YouVersion Logo
Search Icon

ရောမ 8

8
ဝိ​ညာဉ်​အား​ဖြ​င့်​အ​သက်​ရှင်ခြင်း
1ဘု​ရား​သ​ခင် ကယ်​လွှတ်​တော်​မူ​သော​ကြောင့် ယေ​ရှု​ခ​ရစ်၌​တည်၍၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် လွတ်​ကြ၏။- 2ယေ​ရှု​ခ​ရစ်၌​တည်၍ အ​သက်​ရှင်​စေ​သော ဝိ​ညာဉ်​တော်၏​တ​ရား​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လည်း​ကောင်း၊ သေ​ခြင်း​တ​ရား၏​လက်​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​လွှတ်​ပြီ။- 3ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။- 4အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​ငါ​တို့​သည်၊ တ​ရား၌​ပါ​သော ပ​ညတ်​တို့​ကို စောင့်​ရှောက်​မည်​အ​ကြောင်း​တည်း။- 5ဇာ​တိ​ပ​က​တိ​ရှိ​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။ ဝိ​ညာဉ်​ပ​က​တိ​ရှိ​သော သူ​တို့​မူ​ကား၊ ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။- 6ဇာ​တိ​ပ​က​တိ​စိတ်​သ​ဘော​သည် သေ​ခြင်း​အ​ကြောင်း ဖြစ်၏။ ဝိ​ညာဉ်​ပ​က​တိ​စိတ်​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် ငြိမ်​သက်​ခြင်း​အ​ကြောင်း ဖြစ်၏။- 7အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဇာ​တိ​ပ​က​တိ စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၏။ ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့ မ​လိုက်​တတ်။ ထို​မျှ​မ​က မ​လိုက်​နိုင်။- 8ထို​ကြောင့် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် မ​တွေ့​နိုင်​ကြ။- 9သို့​သော်​လည်း ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​ဘက်၌ ရှိ​ကြ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​ပ​က​တိ​ဘက်၌ ရှိ​ကြ၏။ ခ​ရစ်​တော်၏​ဝိ​ညာဉ်​ကို မ​ရ​သော​သူ​မည်​သည်​ကား ခ​ရစ်​တော်​နှင့်​မ​ဆိုင်။- 10ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌​ရှိ​တော်​မူ​လျှင်၊ ကိုယ်​ကာ​ယ​သည် အ​ပြစ်​ကြောင့် အ​သေ​ဖြစ်​သော်​လည်း ဝိ​ညာဉ်​မူ​ကား ဖြောင့်​မတ်​ခြင်း​ကြောင့် အ​သက်​ရှင်​လျက်​ရှိ၏။- 11ထို​မျှ​မ​က၊ ယေ​ရှု​ကို​သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​သော မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ သေ​တတ်​သော သင်​တို့၏ ကိုယ်​ကာ​ယ​ကို​ပင် ရှင်​စေ​တော်​မူ​မည်။#၁​ကော၊ ၃:၁၆။
12သို့​ဖြစ်၍ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း ကျင့်​ရ​မည်​အ​ကြောင်း၊ ဇာ​တိ​ပ​က​တိ၏​ကျွန် ဖြစ်​ကြ​သည်​မ​ဟုတ်။- 13သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း​အ​သက်​ရှင်​လျှင် သေ​ရ​ကြ​မည်။ ဝိ​ညာဉ်​တော်​အား​ဖြင့် ကိုယ်​ကာ​ယ၏​အ​ကျင့်​တို့​ကို သေ​စေ​လျှင် အ​သက်​ရှင်​ကြ​လိမ့်​မည်။- 14ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော် ဆုံး​မ​ပဲ့​ပြင်​တော်​မူ​သ​မျှ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ၏။- 15အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။-#ဂ​လ၊ ၄:၆။ 16ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ​သည်​ဟု ဝိ​ညာဉ်​တော်​သည် ငါ​တို့၏​ဝိ​ညာဉ်​နှင့်​အ​တူ သက်​သေ​ခံ​တော်​မူ၏။- 17သား​မှန်​လျှင် အ​မွေ​ခံ၊ ဘု​ရား​သ​ခင်၏ အ​မွေ​ခံ​ဖြစ်​ကြ၏။ ခ​ရစ်​တော်​နှင့်​အ​တူ ဘုန်း​ဝင်​စား​မည်​အ​ကြောင်း၊ ထို​သ​ခင်​နှင့်​အ​တူ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ​လျှင်၊ ထို​သ​ခင်​နှင့်​ဆက်​ဆံ​သော အ​မွေ​ခံ​လည်း ဖြစ်​ကြ၏။-#ဂလ၊ ၄:၅-၇။
အ​နာ​ဂတ်​ဘုန်း​အ​သ​ရေ
