YouVersion Logo
Search Icon

ဆာလံ 83

83
ရန်​သူ​များ​ရှုံး​နိ​မ့်​ရန်​ဆု​တောင်း
1အို​ဘု​ရား​သ​ခင်၊ တိတ်​ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။ အို ဘု​ရား​သ​ခင်၊ အ​မိန့်​တော်​မ​ရှိ​ဘဲ ငြိမ်​ဝပ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။ 2ကိုယ်​တော်၏​ရန်​သူ​တို့​သည် ရုန်း​ရင်း​ခတ်​ပြု​ကြ​ပါ၏။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​သည် ထ​ကြ​ပါ၏။ 3ကိုယ်​တော်၏​လူ​စု​တစ်​ဖက်၌ ပ​ရိ​ယာယ်​ကို​ကြံ၍၊ ကိုယ်​တော်​ကွယ်​ကာ​တော်​မူ​သော သူ​တို့​တစ်​ဖက်၌ တိုင်​ပင်​ကြ​ပါ၏။ 4ဣ​သ​ရေ​လ၏​နာ​မ​ကို နောက်​တစ်​ဖန် အောက်​မေ့​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ လာ​ကြ၊ သူ​တို့​အ​မျိုး​ကို ပယ်​ဖြတ်​ကြ​ကုန်​အံ့​ဟု ဆို​ကြ​ပါ၏။ 5သ​ဘော တ​ညီ​တ​ညွတ်​တည်း​တိုင်​ပင်၍၊ ကိုယ်​တော်​တစ်​ဖက်၌ အ​ချင်း​ချင်း​သင်း​ဖွဲ့​သော​သူ ဟူ​မူ​ကား။ 6ဧ​ဒုံ​ပြည်၌​နေ​သော​သူ၊ ဣ​ရှ​မေ​လ​အ​မျိုး​သား၊ မော​ဘ​ပြည်​သား၊ ဟာ​ဂ​ရ​ပြည်​သား၊ 7ဂေ​ဗ​လ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ တု​ရု​မြို့​သား​နှင့်​တ​ကွ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​သည် သင်း​ဖွဲ့​ကြ​ပါ၏။ 8အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​လည်း၊ ဝိုင်း၍ လော​တ​အ​မျိုး​သား​တို့​ဘက်​သို့ ဝင်​ကြ​ပါ၏။
9မိ​ဒျန်​အ​မျိုး​ကို​လည်း​ကောင်း၊ ခိ​ရှုန်​ချောင်း​နား​မှာ သိ​သ​ရ​မင်း​နှင့် ယာ​ဘိန်​မင်း​ကို​လည်း​ကောင်း​ပြု​သ​ကဲ့​သို့ သူ​တို့​ကို ပြု​တော်​မူ​ပါ။#သူ​ကြီး၊ ၇:၁-၂၃၊၄:၆-၂၂။ 10ထို​သူ​တို့​သည် အင်္ဒေါ​ရ​အ​ရပ်၌​ဆုံး​ရှုံး၍၊ မြေ​ပေါ်​မှာ နောက်​ချေး​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။ 11ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​များ​ကို ကိုယ်​ဖို့​သိမ်း​ယူ​ကြ​ကုန်​အံ့​ဟု​ဆို​သော ဩ​ရ​ဘ​မင်း​နှင့် ဇေ​ဘ​မင်း​ကဲ့​သို့၊#သူ​ကြီး၊ ၇:၂၅၊ ၈:၁၂။ 12ဤ​သူ​တို့၏​မှူး​မတ်​များ​ကို​လည်း​ကောင်း၊ ဇေ​ဘ​ဟ​မင်း​နှင့် ဇာ​လ​မု​န္န​မင်း​ကဲ့​သို့ ဤ​သူ​တို့၏ မင်း​သား​အ​ပေါင်း​ကို​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ပါ။ 13အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ လေ​ပွေ၌​ပါ​သွား​သော အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ လေ​တိုက်၍​လွင့်​သော ဖွဲ့​ကဲ့​သို့​လည်း​ကောင်း သူ​တို့​ကို​ဖြစ်​စေ​တော်​မူ​ပါ။ 14တော​ကို မီး​ရှို့​သ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ပေါ်​မှာ မီး​လောင်​သ​ကဲ့​သို့​လည်း​ကောင်း၊ 15ထို​နည်း​တူ၊ မိုး​သက်​မုန်​တိုင်း​တော်​အား​ဖြင့် သူ​တို့​ကို​ညှဉ်း​ဆဲ၍၊ ပြင်း​စွာ​သော လေ​တော်​အား​ဖြင့် ခြောက်​လှန့်​တော်​မူ​ပါ။ 16အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​မျက်​နှာ​ကို ရှက်​စေ​တော်​မူ၍ သူ​တို့​သည် နာ​မ​တော်​ကို ရှာ​ကြ​ပါ​စေ​သော။ 17စိတ်​ပျက်၍ အ​စဉ်​ပင်​ပန်း​ခြင်း​ရှိ​ကြ​ပါ​စေ​သော။ အ​ရှက်​ကွဲ၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။ 18ထာ​ဝ​ရ​ဘု​ရား​ဟူ၍ နာ​မ​တော်​ရှိ​သော ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်၊ မြေ​ကြီး​တစ်​ပြင်​လုံး​အ​ပေါ်​မှာ အ​မြင့်​ဆုံး​သော​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သိ​ကြ​ပါ​စေ​သော။

Currently Selected:

ဆာလံ 83: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in