YouVersion Logo
Search Icon

ဗျာဒိတ် 6

6
တံ​ဆိပ်​များ
1သိုး​သ​ငယ်​သည် တံ​ဆိပ်​ခု​နစ်​ချက်​တွင် တစ်​ချက်​ကို​ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင်၊ မိုး​ကြိုး​သံ မြည်​သ​ကဲ့​သို့၊ သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​က၊ လာ၍ ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။- 2ထို​အ​ခါ ငါ​ကြည့်​လျှင်၊ မြင်း​ဖြူ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် လေး​ကို​ကိုင်၏။ သူ၌​သ​ရ​ဖူ​ကို ပေး​တော်​မူ၏။ အောင်​မြင်​လျက်​လည်း​ကောင်း၊ အောင်​မြင်​ခြင်း​ငှာ​လည်း​ကောင်း ထွက်​သွား၏။#ဇာ၊ ၁:၈၊ ၆:၃၊၆။
3ဒု​တိ​ယ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဒု​တိ​ယ သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။- 4ထို​အ​ခါ မြင်း​နီ​တစ်​စီး​ထွက်၍၊ စီး​သော​သူ​သည် ငြိမ်​ဝပ်​ခြင်း​ကို မြေ​ကြီး​က​ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့​ကို အ​ချင်း​ချင်း အ​သေ​သတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ရ၏။ သူ၌​ဓား​ကြီး​ကို ပေး​တော်​မူ၏။#ဇာ၊ ၁:၈၊ ၆:၂။
5တ​တိ​ယ​တံ​ဆိပ်​ကို​ည​ဖွင့်​သော​အ​ခါ၊ တ​တိ​ယ​သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။ ထို​အ​ခါ ငါ​ကြည့်​လျှင် မြင်း​နက်​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် ချိန်​ခွင်​ကို​ကိုင်၏။-#ဇာ၊ ၆:၂၊၆။ 6သ​တ္တ​ဝါ​လေး​ပါး​အ​လယ်၌ ပြော​သံ​ဟူ​မူ​ကား၊ ဒေ​နာ​ရိ​တစ်​ပြား​နှင့် ဂျုံ​ဆန်​တစ်​ခွက်​ကို​ရ၏။ မု​ယော​ဆန် သုံး​ခွက်​ကို​ရ၏။ ဆီ​နှင့်​စ​ပျစ်​ရည်​ကို မ​ပျက်​စေ​နှင့်​ဟု ဆို​သည်​ကို​ငါ​ကြား၏။
7စ​တု​တ္ထ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ စ​တု​တ္ထ​သ​တ္တ​ဝါ​က၊ လာ၍ ကြည့်​လော့ ဟု​ဆို​သည်​ကို ငါ​ကြား၏။- 8ထို​အ​ခါ​ငါ​ကြည့်​လျှင်၊ မြင်း​မွဲ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် မ​ရ​ဏ​ဟူ​သော​အ​မည်​ရှိ၏။ မ​ရ​ဏနိုင်​ငံ​သည် ထို​သူ​နောက်​သို့ လိုက်​လေ၏။ သူ​သည် မြေ​ကြီး လေး​စိတ်​တစ်​စိတ်​ကို အ​စိုး​ရ၍ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ၍​သေ​ဘေး၊ မြေ​သား​ရဲ​ဘေး​အား​ဖြင့် သတ်​ပိုင်​သော အ​ခွင့်​ကို​ရ၏။#ယေ​ဇ၊ ၁၄:၂၁။
