မဿဲ 13
13
မျိုးကြဲသူ၏ပုံဥပမာ
(မာ၊ ၄:၁-၉။ လု၊ ၈:၄-၈။)
1ထိုနေ့၌ပင်လျှင်သခင်ယေရှုသည်ထိုအိမ်မှ ထွက်ကြွတော်မူ၍အိုင်ကမ်းခြေတွင်ထိုင်တော် မူ၏။- 2အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။-#လု၊ ၅:၁-၃။ 3ကိုယ်တော်သည်ထိုသူတို့အား ပုံဥပမာဆောင်၍ များစွာသောအကြောင်းအရာများကိုသွန်သင် တော်မူ၏။
ကိုယ်တော်က ``မျိုးကြဲသူလူတစ်ယောက်သည် မျိုးကြဲရန်ထွက်သွား၏။- 4မျိုးကြဲသောအခါအချို့မျိုးစေ့တို့သည်လမ်း တွင်ကျသဖြင့်ငှက်တို့သည်လာ၍စားကြ၏။- 5အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၏။ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊- 6နေထွက်သောအခါနေပူလောင်၍အမြစ်မစွဲ သည့်အတွက်ညှိုးနွမ်း၍သွားကြ၏။- 7အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၏။ ဆူးပင် များကြီးထွားလာပြီးနောက်အပင်ငယ်တို့ကို လွှမ်းမိုးကာသေစေကြ၏။- 8အချို့မျိုးစေ့တို့ကားမြေကောင်းမြေသန့်တွင် ကျ၏။ အပင်များပေါက်၍အဆတစ်ရာ၊ အဆ ခြောက်ဆယ်၊ အဆသုံးဆယ်သီးနှံများကိုဆောင် ကုန်၏။
9ကြားတတ်သောနားရှိသူတို့ကြားကြလော့'' ဟု မိန့်တော်မူ၏။
ပုံဥပမာများ၏ရည်ရွယ်ချက်
(မာ၊ ၄:၁၀-၁၂။ လု၊ ၈:၉-၁၀။)
10တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်အဘယ်ကြောင့်လူတို့အားပုံ ဥပမာဖြင့်သာလျှင်မိန့်တော်မူပါသနည်း'' ဟု မေးလျှောက်ကြ၏။
11ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။- 12ဘုရားသခင်သည်ရှိသူအားပိုလျှံသည့်တိုင်အောင် ထပ်လောင်း၍ပေးတော်မူ၍မရှိသူထံမှရှိသမျှ ကိုပင်ရုပ်သိမ်းတော်မူလိမ့်မည်။-#မ၊ ၂၅:၂၉။ မာ၊ ၄:၂၅။ လု၊ ၈:၁၈၊ ၁၉:၂၆။ 13သူတို့အားပုံဥပမာဆောင်၍ငါပြောရသည့် အကြောင်းမှာသူတို့သည်ကြည့်သော်လည်းမမြင်၊ နားထောင်သော်လည်းမကြားသို့မဟုတ်နားမ လည်သောကြောင့်ဖြစ်၏။
14ထို့ကြောင့်၊
`ဤသူတို့သည်ကြားလျက်နှင့်နားလည်လိမ့်မည် မဟုတ်။ မြင်လျက်နှင့်သိလိမ့်မည်မဟုတ်။#ဟေရှာ၊ ၆:၉-၁၀။
15ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်
သူတို့၏နားများသည်လေးလျက်မျက်စိများသည် ပိတ်လျက်ရှိ၏။
အကယ်၍သာသူတို့၏မျက်စိများသည်မြင်နိုင်၍ နားများသည်ကြားနိုင်လျက်၊
စိတ်နှလုံးသည်လည်းသိနားလည်နိုင်မည်ဆိုပါမူ
သူတို့သည်ငါ့ကိုခိုလှုံကိုးစားလာကြမည်ဖြစ်၍၊
ငါသည်လည်းသူတို့၏အပြစ်များကို ဖြေလွှတ်တော်မူပေအံ့'
ဟုဘုရားသခင်မိန့်တော်မူကြောင်းဟေရှာယ ဟောချက်သည်မှန်ပေ၏။
16``သင်တို့၏မျက်စိများသည်မြင်၍နားများသည် လည်းကြားသောကြောင့် သင်တို့သည်မင်္ဂလာရှိကြ၏။-#လု၊ ၁၀:၂၃-၂၄။ 17အမှန်အကန်သင်တို့အားငါဆိုသည်ကား သင် တို့မြင်ရသည့်အရာများကို ပရောဖက်နှင့် သူတော်ကောင်းအမြောက်အမြားပင်မြင်လိုကြ သော်လည်းမမြင်ရကြ။ သင်တို့ကြားရသည့် အရာများကို သူတို့ကြားလိုကြသော်လည်း မကြားရကြ။
