YouVersion Logo
Search Icon

ဆာလံ 94

94
အ​ပြစ်​ပေး​ပိုင်​သော​ဘု​ရား
1အ​ပြစ်​ကို ပေး​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ပြစ်​ကို ပေး​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်၊ ရောင်​ခြည်​တော်​ကို​လွှတ်​တော်​မူ​ပါ။ 2မြေ​ကြီး​သား​တို့​ကို တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ရှင်၊ ထ​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​အား အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​ပါ။ 3အို​ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်​နည်း။ 4အ​ဓ​မ္မ​အ​မှု​ကို ပြု​သ​မျှ​သော​သူ​တို့​သည် စော်​ကား၍၊ ကြမ်း​တမ်း​သော​စ​ကား​ကို​ပြော​လျက်၊ အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး ဝါ​ကြွား​ကြ​ပါ​လိမ့်​မည်​နည်း။ 5အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ကိုယ်​တော်၏ လူ​တို့​ကို​နှိပ်​စက်၍၊ အ​မွေ​တော်​ကို ညှဉ်း​ဆဲ​ကြ​ပါ၏။ 6မု​ဆိုး​မ​နှင့် ဧည့်​သည်​ကို​လည်း​ကောင်း၊ မိ​ဘ​မ​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း သတ်​ကြ​ပါ၏။ 7သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည်​မ​မြင်၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် မ​မှတ်​တတ်​ဟု ဆို​ကြ​ပါ၏။
8တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော​သူ​တို့၊ နား​လည်​ကြ​လော့။ လူ​မိုက်​တို့၊ အ​ဘယ်​ကာ​လ​မှ ပ​ညာ​သ​တိ​ကို ရ​ကြ​လိမ့်​မည်​နည်း။ 9နား​ကို​စိုက်​ထား​တော်​မူ​သော​သူ​သည် မ​ကြား​ရ​သ​လော။ မျက်​စိ​ကို ဖန်​ဆင်း​တော်​မူ​သော​သူ​သည် မ​မြင်​ရ​သ​လော။ 10လူ​အ​မျိုး​မျိုး​တို့​ကို ဆုံး​မ​တော်​မူ​သော​သူ​သည် အ​ပြစ်​မ​ပေး​ရ​သ​လော။ လူ​တို့​အား ပ​ညာ​အ​တတ်​ကို သွန်​သင်​တော်​မူ​သော​သူ​သည် ကိုယ်​တိုင်​ပ​ညာ​အ​တတ် မ​ရှိ​သ​လော။ 11လူ​တို့၏​အ​ကြံ​အ​စည်​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား သိ​တော်​မူ၏။#၁​ကော၊ ၃:၂၀။
12အို ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ​တို့​အ​ဖို့ တွင်း​တူး​စဉ်​အ​ခါ၊ 13ဒု​က္ခ​နေ့​ရက်​ကာ​လ​နှင့် လွတ်​ခြင်း​ချမ်း​သာ​ကို ပေး​အံ့​သော​ငှာ၊ ကိုယ်​တော်​ဆုံး​မ၍၊ တ​ရား​တော်​ကို သွန်​သင်​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။ 14ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို​မ​ပယ်၊ အ​မွေ​တော်​ကို စွန့်​ပစ်​တော်​မ​မူ။ 15တစ်​ဖန် ဖြောင့်​မတ်​ခြင်း​တ​ရား​ဘက်၌ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၍၊ သ​ဘော​ဖြောင့်​သော​သူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​ပါ​လိမ့်​မည်။
16လူ​ဆိုး​တို့​ကို​ဆီး​တား၍ ငါ့​ဘက်​မှာ အ​ဘယ်​သူ​ထ​မည်​နည်း။ မ​တ​ရား​သော သူ​တို့​ကို​ဆီး​တား၍၊ ငါ့​ဘက်​မှာ အ​ဘယ်​သူ​နေ​မည်​နည်း။ 17ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မ​မူ​လျှင်၊ ငါ့​ဝိ​ညာဉ်​သည် ဆိတ်​ညံ​ရာ​အ​ရပ်၌ မ​ကြာ​မ​မြင့်​မီ နေ​ရာ​ကျ​ရ​လိမ့်​မည်။ 18ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။ 19အ​ကျွန်ုပ်၏​နှ​လုံး​ထဲ​မှာ စိတ်​များ​ပြား​သော​အ​ခါ၊ ကိုယ်​တော်​သည် သက်​သာ​စေ​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ရွှင်​လန်း​ပါ၏။ 20မ​တ​ရား​သော​အ​ကြံ​ကို မင်း၏​အ​ခွင့်​နှင့် ပြု​စု​တတ်​သော အ​ဓ​မ္မ​ရာ​ဇ​ပ​လ္လင်​သည် ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ပါ​မည်​လော။ 21ဖြောင့်​မတ်​သော​သူ၏​အ​သက်​ကို သတ်​ခြင်း​ငှာ စု​ဝေး​ကြ​ပါ၏။ အ​ပြစ်​မ​ရှိ​သော​သူ​ကို သေ​စေ​ခြင်း​ငှာ စီ​ရင်​ကြ​ပါ၏။ 22သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ​ခို​လှုံ​ရာ​ကျောက် ဖြစ်​တော်​မူ၏။ 23သူ​တို့၏​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​မည်။ အ​ဓ​မ္မ​အ​မှု​ကို ပြု​စဉ်​တွင်​ပင် ပယ်​ဖြတ်​တော်​မူ​မည်။ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ပယ်​ဖြတ်​တော်​မူ​မည်။

Currently Selected:

ဆာလံ 94: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in