ဟေဗြဲ 11
11
ယုံကြည်ခြင်း
1ယုံကြည်ခြင်းဆိုသည်မှာမျှော်လင့်သည့် အရာများကိုစိတ်ချခြင်း၊ မမြင်နိုင်သော အရာများကိုသေချာခြင်းဖြစ်၏။- 2ယုံကြည်ခြင်းကြောင့်ရှေးခေတ်လူတို့သည် ဘုရားသခင်၏ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။
3မမြင်နိုင်သောအရာထဲမှမြင်ရသောအရာ ဖြစ်ပေါ်လာစေရန်ဘုရားသခင်သည်အမိန့် တော်အားဖြင့် စကြဝဠာကိုဖန်ဆင်းတော်မူ ကြောင်းကိုငါတို့သိကြရသည်မှာယုံကြည် ခြင်းကြောင့်ဖြစ်၏။#က၊ ၁:၁။ ဆာ၊ ၃၃:၆၊၉။ ယော၊ ၁:၃။
4အာဗေလသည်ကာဣနပူဇော်သောယဇ် ထက်ပို၍မြတ်သည့်ယဇ်ကို ဘုရားသခင် အားပူဇော်သည်မှာယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူ၏ယုံကြည်ခြင်းကိုထောက်၍ ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ပူဇော်သကာများကိုနှစ် သက်တော်မူသောကြောင့်ဖြစ်၏။ အာဗေလ သည်သေလွန်သော်လည်း မိမိ၏ယုံကြည် ခြင်းအားဖြင့်ယခုပင်ဟောပြောသေး၏။#က၊ ၄:၃-၁၀။
5ဧနောက်သည်အရှင်လတ်လတ်ကောင်းကင်ဘုံ သို့ယူဆောင်ခြင်းကိုခံရသည်မှာ သူ၏ ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ဘုရားသခင် သည်သူ့ကိုယူဆောင်သွားတော်မူသဖြင့် သူ့အားမည်သူမျှရှာ၍မတွေ့နိုင်။ ဘုရား သခင်ယူဆောင်တော်မူခြင်းကိုမခံရမီ အခါက ဧနောက်သည်ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သူဖြစ်သည်ဟူ၍ ကျမ်း စာတော်ကဖော်ပြထား၏။-#က၊ ၅:၂၁-၂၄။ 6ယုံကြည်ခြင်းမရှိသူသည်ဘုရားသခင် ၏စိတ်တော်နှင့်မတွေ့နိုင်ရာ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံတော်သို့ချဉ်းကပ် သူသည်ကိုယ်တော်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်သည်မိမိကိုရှာ သောသူအား အကျိုးပေးတော်မူကြောင်းကို လည်းကောင်းယုံကြည်ရမည်ဖြစ်သောကြောင့် တည်း။
7ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။#က၊ ၆:၁၃-၂၂။
8အာဗြဟံသည်ဘုရားသခင်ခေါ်တော်မူ သောအခါ ကိုယ်တော်၏စကားကိုနားထောင်၍ မိမိအားကတိထားတော်မူသောပြည်သို့ ယုံကြည်ခြင်းအားဖြင့်ထွက်ခွာသွား၏။ သူ သည်အဘယ်အရပ်သို့သွားရမည်ကို မသိဘဲ မိမိ၏ရပ်ရွာကိုစွန့်ခဲ့ပေသည်။-#က၊ ၁၂:၁-၅။ 9ဘုရားသခင်ကတိထားတော်မူသောပြည် ၌ သူသည်တစ်ကျွန်းတစ်နိုင်ငံသားအဖြစ် ယုံကြည်ခြင်းအားဖြင့်နေထိုင်ခဲ့၏။ သူသည် မိမိနည်းတူကတိတော်ကိုခံစားရသူ ဣဇာက်၊ ယာကုပ်တို့ကဲ့သို့တဲရှင်ထိုး၍ နေလေသည်။-#က၊ ၃၅:၂၇။ 10အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် ဘုရားသခင်စီမံတည်ဆောက်တော်မူ သောခိုင်ခန့်သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်စောင့်စားလျက်နေသောကြောင့် တည်း။