မျိုးကြဲသူ၏ပုံဥပမာကိုရှင်းပြတော်မူခြင်း
(မာ၊ ၄:၁၃-၂၀။ လု၊ ၈:၁၁-၁၅)
18``ထို့ကြောင့်မျိုးကြဲသူ၏ပုံဥပမာအနက် အဋ္ဌိပ္ပါယ်ကိုနားထောင်ကြလော့။- 19လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နိုင်ငံတော် အကြောင်းတရားတော်ကိုကြားသော်လည်းနား မလည်သူတို့နှင့်တူ၏။ သူတို့၏စိတ်နှလုံးတွင် ကြဲထားသည့်တရားတော်မျိုးစေ့ကိုစာတန် သည်လာ၍ယူငင်သွား၏။- 20ကျောက်ခံမြေတွင်ကျသည့်မျိုးစေ့သည်တရားတော် ကိုကြားလျှင်ကြားချင်းဝမ်းမြောက်စွာခံယူသူတို့ ကိုဆိုလို၏။- 21သို့သော်တရားတော်သည်သူတို့၏စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ သို့ဖြစ်၍သူတို့သည်တရားတော်ကြောင့်ဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုကိုတွေ့ကြုံရသောအခါ ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။- 22ဆူးတောတွင်ကျသည့်မျိုးစေ့များသည်တရား တော်ကိုကြား၍အသီးအပွင့်မဖြစ်ထွန်းစေ နိုင်သောသူတို့ကိုဆိုလို၏။ သူတို့၏စိုးရိမ်ကြောင့် ကြမှုများနှင့်စည်းစိမ်ချမ်းသာခံစားလိုမှု များကတရားတော်မျိုးစေ့ကိုလွှမ်းမိုးသဖြင့် မည်သို့မျှမသီးမပွင့်နိုင်ချေ။- 23မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။
ပေါင်းပင်များ၏ပုံဥပမာ
24သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော် သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ်ယောက် သည်မိမိဂျုံမျိုးကောင်းမျိုးသန့်ကိုကြဲ၏။- 25သို့ရာတွင်ညအခါလူတို့အိပ်ပျော်နေချိန်၌ ရန်သူသည်လာ၍ဂျုံမျိုးကြဲထားရာတွင်ဂျုံ ရိုင်းစေ့များကိုကြဲပြီးနောက်ထွက်ခွာသွား၏။- 26ဂျုံပင်ကလေးများပေါက်ပြီးနောက်ဂျုံနှံများ ထွက်လာသောအခါဂျုံရိုင်းပင်များလည်းပေါ် ထွက်လာလေသည်။- 27ထိုအခါစာရင်းငှားတို့သည်လယ်ရှင်ထံလာ၍ `အရှင်၊ အရှင့်ဂျုံခင်းတွင်မျိုးကောင်းမျိုးသန့်များ ကြဲခဲ့သည်မဟုတ်ပါလော။ ဂျုံရိုင်းပင်များကား အဘယ်မှရောက်ရှိလာပါသနည်း' ဟုမေးကြ၏။- 28လယ်ရှင်က `ဤအရာကားရန်သူ၏လက်ချက်ပင် ဖြစ်၏' ဟုဆိုလျှင်စာရင်းငှားများက `ထိုသို့ဖြစ် ပါမူဂျုံရိုင်းများကိုသွား၍နုတ်ပစ်ရပါမည် လော' ဟုမေးပြန်ကြ၏။- 29လယ်ရှင်က၊ နုတ်မပစ်ကြနှင့်ဦး။ ဂျုံရိုင်းများကို နုတ်လိုက်လျှင်ဂျုံကောင်းများလည်းပါသွားလိမ့် မည်။- 30ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
မုန်ညင်းစေ့ပုံဥပမာ
(မာ၊ ၄:၃၀-၃၂။ လု၊ ၁၃:၁၈-၁၉။)
31သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ် ယောက်သည်မုန်ညင်းစေ့ကိုယူ၍မိမိဥယျာဉ် တွင်စိုက်၏။- 32ထိုအစေ့သည်အစေ့တကာတို့ထက်သေးငယ် ၏။ သို့ရာတွင်အပင်ပေါက်၍ကြီးထွားလာသော အခါ အခြားအပင်ငယ်များထက်ကြီးမားသည့် အပင်တစ်ပင်ဖြစ်လာ၏။ သို့ဖြစ်၍ငှက်များသည် ထိုအပင်၏အကိုင်းများတွင်အသိုက်ပြုလုပ် နိုင်ကြ၏'' ဟုမိန့်တော်မူသည်။
တဆေးပုံဥပမာ
(လု၊ ၁၃:၂၀-၂၁။)
33ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။
ပုံဥပမာများကိုအသုံးပြုတော်မူခြင်းအကြောင်း
(မာ၊ ၄:၃၃-၃၄။)
34သခင်ယေရှုသည်လူပရိသတ်တို့အားဤ အကြောင်းအရာများကိုပုံဥပမာဆောင်၍ ဟောကြားတော်မူ၏။ ပုံဥပမာမဆောင်ဘဲ အဘယ်အကြောင်းအရာကိုမျှဟောကြား တော်မမူ။- 35ဤသို့ဟောကြားရခြင်းမှာ၊
``ငါသည်ပုံဥပမာဆောင်၍မိမိ၏နှုတ်ကို ဖွင့်ဟမြွက်ဆိုမည်။
လောကကိုထာဝရဘုရားဖန်ဆင်းတော်မူချိန်မှစ၍
ကွယ်ဝှက်နေခဲ့သည့်အရာများကို ငါထုတ်ဖော်ပြောဆိုမည်''
ဟူသောပရောဖက်၏ဟောချက်မှန်ကန်လာစေရန် ပင်ဖြစ်၏။#ဆာ၊ ၇၈:၂။
ဂျုံရိုင်းပင်များပုံဥပမာကိုရှင်းပြတော်မူခြင်း
36ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။
37ကိုယ်တော်က ``မျိုးကောင်းမျိုးသန့်ကိုကြဲသူသည် လူသားပင်ဖြစ်၏။- 38ဂျုံခင်းကားဤကမ္ဘာလောကတည်း။ မျိုးကောင်း မျိုးသန့်သည်နိုင်ငံတော်သားများကိုဆိုလို၏။ ဂျုံရိုင်းစေ့များကားစာတန်မာရ်နတ်၏နိုင်ငံ သားများကိုဆိုလို၏။- 39ထိုမျိုးစေ့များကိုကြဲသူသည်စာတန်မာရ်နတ် ပင်ဖြစ်၏။ ကောက်ရိတ်ချိန်ကားကပ်ကမ္ဘာကုန်ဆုံး ချိန်တည်း။ ကောက်ရိတ်သမားများသည်ကောင်းကင် တမန်များဖြစ်၏။- 40ဂျုံရိုင်းပင်များကိုစုသိမ်းပြီးမီးရှို့ပစ်လိုက် သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌စာတန်မာရ် နတ်၏နိုင်ငံသားတို့သည်မီးရှို့ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။- 41လူသားသည်မိမိ၏ကောင်းကင်တမန်များကိုစေ လွှတ်တော်မူ၍ လူတို့အားမှောက်မှားလမ်းလွဲစေ သူများနှင့်အပြစ်ကူးသူအပေါင်းကိုနိုင်ငံ တော်ထဲကရွေးထုတ်စေပြီးလျှင်၊- 42တောက်လောင်သောမီးဖိုထဲသို့ပစ်ချစေတော်မူ မည်။ ထိုသူအပေါင်းတို့သည်ငိုကြွေးမြည်တမ်း ၍အံသွားခဲကြိတ်ကြလိမ့်မည်။- 43ထိုအခါသူတော်ကောင်းတို့သည်အဖဘုရား၏ နိုင်ငံတော်တွင်နေကဲ့သို့ထွန်းလင်းတောက်ပလျက် နေကြလတ္တံ့။ ကြားတတ်သောနားရှိသူကြားကြ ကုန်လော့။
ဝှက်ထားသောဘဏ္ဍာပုံဥပမာ
44``ကောင်းကင်နိုင်ငံတော်သည်ဤအဖြစ်အပျက် နှင့်တူ၏။ လူတစ်ယောက်သည်လယ်၌မြှုပ်ထားသော ဘဏ္ဍာကိုတွေ့သဖြင့်တစ်ဖန်မြှုပ်ထားခဲ့၏။ ထိုနောက် ဝမ်းမြောက်စွာသွားပြီးလျှင်ရှိသမျှကိုရောင်းချ လျက်ထိုလယ်ကိုဝယ်လေ၏။
ပုလဲပုံဥပမာ
45``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည် ဤအဖြစ်အပျက်နှင့်တူ၏။ ကုန်သည်တစ်ဦးသည် ပုလဲကောင်းကိုရှာလျက်နေ၏။- 46ထိုသူသည်များစွာအဖိုးတန်သည့်ပုလဲကိုတွေ့ သောအခါသွားပြီးလျှင်ရှိသမျှကိုရောင်းချ၍ ထိုပုလဲကိုဝယ်လေ၏။
