YouVersion Logo
Search Icon

ယေ​ရ​မိ 10

10
ရုပ်​တု​ကို​ဝတ်​ပြု​ရှိ​ခိုး​မှု​နှင့်​စစ်​မှန်​သည့် ဝတ်​ပြု​ကိုး​ကွယ်​မှု
1အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊သင်​တို့​အ​တွက်
ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ် တော်​ကို နား​ထောင်​ကြ​လော့။
2ကိုယ်​တော်​က``သင်​တို့​သည်​လူ​မျိုး​ခြား​တို့​၏ ကျင့်​စဉ်​ကို​မ​လိုက်​မ​လျှောက်​ကြ​နှင့်။
မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သည့်​နိ​မိတ်​လက္ခ​ဏာ များ အ​တွက်​လူ​မျိုး​တ​ကာ​တို့​သည်
ထိတ်​လန့်​ကြ​စေ​ကာ​မူ၊သင်​တို့​မ​ထိတ်​မ​လန့် ကြ​နှင့်။
3ထို​သူ​တို့​၏​ဘာ​သာ​တ​ရား​သည်​အ​ချည်း​နှီး ဖြစ်​၏။
တော​၌​သစ်​ပင်​ခုတ်​လှဲ​ပြီး​လျှင်​ပန်း​ပု​ဆ​ရာ​သည် ဆူး​ဆောက်​ဖြင့်​ရုပ်​တု​ကို​ထု​လုပ်​၍၊
4ရွှေ​ငွေ​တို့​ဖြင့်​တန်​ဆာ​ဆင်​တတ်​၏။
ထို​နောက်​မ​လဲ​မ​ကျ​စိမ့်​သော​ငှာ​ယင်း​ကို သံ​မှို​စွဲ​၍​ထား​တတ်​ကြ​၏။
5ဤ​သို့​သော​ရုပ်​တု​များ​သည်​သ​ခွား​ခင်း​ရှိ စာ​ချောက်​ရုပ်​များ​နှင့်​တူ​၍​စ​ကား​မ​ပြော တတ်​ကြ။
သူ​တို့​သည်​လမ်း​မ​လျှောက်​နိုင်​သ​ဖြင့် သူ​တို့​ကို သယ်​ဆောင်​ပေး​ရ​ကြ​၏။
သူ​တို့​သည်​သင်​တို့​အား​ဘေး​ဥ​ပဒ်​ကို​လည်း ကောင်း၊ ကောင်း​ကျိုး​ကို​လည်း​ကောင်း​မ​ပေး​နိုင်​ကြ။
သင်​တို့​သည်​သူ​တို့​အား​မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
6အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​နှင့်​တူ​သော ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။
ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​ကြီး​တော်​မူ​ပါ​၏။
နာ​မ​တော်​သည်​လည်း​ကြီး​မြတ်​၍​တန်​ခိုး အာ​နု​ဘော်​နှင့် ပြည့်​ဝ​ပါ​၏။
7လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​သော
ကိုယ်​တော်​ရှင်​အား​အ​ဘယ်​သူ​သည် မ​ကြောက်​ရွံ့​မ​ရို​သေ​ဘဲ​နေ​ပါ​မည်​နည်း။
ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ထိုက်​ပါ​၏။
လူ​မျိုး​တ​ကာ​တို့​တွင်​ရှိ​သော​ပ​ညာ​ရှိ အ​ပေါင်း​တို့​တွင်​လည်း​ကောင်း၊
သူ​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊
ကိုယ်​တော်​ရှင်​နှင့်​တူ​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။#ဗျာ၊ ၁၅:၄။
8သူ​တို့​အ​ပေါင်း​သည်​ထုံ​ထိုင်း​မိုက်​မဲ​ကြ ပါ​၏။
သစ်​သား​ရုပ်​များ​က​သူ​တို့​အား​အ​ဘယ် အ​မှု​အ​ရာ​ကို သွန်​သင်​ပေး​နိုင်​ပါ​မည်​နည်း။
9သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ​သည်​တာရှု ပြည်​မှ ထွက်​သည့်​ငွေ​နှင့်​လည်း​ကောင်း၊
ဥ​ဖတ်​မြို့​မှ​ထွက်​သည့်​ရွှေ​နှင့်​လည်း​ကောင်း မွမ်း​မံ​ထား​သ​ဖြင့်၊
အ​နု​ပ​ညာ​သည်​တို့​၏​လက်​ရာ​ဖြစ်​ပေ​သည်။
ထို​ရုပ်​တု​များ​သည်​ကျွမ်း​ကျင်​သူ​ယက်​ကန်း သည်​တို့၊
ယက်​လုပ်​ထား​သော​ခ​ရမ်း​ရောင်​ထည်၊ အ​ပြာ​ရောင်​ထည်​တို့​ဖြင့်​တန်​ဆာ​ဆင်​၍ ထား​၏။
10သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​မူ​ကား စစ်​မှန်​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။
ကိုယ်​တော်​သည်​အ​သက်​ရှင်​တော်​မူ​သော
ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော် မူ​ပါ​၏။
ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ပါ​၏။
လူ​မျိုး​တ​ကာ​တို့​သည်​အ​မျက်​တော်​အရှိန်​ကို မ​ခံ​မ​ရပ်​နိုင်​ကြပါ။
11(အ​ချင်း​လူ​တို့၊ ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင် ကို​မ​ဖန်​ဆင်း​သည့်​ဘု​ရား​များ​သည်​မိုး​ကောင်း ကင်​အောက်​မှ​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ လည်း​ကောင်း​ကွယ်​ပျောက်​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ကြား​ရ​ကြ​မည်။)
ဘု​ရား​သ​ခင်​အား​ချီး​မွမ်း​သီ​ချင်း
12ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​အား​ဖြင့် ပ​ထ​ဝီ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​တော်​မူ၏။
ဉာဏ်​ပ​ညာ​တော်​ဖြင့်​လော​က​ဋ္ဌာတ်​ကို ဖန်​ဆင်း​တော်​မူ​၍
အ​သိ​ပ​ညာ​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​တော်​မူ​၏။
13ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ​မိုး ကောင်း​ကင် အ​ထက်​ရှိ​ရေ​တို့​သည်​အ​သံ​မြည်​ဟည်း​ကြ​၏။
ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​စွန်း​မှ မိုး​တိမ်​များ​ကို​တက်​စေ​တော်​မူ​၏။
မိုး​ရွာ​လျက်​နေ​စဉ်​လျှပ်​စစ်​များ​ကို​ပြက်​စေ တော်​မူ​၍
မိ​မိ​သို​လှောင်​ထား​ရာ​မှ​လေ​ကို​လည်း တိုက်​ခတ်​စေ​တော်​မူ​၏။
14ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​ခြင်း​ကြောင့်
လူ​အ​ပေါင်း​တို့​သည်​ထုံ​ထိုင်း​၍​အ​သိ​ဉာဏ် ကင်း​မဲ့​သူ​များ​ဖြစ်​လာ​ရ​ကြ​လေ​သည်။
ပန်း​တဉ်း​ဆ​ရာ​အ​ပေါင်း​တို့​သည်
မိ​မိ​တို့​သွန်း​လုပ်​သည့်​ဘု​ရား​များ​မှာ အ​စစ်​အ​မှန်​မ​ဟုတ်​သ​ဖြင့်​စိတ်​ပျက် ရကြ​၏။
အ​ဘယ်​ကြောင့်​ဆို​သော်​ရုပ်​တု​များ​တွင် အ​သက်​မ​ရှိ​သော​ကြောင့်​တည်း။
15ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။
ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ
ယင်း​တို့​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။
16ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။
ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ လေ​ပြီ။
ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။
ကျ​ရောက်​လာ​မည့်​ပြည်​နှင်​ဒဏ်
17ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​အား​ရန်​သူ များ​ဝိုင်း​ရံ​လျက်​ရှိ​ကြ​၏။ ဤ​မြို့​မှ​ထွက် ခွာ​ရန်​သင်​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​စု​သိမ်း ကြ​လော့။- 18သင်​တို့​အား​လောက်​လွှဲ​မှ​လောက်​စာ​လုံး​ကို​ပစ် သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ဤ​ပြည်​မှ​ပယ်​ထုတ်​တော်​မူ​လိမ့်​မည်။ သင်​တို့ သည်​အ​ဖမ်း​ခံ​ရ​သော​ကြောင့်​စိတ်​ပျက်​ကြ လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏။
19ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ငါ​တို့​သည် ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​ပြီ။
ငါ​တို့​၏​အ​နာ​များ​သည်​ပျောက်​လိမ့်​မည် မ​ဟုတ်​ပါ။
သို့​ရာ​တွင်​ဝေ​ဒ​နာ​ကို​ခံ​နိုင်​လိမ့်​မည်​ဟု ငါ​တို့​ထင်​မှတ်​ခဲ့​ကြ​ပါ​သည်​တ​ကား။
20ငါ​တို့​၏​တဲ​များ​သည်​ယို​ယွင်း​ပျက်​စီး​လျက်၊
ယင်း​တို့​ကို​ဆွဲ​ထား​သည့်​ကြိုး​များ​သည်​လည်း ပြတ်​၍​သွား​လေ​ပြီ။
ငါ​တို့​၏​သား​သ​မီး​အား​လုံး​ပင်​ငါ​တို့​ထံ​မှ ထွက်​ခွာ​သွား​ကြ​ပါ​ပြီ။
ငါ​တို့​၏​တဲ​များ​ကို​တစ်​ဖန်​ပြန်​၍​ထိုး​ပေး​မည့် သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပါ။
တဲ​ကန့်​လန့်​ကာ​များ​ကို​လည်း​တပ်​ဆင်​ပေး​မည့် သူ
တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပါ'' ဟု ဟစ်​အော်​ကြ​၏။
21ငါ​က``ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မိုက်​မဲ သူ​များ​ဖြစ်​၍
ထာ​ဝ​ရ​ဘု​ရား​၏​ပို့​ဆောင်​လမ်း​ပြ​မှု​ကို မ​တောင်း​မ​ခံ​ကြ။
သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကြံ​မ​အောင်​ကြ​ဘဲ ငါ​တို့ အ​မျိုး​သား​များ​သည်​ပျံ့​လွင့်​၍​သွား​ရ ကြ​ခြင်း​ဖြစ်​၏။
22နား​ထောင်​ကြ​လော့။ သ​တင်း​တစ်​ရပ်​ရောက်​ရှိ​လာ​လေ​ပြီ။
မြောက်​အ​ရပ်​တွင်​ထ​ကြွ​လှုပ်​ရှား​မှု​ဖြစ်​ပေါ် နေ​သည်။
သူ​တို့​သည်​ယု​ဒ​မြို့​တို့​ကို​ခွေး​အ​များ​ခို အောင်း​ရာ
လူ​သူ​ကင်း​မဲ့​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​လိမ့် မည်'' ဟု​ဆို​၏။
23အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​သူ​မျှ​မိ​မိ​၏ ကံ​ကြမ္မာ​ကို ဖန်​တီး​၍​မ​ရ​ကြောင်း​ကျွန်​တော်​မျိုး​သိ ပါ​၏။
အ​ဘယ်​သူ​မျှ​မိ​မိ​ဘ​ဝ​ကို​အ​စိုး​မ​ရ​ပါ။
24အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​လူ​မျိုး​တော် အား ဆုံး​မ​ပဲ့​ပြင်​တော်​မူ​ပါ။
သို့​ရာ​တွင်​ကျွန်​တော်​မျိုး​တို့​အ​ပေါ်​တွင် တ​ရား​မျှ​တ​စွာ​ပြု​တော်​မူ​ပါ။
ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​ချိန်​၌
ကျွန်​တော်​မျိုး​တို့​အား​ပြင်း​ထန်​စွာ​ဆုံး​မ ပဲ့​ပြင်​တော်​မူ ပါ​လျှင်​ကျွန်​တော်​မျိုး​တို့​အ​ကျိုး​နည်း​ရ ပါ​လိမ့်​မည်။
25ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​အ​သိ​အ​မှတ် မ​ပြု​သူ၊
ကိုယ်​တော်​ရှင်​အား​ပစ်​ပယ်​သူ​တို့​အ​ပေါ် အ​မျက်​တော်​ကို​သွန်း​လောင်း​တော်​မူ​ပါ။
သူ​တို့​သည်​ယာ​ကုပ်​အ​မျိုး​အား​သတ်​ဖြတ်​ကြ ပါ​ပြီ။
ကျွန်​တော်​မျိုး​တို့​အား​အ​ကုန်​အ​စင်​သုတ်​သင် ပယ်​ရှင်း​၍
ကျွန်​တော်​မျိုး​တို့​ပြည်​ကို​လည်း​ယို​ယွင်း​ပျက်​စီး စေ​ကြ​ပါ​ပြီ။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in