YouVersion Logo
Search Icon

ဆာလံ 80

80
ပြန်​လည်​ထူ​ထောင်​ရေး​အ​တွက်​ဆု​တောင်း
1သိုး​စု​ကို ပို့​ဆောင်​သ​ကဲ့​သို့ ယော​သပ်​အ​မျိုး​ကို ပို့​ဆောင်​တော်​မူ​သော ဣ​သ​ရေ​လ​သိုး​ထိန်း​ကြီး၊ နား​ထောင်​တော်​မူ​ပါ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ​သော​ဘု​ရား၊ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​ပါ။#ထွ၊ ၂၅:၂၂။ 2ဧ​ဖ​ရိမ်​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တို့​ရှေ့​မှာ တန်​ခိုး​တော်​ကို​နှိုး​ဆော်၍၊ အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​ခြင်း​ငှာ ကြွ​တော်​မူ​ပါ။ 3အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို​ပြောင်း​လဲ​စေ၍၊ မျက်​နှာ​တော်​အ​လင်း​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​ပါ​လိမ့်​မည်။
4ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​မျက်​ထွက်​တော်​မူ​မည်​နည်း။ 5သူ​တို့​ကို မျက်​ရည်​မုန့်​နှင့်​ကျွေး၍၊ မျက်​ရည်​ကို​လည်း ကြွယ်​ဝ​စွာ တိုက်​တော်​မူ၏။ 6အ​နီး​အ​ပါး၌​နေ​သော​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အ​တွက် ငြင်း​ခုံ​ကြ​ပါ၏။ ရန်​သူ​တို့​သည်​လည်း ဝါ​ကြွား၍ အ​ကျွန်ုပ်​တို့​ကို ပြက်​ရယ်​ပြု​ကြ​ပါ၏။ 7ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို ပြောင်း​လဲ​စေ၍၊ မျက်​နှာ​တော်​အ​လင်း​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​ပါ​လိမ့်​မည်။
8ကိုယ်​တော်​သည် စ​ပျစ်​နွယ်​ပင်​ကို အဲ​ဂု​တ္တု​ပြည်​က​ဆောင်​ခဲ့၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ပြီး​မှ စိုက်​ပျိုး​တော်​မူ၏။ 9သူ၏​နေ​ရာ​ကို​ပြု​ပြင်​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြစ်​ကျ၍ တစ်​ပြည်​လုံး​ကို နှံ့​ပြား​ပါ၏။ 10သူ၏​အ​ရိပ်​သည်​တောင်​တို့​ကို​လည်း​ကောင်း၊ အ​ခက်​အ​လက်​တို့​သည် အ​မြင့်​ဆုံး​သော အာ​ရဇ်​ပင်​တို့​ကို​လည်း​ကောင်း လွှမ်း​မိုး​ကြ​ပါ၏။ 11သူ​သည် အ​ခက်​အ​လက်​တို့​ကို ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ အ​ညွန့်​တို့​ကို မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း ပြန့်​ပွား​စေ​ပါ၏။
12ယ​ခု​မူ​ကား၊ လမ်း၌ လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့​သည် ဆွတ်​စေ​ခြင်း​ငှာ၊ သူ၏​ခြံ​ကို အ​ဘယ်​ကြောင့် ချိုး​ဖျက်​တော်​မူ​သ​နည်း။ 13တော​ဝက်​သည် ထို​အ​ပင်​ကို​ကိုက်​ခဲ၍၊ တော​သား​ရဲ​သည်​လည်း စား​ပါ၏။ 14ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်၊ တစ်​ဖန် ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ပါ၏။ ကောင်း​ကင်​က​ကြည့်​ရှု​တော်​မူ​ပါ။ ထို​စ​ပျစ်​နွယ်​ပင်​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပါ။ 15လက်​ယာ​လက်​တော်​နှင့် စိုက်​ပျိုး​သော​အ​ပင်၊ ကိုယ်​တော်​အ​ဖို့ ခိုင်​မာ​စေ​တော်​မူ​သော ပျိုး​ပင်​ကို ကွယ်​ကာ​တော်​မူ​ပါ။ 16မီး​ရှို့​ပါ​ပြီ။ ခုတ်​လှဲ​ပါ​ပြီ။ မျက်​နှာ​တော်​ဖြင့် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။ 17လက်​ယာ​လက်​တော်​နှင့် ဆိုင်​သော​လူ၊ ကိုယ်​တော်​အ​ဖို့ ခိုင်​မာ​စေ​တော်​မူ​သော လူ​သား၏​အ​ပေါ်​မှာ လက်​တော်​ကို​တင်​ပါ​စေ​သော။ 18သို့​ပြု​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ထံ​မှ မ​ဆုတ်​ရ​ကြ​ပါ။ အ​ကျွန်ုပ်​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​ပါ​မည်။ 19ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို ပြောင်း​လဲ​စေ၍၊ မျက်​နှာ​တော်​အ​လင်း​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​ပါ​လိမ့်​မည်။

Currently Selected:

ဆာလံ 80: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in