18ငါ​တို့​အား ပေါ်​ထွန်း​လ​တ္တံ့​သော ဘုန်း​ကို​ထောက်​သော်၊ ယ​ခု​မျက်​မှောက်​ကာ​လ၌ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ပ​မာ​ဏ​မ​ပြု​ထိုက်​ဟု ငါ​သ​ဘော​ရှိ၏။- 19ဤ​လော​က​သည် ဘု​ရား​သ​ခင့်​သား​တို့၏ ပေါ်​ထွန်း​ခြင်း​အ​ရာ​ကို အ​လွန်​တောင့်​တ မျှော်​လင့်​လျက်​နေ၏။- 20ဤ​လော​က​သည် အ​နိ​စ္စ​နိုင်​ငံ​သို့​အ​လို​လို လိုက်​သည်​မ​ဟုတ်။- 21ဘု​ရား​သ​ခင်​သား​တို့၏ ထူး​မြတ်​သော လွှတ်​ခြင်း​ချမ်း​သာ​တည်း​ဟူ​သော ဖောက်​ပြန်​ပျက်​စီး​ခြင်း အ​နှောင်​အ​ဖွဲ့​မှ ကယ်​လွှတ်​ခြင်း​ချမ်း​သာ​ကို ဝင်​စား​မည်​ဟု မျှော်​လင့်​ရ​သော အ​ခွင့်​ကို​ပေး၍ အ​နိ​စ္စ​နိုင်​ငံ​သို့ လိုက်​စေ​တော်​မူ​သော​သူ၏ အ​လို​တော်​ကြောင့်​သာ လိုက်​ရ၏။- 22ဤ​လော​က​တစ်​နိုင်​ငံ​လုံး​သည် ယ​ခု​တိုင်​အောင် တ​ညီ​တ​ညွတ်​တည်း​ညည်း​တွား၍ ဆင်း​ရဲ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သည်​ဟု ငါ​တို့​သိ​ကြ၏။- 23ထို​မျှ​မ​က ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​တော် အ​စ​အ​ဦး​ကို ခံ​ပြီး​သော ငါ​တို့​သည်​လည်း၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော ကိုယ်​ခ​န္ဓာ ရွေး​နုတ်​ခြင်း​ချမ်း​သာ​ကို မျှော်​လင့်၍၊ စိတ်​နှ​လုံး​အ​ထဲ၌ ညည်း​တွား​လျက်​နေ​ကြ၏။-#၂​ကော၊ ၅:၂-၄။ 24ငါ​တို့​သည် မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။ မျှော်​လင့်​သော​အ​ရာ​ကို တွေ့​မြင်​လျှင် မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ။ တွေ့​မြင်​သော​အ​ရာ​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​မည်​နည်း။- 25ငါ​တို့​သည် မ​တွေ့​မ​မြင်​သော​အ​ရာ​ကို မျှော်​လင့်​လျှင်​မူ​ကား၊ ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့် ငံ့​လင့်၍ နေ​ကြ၏။- 26ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။- 27စိတ်​နှ​လုံး​ကို စစ်​တော်​မူ​သော​သူ​သည်​လည်း ဝိ​ညာဉ်​တော်၏ စိတ်​သ​ဘော​ကို သိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​သူ​တို့၏ ဆု​တောင်း​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ စောင့်​မ​တော်​မူ၏။
28ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။- 29ဘု​ရား​သ​ခင်၏​သား​တော်​သည် အ​များ​သော​ညီ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ရှေ့​မ​ဆွ​က​သိ​တော်​မူ​သော သူ​တို့​ကို သား​တော်၏​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ရှေ့​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။- 30ထို​သို့ ခွဲ​ခန့်​မှတ်​သား​နှင့်​သော​သူ​တို့​ကို ခေါ်​တော်​မူ၏။ ခေါ်​တော်​မူ​သော သူ​တို့​ကို​လည်း ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ၏။ ထို​သို့ တည်​စေ​တော်​မူ​သော သူ​တို့​ကို​လည်း ချီး​မြှောက်​တော်​မူ၏။
ယေ​ရှု​ခ​ရစ်​၌​ဘု​ရား​သ​ခင်​၏မေတ္တာ​တော်
31သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။- 32မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။- 33ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော သူ​တို့​ကို အ​ဘယ်​သူ​သည် အ​ပြစ်​တင်​မည်​နည်း။ ဖြောင့်​မတ်​ရာ၌ တည်​စေ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။- 34အ​ပြစ်​စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​သေ​ခံ၍​ခံ​သည်​သာ​မ​က၊ သေ​ခြင်း​မှ​ထ​မြောက်၍ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌​နေ​လျက်၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​သော​သူ​ကား ခ​ရစ်​တော်​ပေ​တည်း။- 35ခ​ရစ်​တော်၏​ချစ်​ခြင်း​မေ​တ္တာ​နှင့် ငါ​တို့​ကို အ​ဘယ်​သူ​ကွာ​စေ​မည်​နည်း။- 36အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ မွတ်​သိပ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​နှင့်​တွေ့​ကြုံ​ခြင်း၊ ကွပ်​မျက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​မှု​တို့​တွင် အ​ဘယ်​အ​မှု​သည် ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို ကွာ​စေ​မည်​နည်း။-#ဆာ၊ ၄၄:၂၂။ 37မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။- 38အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊- 39အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။

Currently Selected:

ရောမ 8: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in