အမင်္ဂလာဟိကတ်တေ။ ဇာတွက်နန့်ဆိုကေ သင်ရို့က အမှတ်အသားမဟိဘဲ အလောင်းမြုပ်ထားရေ မြီဇာပုံ နန့်တူရေ လူတိက ယင်းအထက်ကိုမသိဘဲ အလား အလာလုပ်နီကတ်တေe” လို့ မိန့်တော်မူလီရေ။ 45ယေတွက်နန့် ကျမ်းတတ်ဆရာတစ်ယောက်က ကိုယ်တော်ယေရှုကို “ဆရာ၊ ဒေပိုင်မိန့်ဆိုစွာက ကျွန်တော်ရို့ကိုလည်း အပြစ်တင်အပုတ်ချရာ ရောက်ပါရေ” လို့ လျှောက်ထားလီရေ။ 46ကိုယ်တော်က “ကျမ်းတတ်ဆရာတိ သင်ရို့ကလည်း အမင်္ဂလာဟိကတ်တေ။ ဇာတွက်နန့်ဆိုကေ သင်ရို့က လူတိ လိုက်နာဖို့ စည်းမျည်းစည်းကမ်းအများကြီး ထားဟိစွာက လူတိမနိုင်ရေဝန်ထုပ်ဝန်ပိုးတိကို ထမ်းစီရေပိုင် ဖြစ်ပါရေ။ ယေကေလည်း သင်ရို့ကိုယ်တိုင်လည်း ယင်းသူရို့ကို ကူညီဖို့အတွက် လက်ညှိုးတစ်ချောင်းတောင် မလှုပ်ကတ်ပါ။ 47သင်ရို့က အမင်္ဂလာဟိကတ်ပါရေ။ ဇာဖြစ်လို့ဆိုကေ သင်ရို့က ရှိ့အယင်က သင်ရို့၏ဖိုးဖီးတိ သတ်ခရေ ပရောဖက်တိ၏သင်္ချိုင်းဂူတိကို လှအောင် ဆောက်ပီးရေအတွက်နန့် ဖြစ်တေ။ 48ယင်းပိုင်လုပ်စွာရေ သင်ရို့က သင်ရို့ဖိုးဖီးတိ လုပ်ခစွာတိကို သဘောတူ ထောက်ခံနီစွာ ဖြစ်တေ။ သင်ရို့က သဘောမတူခကေ ပရောဖက်တိကို သတ်ပြီးကေ သင်ရို့က ယင်းပရောဖက်တိ၏သင်္ချိုင်းဂူတိကို လှအောင်ဆောက်ပီးမာ မဟုတ်ပါ။ 49ယင်းအကြောင်းရင်းကြောင့် ဘုရားသျှင်က ဉာဏ်ပညာကြီးစွာဖြင့် ‘ပရောဖက်တိနန့် သာဝကတိကို သင်ရို့ဘားကို ငါစီလွှတ်မေ။ ယေကေလည်း သင်ရို့က ယင်းသူရို့ထဲက တစ်ချို့ကိုသတ်လို့ တစ်ချို့ကို ညှည်းဆဲကတ်လိမ့်မေ’ လို့ မိန့်တော်မူခစွာဖြစ်တေ။ 50ယေပြီးကေ အဂုခေတ်လူတိက ကမ္ဘာဦးအစကပင် ယင်းသူရို့အဖိုးအဖီးတိ သတ်ခကတ်တေ ပရောဖက်အားလုံး၏သီလားစွာအတွက် ဘုရားသျှင် အပြစ်စီရင်စွာကို ခံရပါလိမ့်မေ။ 51သင်ရို့ကို ငါ အမှန်ပြောမေ ပထမဦးဆုံးအသတ်ခံခရရေ အာဗေလကစပနာf ပူဇော်ပလ္လင်နန့် ဗိမာန်တော် အဆောက်အဦးကြားမာ နောက်ဆုံး အသတ်ခံခရရေ ဇာခရိအထိg သင်ရို့ဖိုးဖီးတိ သတ်ခစွာဟူသမျှအတွက် ဘုရားသျှင်က သင်ရို့ကို အပြစ်ပီးလိမ့်မေ။ 52ကျမ်းတတ်ဆရာရို့၊ သင်ရို့က အမင်္ဂလာဟိကတ်တေ။ ဇာတွက်နန့်ဆိုကေ သင်ရို့က ဘုရားသျှင်၏စစ်မှန်ရေလမ်းစဉ်ကို မသိအောင်တားဆီးကတ်လို့ဖြစ်တေ။ သင်ရို့ကိုယ်တိုင်လည်း ယင်းလမ်းစဉ်ကို မလိုက်ရေအပြင် လိုက်နာချင်သူတိကိုလည်း တားဆီးကတ်ပါရေ” လို့ မိန့်တော်မူလီရေ။ 53ယေပြီးကေ ကိုယ်တော်က ယင်းအရပ်က ထွက်လားပြီးရေအခါမာ ကျမ်းတတ်ဆရာတိနန့် ဖာရိရှဲတိက ကိုယ်တော်အပေါ် ကောင်းကောင်းဒေါသထွက်ပြီးကေ ကိုယ်တော်ကို အကြောင်းအရာအများကြီးနန့် ပတ်သတ်တေ မိန်းခွန်းအများကြီးကို မိန်းမြန်းကတ်လီရေ။ 54ယင်းသူရို့က ယင်းပိုင်မိန်းမြန်းဗျာလ် ကိုယ်တော်အမှားတစ်ခုခုပြောကေ အပြစ်တင် စွပ်စွဲဖို့ အရေးတစိုက် စောင့်ကြည့်နီကတ်ပါရေ။
Currently Selected:
Luke 11: ntpv-rv
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the Northern Rakhine Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.