YouVersion Logo
Search Icon

ဆာလံ 76

76
အောင်​ပွဲ​ရ​ဘု​ရား​သ​ခင်
1ယု​ဒ​ပြည်​မှာ ဘု​ရား​သ​ခင်​ကို သိ​ကြ၏။ ဣ​သ​ရေ​လ​တိုင်း​မှာ နာ​မ​တော်​သည် ကြီး​မြတ်​လေ၏။ 2ယေ​ရု​ရှ​လင်​မြို့​မှာ တဲ​တော်​ရှိ၏။ ဇိ​အုန်​တောင်​မှာ ကျိန်း​ဝပ်​လျက် နေ​တော်​မူ၏။ 3ထို​အ​ရပ်၌ လေး​မြား၊ ဒိုင်း​လွှား၊ ဓား​လက်​နက်၊ စစ်​အင်္ဂါ​တို့​ကို ချိုး​ဖျက်​တော်​မူ​ပြီ။ 4သင်​သည် သား​ရဲ​နေ​သော​တောင်​တို့​ထက် ဘုန်း​သာ၍ ကြီး​မြတ်​ပေ၏။ 5ရဲ​ရင့်​သော​သူ​တို့​သည် လု​ယူ​ခြင်း​ကို​ခံ​ရ၍ အိပ်​ပျော်​ကြ​ပြီ။ အား​ကြီး​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မိ​မိ​လက်​ကို မ​တွေ့​ရ။ 6ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ဆုံး​မ​တော်​မူ​သော​အား​ဖြင့်၊ ရ​ထား​စီး​သော​သူ​နှင့် မြင်း​စီး​သော​သူ​တို့​သည် ကြီး​စွာ​သော အိပ်​ခြင်း​ဖြင့် အိပ်​ပျော်​ကြ​ပါ၏။ 7ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ၊ ရှေ့​တော်၌ အ​ဘယ်​သူ​ရပ်​နေ​နိုင်​ပါ​မည်​နည်း။ 8ဘု​ရား​သ​ခင်​သည် နှိမ့်​ချ​လျက်​ရှိ​သော မြေ​ကြီး​သား​အ​ပေါင်း​တို့​ကို ကယ်​တင်၍၊ 9တ​ရား​ဆုံး​ဖြတ်​ခြင်း​ငှာ ထ​တော်​မူ​သော​အ​ခါ၊ တ​ရား​ဆုံး​ဖြတ်​သံ​ကို ကောင်း​ကင်​ထဲ​က လွှတ်​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​သည်​ကြောက်၍ တိတ်​ဆိတ်​စွာ​နေ​ပါ၏။ 10အ​ကယ်​စင်​စစ် လူ​တို့၏​ဒေါ​သ​သည် ကိုယ်​တော်​ကို ချီး​မွမ်း​လိမ့်​မည်။ ကြွင်း​သော​ဒေါ​သ​ကို​လည်း ခါး​ပန်း​စည်း​တော်​မူ​မည်။ 11သ​စ္စာ​က​တိ​ပြု​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​ဝတ်​ကို​လည်း ဖြေ​ကြ​လော့။ ကိုယ်​တော်၏​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ထံ​တော်​သို့ လက်​ဆောင်​ကို ဆောင်​ခဲ့​ကြ​စေ။ 12ထို​ဘု​ရား​သည် မင်း​သား​တို့၏​စိတ်​ကို နှိမ့်​ချ​တော်​မူ၏။ လော​ကီ​ရှင်​ဘု​ရင်​တို့၌ ကြောက်​ရွံ့​ဖွယ် ဖြစ်​တော်​မူ၏။

Currently Selected:

ဆာလံ 76: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in