11အာဗြဟံသည်အိုမင်းလေပြီ။ စာရာသည် လည်းသားသမီးမွေးဖွားနိုင်သောအရွယ် လွန်လေပြီ။ သို့ရာတွင်အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့်ဖခင်ဖြစ်လာ၏။ ဘုရားသခင်သည်ကတိထားတော်မူသည် အတိုင်းသစ္စာတည်တော်မူသည်ဟုယုံ ကြည်၏။-#က၊ ၁၈:၁၁-၁၄၊ ၂၁:၂။ 12အာဗြဟံသည်သူသေနှင့်မထူးခြား သော်လည်း သူတစ်ယောက်မှပေါက်ဖွားလာ သောသားမြေးများမှာကောင်းကင်ကြယ် များကဲ့သို့လည်းကောင်း၊ မရေမတွက်နိုင် သောပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ လည်းကောင်းများပြားသတည်း။#က၊ ၁၅:၅၊ ၂၂:၁၇၊ ၃၂:၁၂။
13ထိုသူအပေါင်းတို့သည်ယုံကြည်လျက် သေလွန်ကြကုန်၏။ သူတို့သည်ဘုရား သခင်ကတိထားတော်မူသောအရာ များကိုမခံစားကြရသော်လည်း အဝေး မှမြင်၍ကြိုဆိုကြ၏။ သူတို့သည်ကမ္ဘာ မြေကြီးပေါ်တွင်တစ်ကျွန်းတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုများသာဖြစ်ကြောင်း ကိုပွင့်လင်းစွာဝန်ခံကြပေသည်။-#က၊ ၂၃:၄။ ၅ရာ၊ ၂၉:၁၅။ ဆာ၊ ၃၉:၁၂။ 14ယင်းသို့ဝန်ခံသူတို့သည် မိမိတို့ကိုယ်ပိုင် နိုင်ငံတစ်ခုကိုရှာလျက်နေကြကြောင်း အတိအလင်းပြောဆိုကြ၏။- 15သူတို့သည်မိမိတို့ထွက်ခွာလာခဲ့သည့်ပြည် ကိုတမ်းတလျက်နေကြသည်မဟုတ်။ ထို ပြည်ကိုတမ်းတပါကပြန်နိုင်ရန်အခွင့် ကိုရရှိကြပေသည်။- 16သို့ရာတွင်သူတို့သည်ထိုပြည်ထက်သာလွန် ကောင်းမြတ်သည့်ကောင်းကင်ရွှေပြည်ကိုတမ်းတ ကြသည်ဖြစ်၍ ဘုရားသခင်သည်သူတို့၏ ဘုရားဟူ၍ခေါ်ဝေါ်ခြင်းခံရသည်ကိုရှက် တော်မမူ။ ကိုယ်တော်သည်သူတို့နေထိုင်ရန် မြို့ကိုပြင်ဆင်တော်မူပြီးဖြစ်သတည်း။
17-18အာဗြဟံသည်ဘုရား၏စမ်းသပ်စစ်ဆေးခြင်း ကိုခံရသောအခါယုံကြည်ခြင်းအားဖြင့် သား ဣဇာက်ကိုယဇ်ကောင်အဖြစ်ပူဇော်လေသည်။ ``သင်၏အမျိုးအနွယ်ကိုဣဇာက်မှဆင်းသက် ပေါက်ပွားစေမည်'' ဟူသောဘုရားသခင်၏ ကတိတော်ကို သူသည်ခံယူရရှိခဲ့သော်လည်း မိမိ၏တစ်ဦးတည်းသောသားကိုပူဇော်ရန် အသင့်ရှိပေသည်။-#က၊ ၂၂:၁-၁၄။ #က၊ ၂၁:၁၂။ 19ဣဇာက်အားသေရာမှဘုရားသခင်ပြန်၍ ရှင်စေတော်မူနိုင်ကြောင်းကိုသူသည်မှတ်ယူ ၏။ အမှန်စင်စစ်အားဖြင့်သူသည်မိမိ၏ သားကိုသေရာမှပြန်၍ရသည်ဟုဆိုနိုင် လေသည်။
20ဣဇာက်သည်ယုံကြည်ခြင်းအားဖြင့်အနာဂတ် ကာလကိုရည်မှန်း၍ယာကုပ်နှင့်ဧသောအား ကောင်းချီးပေး၏။#က၊ ၂၇:၂၇-၂၉၊ ၃၉-၄၀။
21ယာကုပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် ယောသပ်၏သားနှစ်ယောက်ကို ကောင်းချီးပေးလေသည်။ သူသည်မိမိ၏တောင် ဝှေးထိပ်ကိုမှီပြီးလျှင်ဘုရားသခင်အား ဆုတောင်းလေ၏။#က၊ ၄၇:၃၁-၄၈:၂၀။
22ယောသပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့လွတ်မြောက်လာမည့်အခြင်းအရာ ကိုရည်ညွှန်းပြောကြားကာ မိမိ၏အရိုး များနှင့်ပတ်သက်၍မှာကြား၏။#က၊ ၅၀:၂၄-၂၅။ ထွ၊ ၁၃:၁၉။
23မောရှေကိုဖွားမြင်ပြီးနောက်သူ၏မိဘတို့သည် ယုံကြည်ခြင်းအားဖြင့်သူ့အားသုံးလတိုင်တိုင် ဝှက်ထားကြ၏။ မောရှေသည်ချစ်စရာကောင်း သောသူငယ်ဖြစ်သဖြင့် သူတို့သည်ရှင်ဘုရင် ၏အမိန့်တော်ကိုပင်လွန်ဆန်ရန်မကြောက် ကြ။#ထွ၊ ၂:၂၊ ၁:၂၂။
24မောရှေသည်ကြီးပြင်းလာသောအခါယုံကြည် ခြင်းအားဖြင့် မိမိကိုယ်ကိုဖာရောဘုရင့်သမီး တော်၏သားဟူ၍အခေါ်မခံဘဲနေ၏။-#ထွ၊ ၂:၁၀-၁၂။ 25သူသည်ခဏတာမျှအပြစ်၌ပျော်မွေ့ရသည် ထက် ဘုရားသခင်၏လူစုတော်နှင့်အတူ ဆင်းရဲဒုက္ခခံရသည်ကိုပိုမို၍လိုလား၏။- 26မေရှိယအရှင်၏အတွက်ခံရသောကဲ့ရဲ့ခြင်း သည် အီဂျစ်ပြည်၏စည်းစိမ်ချမ်းသာရှိသမျှ တို့ထက်ပို၍တန်ဖိုးရှိသည်ဟုယူဆ၏။ အဘယ် ကြောင့်ဆိုသော်သူသည်အနာဂတ်ကာလတွင် ရရှိမည့်အကျိုးကို အာရုံစူးစိုက်လျက်နေ သောကြောင့်ဖြစ်ပေသည်။
27မောရှေသည်ယုံကြည်ခြင်းအားဖြင့်ရှင်ဘုရင် ၏အမျက်တော်သင့်မည်ကိုမကြောက်ဘဲအီဂျစ် ပြည်မှထွက်ခွာခဲ့၏။ သူသည်မျက်စိဖြင့်မတွေ့ မမြင်နိုင်သောဘုရားသခင်အားတွေ့မြင်ရ ဘိသကဲ့သို့နောက်မဆုတ်ဘဲနေ၏။- 28ဣသရေလအမျိုးသားတို့၏သားဦးများကို သေမင်းတမန်မသတ်စေရန် သူသည်ယုံကြည် ခြင်းအားဖြင့်ပသခါပွဲကိုစီမံ၍ တံခါး တိုင်များကိုသွေးဖြင့်ပက်ဖျန်းစေ၏။#ထွ၊ ၁၂:၂၁-၃၀။
29ယုံကြည်ခြင်းအားဖြင့်ဣသရေလအမျိုးသား တို့သည်ကုန်းလမ်းခရီးပြုသည့်အလားပင် လယ်နီကိုဖြတ်ကျော်ကြ၏။ အီဂျစ်အမျိုးသား တို့ ယင်းသို့ဖြတ်ကျော်ကြသောအခါမူရေနစ်၍ သေဆုံးကြကုန်၏။#ထွ၊ ၁၄:၂၁-၃၁။
30ယုံကြည်ခြင်းအားဖြင့်ဣသရေလအမျိုးသား တို့သည်ခုနစ်ရက်တိုင်တိုင်ယေရိခေါမြို့ကို လှည့်ပတ်ချီတက်ကြပြီးနောက်မြို့ရိုးများ ကိုပြိုကျစေ၏။-#ယောရှု၊ ၆:၁၂-၂၁။ 31ပြည့်တန်ဆာရာခပ်သည်ဣသရေလသူလျှိုတို့ အားဖော်ရွေစွာလက်ခံခဲ့သည့်အတွက် ဘုရား သခင်၏စကားကိုနားမထောင်သူတို့နှင့် အတူအသတ်မခံရပေ။#ယောရှု၊ ၂:၁-၂၁၊ ၆:၂၂-၂၅။
