ဧသတာ 9
9
ရန်သူများကိုယုဒအမျိုးသားတို့ချေမှုန်းခြင်း
1အာဒါလဆယ့်သုံးရက်နေ့ကျရောက်လာ၏။ ထိုနေ့ရက်သည်ဘုရင့်ကြေညာချက်စတင် အတည်ဖြစ်သည့်နေ့၊ မိမိတို့လက်တွင်းသို့ ယုဒအမျိုးသားများရောက်ရှိလာရန်အ တွက်ရန်သူတို့စောင့်မျှော်နေသောနေ့ဖြစ်၏။ သို့ရာတွင်သူတို့မျှော်လင့်သည့်အတိုင်း မဖြစ်ဘဲယုဒအမျိုးသားတို့ကသူ တို့အားအနိုင်ရကြလေသည်။- 2အင်ပါယာနိုင်ငံတော်အတွင်းမြို့တိုင်း၌ ယုဒအမျိုးသားများသည် ဘေးအန္တရာယ် ပြုမည့်သူတို့ကိုတိုက်ခိုက်ရန်မိမိတို့ရပ် ကွက်များတွင်စုရုံးလျက်နေကြ၏။ အရပ် ရပ်ရှိလူတို့သည်သူတို့အားကြောက်လန့် ကြ၏။ အဘယ်သူမျှသူတို့ကိုခုခံ တိုက်ခိုက်နိုင်စွမ်းမရှိချေ။- 3အမှန်အားဖြင့်ဆိုသော်အုပ်ချုပ်ရေးမှူး များ၊ ဘုရင်ခံများနှင့်ဘုရင့်အမှုတော် ထမ်းများဖြစ်သည့်ပြည်နယ်အရာရှိ အပေါင်းတို့သည် မော်ဒကဲကိုကြောက်လန့် သဖြင့်ယုဒအမျိုးသားတို့အားကူညီ ကြလေသည်။- 4ယခုအခါမော်ဒကဲသည်နန်းတော်တွင် တန်ခိုးကြီးသူတစ်ဦးဖြစ်ကြောင်း၊ သူ ၏တန်ခိုးအာဏာသည်တစ်နေ့တစ်ခြား တိုးတက်လာကြောင်းအင်ပါယာနိုင်ငံ တော်တွင်ကျော်ကြားလျက်ရှိသဖြင့်၊- 5ယုဒအမျိုးသားများသည်ရန်သူများကို ပြုလိုသမျှပြုနိုင်ကြ၏။ ထို့ကြောင့်သူတို့ သည်ရန်သူများကိုဋ္ဌားဖြင့်သတ်ဖြတ်ကြ၏။
6မြို့တော်ရှုရှန်၌ပင်လျှင်ယုဒအမျိုးသား တို့သည် လူပေါင်းငါးရာကိုသတ်လိုက်ကြ လေသည်။- 7-10ထိုသူတို့အထဲတွင်ယုဒအမျိုးသားတို့ ၏ရန်သူ၊ ဟမ္မေဒါသ၏သားဟာမန်၏သား တစ်ကျိပ်ဖြစ်ကြသောပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိ ဒါသ၊ ပါမရှာတ၊ အရိသဲ၊ အရိဒဲ၊ ဝါအီ ဇာသတို့လည်းပါကြ၏။ သို့ရာတွင်သူ တို့သည်လုယက်မှုကိုမပြုကြ။
11ထိုနေ့၌ရှုရှန်မြို့တွင်အသတ်ခံရသည့် လူဦးရေကို မင်းကြီးအားသံတော်ဦး တင်ကြ၏။- 12ထိုအခါမင်းကြီးသည်မိဖုရားဧသတာ အား``ရှုရှန်တစ်မြို့တည်း၌ပင်ယုဒအမျိုး သားတို့သည် ဟာမန်၏သားတစ်ကျိပ်အပါ အဝင်လူပေါင်းငါးရာကိုသတ်ဖြတ်လိုက် ကြလေပြီ။ သူတို့သည်ပြည်နယ်များတွင် အဘယ်မျှသတ်ဖြတ်ကြဦးမည်နည်း။ ယခုသင်သည်အဘယ်အရာကိုအလို ရှိပါသနည်း။ ငါပေးမည်။ အဘယ်ဆုကို တောင်းလိုပါသေးသနည်း။ ငါပေးမည်'' ဟုမိန့်တော်မူ၏။