9ပ​ဥ္စ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်​လည်း​ကောင်း၊ မိ​မိ​တို့ သက်​သေ​ခံ​ချက်​ကြောင့်​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ယဇ်​ပ​လ္လင်​အောက်၌ ငါ​မြင်၏။- 10သူ​တို့​က​လည်း၊ သန့်​ရှင်း​ဟုတ်​မှန်၍ အ​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်၊ မြေ​ပေါ်​မှာ​နေ​သော သူ​တို့​သည် ငါ​တို့​အ​သွေး​ကို သွန်း​ကြ​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​မ​ပေး​ဘဲ အ​ဘယ်​မျှ​လောက်​ကာ​လ​ပတ်​လုံး နေ​တော်​မူ​မည်​နည်း​ဟု ကြီး​မား​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။- 11ထို​သူ​တို့၌ ဖြူ​သော​ဝတ်​လုံ​ကို ပေး​တော်​မူ၏။ သူ​တို့​နည်း​တူ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​လ​တ္တံ့​သော မိ​မိ လုပ်​ဖော်​ဆောင်​ဖက် ညီ​အစ်​ကို​တို့​သည် ပြည့်​စုံ​ခြင်း​သို့​မ​ရောက်​မီ၊ ခ​ဏ​ငြိမ်​သက်​စွာ နေ​ရ​ကြ​ဦး​မည်​ဟု သူ​တို့​အား​မိန့်​တော်​မူ၏။
12ဆ​ဋ္ဌ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင် ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်၏။ နေ​သည် အ​မွေး​ဖြင့်​ရက်​သော အ​ဝတ်​ကြမ်း​ကဲ့​သို့ မည်း၏။ လ​အ​လုံး​သည် အ​သွေး​ကဲ့​သို့ ဖြစ်၏။-#ဗျာ၊ ၁၁:၁၃၊ ၁၆:၁၈။ ဟေ​ရှာ၊ ၁၃:၁၀။ ယော​လ၊ ၂:၁၀၊၃၁၊ ၃:၁၅။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။ 13သင်္ဘော​သ​ဖန်း​ပင်​ကို ပြင်း​စွာ​သော လေ​တိုက်​လျှင်၊ အ​ချိန်​မ​တန်​သော အ​သီး​ကြွေ​သ​ကဲ့​သို့၊ ကောင်း​ကင်​ကြယ်​တို့​သည် မြေ​ပေါ်​သို့ ကျ​ကြ၏။-#ဟေ​ရှာ၊ ၃၄:၄။ 14မိုး​ကောင်း​ကင်​သည် စာ​စောင်​လိပ်​သ​ကဲ့​သို့ လွင့်​သွား၏။ တောင်​များ၊ ကျွန်း​များ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​အ​ရပ်​မှ ရွေ့​ကြ၏။-#ဗျာ၊ ၁၆:၂၀။ 15လော​ကီ​ဘု​ရင်၊ မှူး​မတ်၊ စစ်​သူ​ကြီး၊ သူ​ဌေး၊ သူ​ကြွယ်၊ ခွန်​အား​ကြီး​သော​သူ​မှ​စ၍ ကျွန်​များ၊ လူ​လွတ်​များ အ​ပေါင်း​တို့​သည် မြေ​တွင်း၌​လည်း​ကောင်း၊ တောင်​ပေါ်​မှာ ရှိ​သော ကျောက်​များ၌​လည်း​ကောင်း၊ ပုန်း​ရှောင်​လျက်​နေ၍၊ ထို​တောင်​များ၊ ကျောက်​များ​တို့​ကို ခေါ်​လျက်၊-#ဟေ​ရှာ၊ ၂:၁၉၊၂၁။ 16ငါ​တို့​အ​ပေါ်​သို့ ကျ​ကြ​ပါ။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ၏ မျက်​နှာ​နှင့် သိုး​သ​ငယ်၏ အ​မျက်​တော်​ကို ကွယ်​ကာ၍၊ ငါ​တို့​ကို​ဖုံး​အုပ်​ကြ​ပါ။-#ဟော၊ ၁၀:၈။ လု၊ ၂၃:၃၀။ 17အ​မျက်​တော် ထင်​ရှား​သော​နေ့​ကြီး ရောက်​ပါ​ပြီ​တ​ကား။ အ​ဘယ်​သူ​သည် ခံ​ရပ်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။#ယော​လ၊ ၂:၁၁။ မာ​လ၊ ၃:၂။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in