ပိုက်ကွန်ပုံဥပမာ
47``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည်ဤ အဖြစ်အပျက်နှင့်တူ၏။ တံငါသည်တို့သည်အိုင် တွင်ပိုက်ကွန်ကိုချ၍ငါးအမျိုးမျိုးကိုအုပ်မိ၏။- 48ပိုက်ကွန်တွင်ငါးအပြည့်ရသောအခါတံငါသည် တို့သည်ထိုပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲ၍တင်ကြ၏။ ထိုနောက်ထိုင်၍ငါးများကိုရွေးကြ၏။ ငါးကောင်း များကိုအိုးများတွင်ထည့်ထားပြီးနောက်ငါးညံ့ များကိုမူအပြင်သို့ပစ်ထုတ်လိုက်ကြ၏။- 49ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်းထိုနည်းတူဖြစ်ပေ အံ့။ ကောင်းကင်တမန်များသည်လာ၍သူယုတ်မာ များကိုသူတော်ကောင်းများထဲမှခွဲထုတ်ပြီးလျှင်၊- 50တောက်လောင်သောမီးဖိုထဲသို့ပစ်ချလိမ့်မည်။ ထို သူတို့သည်ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သမ္မာတရားအသစ်နှင့်အဟောင်း
51သခင်ယေရှုက ``ဤအကြောင်းအရာအလုံးစုံ တို့ကိုသင်တို့နားလည်ကြပါ၏လော'' ဟုမေး တော်မူလျှင်တပည့်တော်တို့က``နားလည်ပါ သည်'' ဟုဖြေကြားကြ၏။
52သို့ဖြစ်၍ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသူကျမ်းတတ်ဆရာသည်မိမိ၏ ဘဏ္ဍာတိုက်ထဲမှဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းများ ကိုထုတ်ယူသောအိမ်ရှင်နှင့်တူ၏'' ဟုမိန့်တော်မူ၏။
သခင်ယေရှုကိုနာဇရက်မြို့ကလက်မခံခြင်း
(မာ၊ ၆:၁-၆။ လု၊ ၄:၁၆-၃၀။)
53ထိုပုံဥပမာများကိုမိန့်ကြားတော်မူပြီးနောက် သခင်ယေရှုသည်ထိုအရပ်မှထွက်ကြွ၍၊- 54မိမိနေရင်းမြို့သို့ရောက်ရှိတော်မူ၏။ တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူသောအခါ လူတို့သည် လွန်စွာအံ့သြကြသဖြင့် ``ဤသူသည်ဤသို့သော အသိပညာများကိုအဘယ်ကရရှိပါသနည်း။ ဤသို့သောအံ့ဖွယ်နိမိတ်လက္ခဏာများကိုအဘယ် သို့ပြနိုင်ပါသနည်း။- 55သူသည်လက်သမားဆရာ၏သားမဟုတ်လော။ သူ့ အမိသည်မာရိနာမည်ရှိသူမဟုတ်ပါလော။ သူ့ ညီများကားယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့ မဟုတ်ပါလော။- 56သူ့နှမများသည်လည်းငါတို့မြို့သူများမဟုတ်ပါ လော။ သို့ဖြစ်ပါလျက်သူသည်ဤတန်ခိုးကိုအဘယ် ကရရှိပါသနည်း'' ဟုဆိုကာ၊- 57ကိုယ်တော်၏အပေါ်၌အကြည်ညိုပျက်ကြ၏။
သခင်ယေရှုကလည်း ``ပရောဖက်သည်မိမိမြို့ နှင့်မိမိအိမ်မှလွဲ၍အဘယ်အရပ်တွင်မဆို ဂုဏ်အသရေရှိ၏'' ဟုမိန့်တော်မူသည်။-#ယော၊ ၄:၄၄။ 58ထိုမြို့သားတို့သည်မိမိအားယုံကြည်ကိုးစား မှုမရှိကြသဖြင့် ကိုယ်တော်သည်အံ့သြဖွယ် သောအမှုတို့ကိုထိုမြို့တွင်ပြုတော်မမူ။
Currently Selected:
မဿဲ 13: BCL
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2005 Bible Society of Myanmar