13ဧသတာက``အရှင်မင်းကြီးသဘောတူ တော်မူပါလျှင်ယနေ့ရှုရှန်မြို့တွင်ယုဒ အမျိုးသားများပြုခဲ့သည့်အတိုင်းနက် ဖြန်ခါ၌လည်းပြုခွင့်ပေးတော်မူပါ။ ထို နောက်ဟာမန်၏သားတစ်ကျိပ်၏အလောင်း များကိုလည်ဆွဲတိုင်တွင်ဆွဲထားစေတော် မူပါ'' ဟုပြန်လည်လျှောက်ထား၏။- 14မင်းကြီးသည်ဧသတာလျှောက်ထားသည့် အတိုင်း ရှုရှန်မြို့တွင်ကြေညာချက်ထုတ် ပြန်ကာ ဟာမန်၏သားတစ်ကျိပ်၏အလောင်း များကိုလည်ဆွဲတိုင်တွင်ဆွဲထားစေတော် မူ၏။- 15အာဒါလတစ်ဆယ့်လေးရက်နေ့၌ရှုရှန် မြို့ရှိယုဒအမျိုးသားများသည်စုရုံး၍ လူပေါင်းသုံးရာကိုထပ်မံသတ်ဖြတ်ကြ လေသည်။ သို့ရာတွင်ဤတစ်ကြိမ်၌လည်း သူတို့သည်လုယက်မှုကိုမပြုကြ။
16ပြည်နယ်များတွင်နေထိုင်သောယုဒအမျိုး သားတို့သည်လည်း မိမိတို့ကိုယ်ကိုအသက် ဘေးမှကာကွယ်ကြ၏။ သူတို့သည်မိမိတို့ အားမုန်းထားသူလူပေါင်းခုနစ်ထောင့်ငါး ရာကိုသတ်ဖြတ်ခြင်းအားဖြင့် ရန်သူများ ကိုသုတ်သင်ပယ်ရှင်းကြလေသည်။ သို့ရာ တွင်လုယက်မှုကိုမူမပြုကြ။- 17ထိုနေ့ကားအာဒါလဆယ့်သုံးရက်နေ့ ဖြစ်သတည်း။ ဆယ့်လေးရက်နေ့၌သူတို့ သည်သတ်ဖြတ်မှုကိုမပြုကြတော့ဘဲ ရွှင်လန်းသောစားသောက်ပွဲကိုကျင်းပ ကြကုန်၏။- 18ရှုရှန်မြို့ရှိယုဒအမျိုးသားတို့မူကား ဆယ့်သုံးရက်နှင့်ဆယ့်လေးရက်တွင်ရန်သူ များကိုသတ်ဖြတ်၍ ဆယ့်ငါးရက်နေ့တွင် ရပ်နားကာထိုနေ့၌ရွှင်လန်းသောစား သောက်ပွဲကိုကျင်းပကြလေသည်။- 19တံတိုင်းမရှိသည့်မြို့ငယ်များတွင်နေထိုင် ကြသည့်ယုဒအမျိုးသားတို့သည် အာဒါ လဆယ့်လေးရက်နေ့ကိုပျော်ရွှင်ရာမင်္ဂလာ နေ့၊ အချင်းချင်းအစားအစာလက်ဆောင် များပေးကမ်းရာနေ့အဖြစ်ကျင်းပကြ သတည်း။
ပုရပွဲတော်
20မော်ဒကဲသည်ဤအဖြစ်အပျက်များကို မှတ်တမ်းတင်၍ထားစေ၏။ သူသည်ပေရသိ အင်ပါယာနိုင်ငံတော်အတွင်းရပ်နီးရပ် ဝေးရှိယုဒအမျိုးသားအပေါင်းတို့အား၊- 21နှစ်တိုင်းအာဒါလဆယ့်သုံးရက်နှင့်ဆယ့် လေးရက်နေ့ကို ပျော်ရွှင်ရာနေ့များအဖြစ် ကျင်းပရန်အမှာစာများရေးသားပေး ပို့လိုက်လေသည်။- 22ထိုနေ့ရက်များသည်ရန်သူတို့အားယုဒ အမျိုးသားတို့သုတ်သင်ပယ်ရှင်းသည့်နေ့ များဖြစ်သည်။ ထိုလသည်သူတို့စိတ်ပျက် ဝမ်းနည်းခြင်းမှဝမ်းမြောက်ရွှင်မြူးခြင်းသို့ ကူးပြောင်းရာလဖြစ်၏။ သို့ဖြစ်၍သူတို့ သည်ထိုနေ့ရက်တို့တွင်ပျော်ရွှင်ပွဲများ ကျင်းပကာ မိမိတို့အချင်းချင်းအား လည်းကောင်း၊ ဆင်းရဲသူများအားလည်း ကောင်းအစားအစာလက်ဆောင်များ ပေးကမ်းကြရန်ဖြစ်ပေသည်။- 23ယုဒအမျိုးသားတို့သည်မော်ဒကဲ၏ညွှန် ကြားချက်များကိုလိုက်နာကြသဖြင့် ထို ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းကျင်းပသည့် ဋ္ဌလေ့ထုံးစံဖြစ်လာသည်။