32ဆက်လက်ဖော်ပြရန်လိုသေးသလော။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်များအကြောင်းကိုဖော်ပြရန် အချိန်လောက်မည်မဟုတ်။-#သူကြီး၊ ၆:၁၁-၈:၃၂၊ ၄:၆-၅:၃၁၊ ၁၃:၂-၁၆:၃၁၊ ၁၁:၁-၁၂:၇။ ၁ရာ၊ ၁၆:၁-၃ရာ၊ ၂:၁၁။ ၁ရာ၊ ၁:၁-၂၅:၁။ 33ထိုသူတို့သည်ယုံကြည်ခြင်းအားဖြင့်တိုင်း နိုင်ငံများကိုနှိမ်နင်းအောင်မြင်ခဲ့ကြ၏။ အမှန် တရားကိုကျင့်သုံး၍ဘုရားသခင်၏ကတိ တော်အတိုင်းခံစားခဲ့ကြ၏။ ခြင်္သေ့များ၏နှုတ် ကိုပိတ်ခဲ့ကြ၏။-#ဒံ၊ ၆:၁-၂၇။ 34ပြင်းထန်စွာတောက်လောင်နေသောမီးကိုငြိမ်း သတ်ခဲ့ကြ၏။ ဋ္ဌားဘေးမှလွတ်မြောက်ခဲ့ကြ၏။ သူတို့သည်ခွန်အားနည်းသူများဖြစ်သော်လည်း ခွန်အားကြီးလာကြ၏။ စစ်ရေး၌စွမ်းရည်သတ္တိ ရှိလျက်တိုင်းတစ်ပါးမှတပ်များကိုဖြိုခွင်း ကြ၏။-#ဒံ၊ ၃:၁-၃၀။ 35အမျိုးသမီးတို့သည်လည်းယုံကြည်ခြင်း အားဖြင့်သေရာမှရှင်လာသောဆွေမျိုးများ တို့ကိုပြန်လည်၍ရရှိကြ၏။
အချို့သောသူတို့သည်လွတ်မြောက်ခွင့်ကို လက်မခံဘဲ သာလွန်မွန်မြတ်သည့်ဘဝသို့ ထမြောက်ဝင်စားရစေရန်နှိပ်စက်ညှဉ်းဆဲ ခြင်းကိုခံ၍သေကြကုန်၏။-#၃ရာ၊ ၁၇:၁၇-၂၄။ ၄ရာ၊ ၄:၂၅-၃၇။ 36အချို့သောသူတို့သည်ကဲ့ရဲ့ရိုက်နှက်ခြင်းကို ခံကြရ၏။ အချို့သူတို့သည်ကားသံကြိုးဖြင့် ချည်နှောင်ကာအကျဉ်းချခြင်းကိုခံရကြ၏။-#၃ရာ၊ ၂၂:၂၆-၂၇။ ၆ရာ၊ ၁၈:၂၅-၂၆။ ယေ၊ ၂၀:၂၊ ၃၇:၁၅၊ ၃၈:၆။ 37သူတို့သည်ခဲနှင့်ပေါက်ခြင်း၊ လွှနှင့်တိုက်ဖြတ် ခြင်း၊ ဋ္ဌားနှင့်ခုတ်သတ်ခြင်းတို့ကိုခံကြရ၏။ သူတို့သည်ဆင်းရဲနွမ်းပါးလျက်အနှိပ်အစက် ကိုခံ၍မတရားအနိုင်အထက်ပြုခြင်းကို ခံကာ၊ သိုးရေဆိတ်ရေတို့ကိုဝတ်၍သွားလာ ကြရ၏။-#၆ရာ၊ ၂၄:၂၁။ 38ကမ္ဘာလောကသည်ထိုသူတို့နှင့်မထိုက်မတန် ပါတကား။ သူတို့သည်လိုဏ်ဂူများနှင့်မြေ တွင်းများတွင်နေထိုင်ကြလျက်တောကန္တာရ များနှင့်တောင်ပေါ်ဒေသများသို့လှည့်လည် သွားလာရကြ၏။
39ဤသူအပေါင်းတို့သည်မိမိတို့၏ယုံကြည် ခြင်းကြောင့်ဂုဏ်ပြုချီးမွမ်းခြင်းကိုခံကြရ၏။ သို့ရာတွင်သူတို့သည်ဘုရားသခင်ကတိ ထားတော်မူသောကောင်းကျိုးချမ်းသာများ ကိုမခံစားကြရ။- 40အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် ငါတို့အတွက်ပိုမိုကောင်းမြတ်သည့်အကြံ အစည်တော်ရှိတော်မူသောကြောင့်ဖြစ်၏။ ယင်းအကြံအစည်တော်မှာထိုသူတို့သည် ငါတို့ပါရှိမှသာလျှင်ပြည့်ဝစုံလင်သူ များဖြစ်လာကြစေရန်ပင်ဖြစ်ပေသည်။
Currently Selected:
ဟေဗြဲ 11: BCL
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2005 Bible Society of Myanmar