24အာဂတ်မှဆင်းသက်သူဟမ္မေဒါသ၏သား ဟာမန်သည်ပုရဟုခေါ်သည့်မဲစနစ်ဖြင့် ယုဒ အမျိုးသားတို့အားသတ်ဖြတ်ရန်နေ့ရက် ကိုရွေးချယ်ခဲ့၏။ သူတို့တစ်မျိုးလုံးကို သုတ်သင်ပယ်ရှင်းရန်ကြံစည်ခဲ့၏။-#ဧသ၊ ၃:၇။ 25သို့ရာတွင်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရောက်လျှောက်ထားရာမင်းကြီးသည် ကြေညာချက်ထုတ်ပြန်တော်မူသဖြင့် ဟာမန် သည်ယုဒအမျိုးသားတို့အတွက်ကြံစည် ခဲ့သည့်ဘေးဆိုးကိုမိမိပင်ကြုံတွေ့ရလေ ၏။ သူနှင့်သူ၏သားတစ်ကျိပ်သည်လည်ဆွဲ တိုင်၌ကွပ်မျက်ခြင်းခံရကြ၏။- 26ထို့ကြောင့်ထိုပွဲနေ့များကိုမဲဟုအနက် အဋ္ဌိပ္ပါယ်ရသည့်ပုရဟူသောပုဒ်ကိုအစွဲ ပြု၍ ပုရပွဲတော်ဟုခေါ်ဆိုကြလေသည်။ မော်ဒကဲပေးပို့လိုက်သည့်စာကြောင့်လည်း ကောင်း၊ ဖြစ်ပျက်ခဲ့သည့်အမှုအရာများ ကြောင့်လည်းကောင်း၊- 27ယုဒအမျိုးသားများသည်မိမိတို့ကိုယ် တိုင်သာမက သားမြေးများနှင့်ယုဒဘာသာ သို့ကူးပြောင်းလာသူများအတွက် ထုံးတမ်းစဉ် လာတစ်ရပ်အနေဖြင့်နှစ်စဉ်နှစ်တိုင်းအချိန် ကျသောအခါ ဆိုခဲ့သောနှစ်ရက်ကိုမော်ဒကဲ ၏ညွှန်ကြားချက်များနှင့်အညီကျင်းပရန် သော်လည်းကောင်း၊- 28ပြည်နယ်အသီးသီးနှင့်မြို့အသီးသီးတို့ တွင်ယုဒအိမ်ထောင်စုမှန်သမျှသည် ထိုပုရ ပွဲတော်ကိုသားစဉ်မြေးဆက်သတိရကျင်း ပရန်လည်းကောင်းဆုံးဖြတ်ကြ၏။
29ထိုနောက်အဘိဟဲလ၏သမီးမိဖုရား ဧသတာနှင့်မော်ဒကဲတို့သည် ပုရပွဲတော် နှင့်ပတ်သက်၍မော်ဒကဲရေးသားပေးပို့ခဲ့ သည့်စာကိုဧသတာ၏အာဏာဖြင့်အတည် ပြုရန်စာရေးကြ၏။- 30ထိုစာမိတ္တူကိုပေရသိအင်ပါယာနိုင်ငံ တော်အတွင်းတစ်ရာ့နှစ်ဆယ်ခုနစ်ပြည်နယ် များရှိယုဒအမျိုးသားအပေါင်းတို့ထံ ပေးပို့လေသည်။ ထိုစာတွင်ယုဒအမျိုး သားတို့အားဘေးရန်ကင်း၍အေးချမ်း စေကြောင်းဆုမွန်တောင်းပြီးနောက်၊- 31အချိန်ကျရောက်သောအခါမိမိတို့ သဘောတူပြဋ္ဌာန်းခဲ့သည်နှင့်အညီ သူ တို့နှင့်သူတို့၏သားမြေးများသည်အစာ ရှောင်ခြင်း၊ ဝမ်းနည်းမြည်တမ်းခြင်းတို့ကို ပြုသည့်ပြင်ပုရနေ့များကိုစောင့်ရန်ညွှန် ကြားလေသည်။ ဤညွှန်ကြားချက်သည် မိဖုရားဧသတာနှင့်ယုဒအမျိုးသား မော်ဒကဲတို့အမိန့်ထုတ်ပြန်ချက်ဖြစ် သည်။- 32ပုရပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်များကို ဧသတာ၏အမိန့်အရအတည်ပြု၍ စာလိပ်တွင်ရေးသားထားသတည်း။
Currently Selected:
ဧသတာ 9: BCL
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2005 Bible Society of Myanmar