YouVersion Logo
Search Icon

ဆာလံ 7

7
တ​ရား​မျှ​တ​မှု​အ​တွက်​ဆု​တောင်း
ဒါ​ဝိဒ်​သည် ဗင်္ယာ​မိန်​အ​မျိုး​သား ကု​ရှ၏​စ​ကား​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သံ​ညှိ၍​ဆို​သော​ဆာ​လံ
1အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့၏​လက်​မှ အ​ကျွန်ုပ်​ကို နုတ်​ယူ၍​ကယ်​တင်​တော်​မူ​ပါ။ 2သို့​မ​ဟုတ် နုတ်​ယူ​သော​သူ​မ​ရှိ​စဉ်၊ ရန်​သူ​သည် ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်၏​စိတ်​ဝိ​ညာဉ်​ကို လု​ယူ​ကိုက်​ဖြတ်​ပါ​လိမ့်​မည်။ 3အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ထို​သို့​ပြု​သော်​လည်း​ကောင်း၊ အ​ကျွန်ုပ်​လက်​မှာ အ​ဓ​မ္မ​အ​မှု​ရှိ​သော်​လည်း​ကောင်း၊ 4အ​ကျွန်ုပ်​နှင့် သင့်​တင့်​သော​သူ​ကို အ​ကျွန်ုပ်​ပြစ်​မှား၍၊ အ​ကြောင်း​မ​ရှိ​ဘဲ​လျက် ရန်​ပြု​သော​သူ​ကို အ​ကျွန်ုပ် ညှဉ်း​ဆဲ​သော်​လည်း​ကောင်း၊ ထို​သို့​သော​အ​ပြစ်​တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ 5ရန်​သူ​သည် အ​ကျွန်ုပ်၏​စိတ်​ဝိ​ညာဉ်​ကို​လိုက်၍​မီ​ပါ​စေ။ အ​ကျွန်ုပ်​အ​သက်​ကို မြေ​ပေါ်​မှာ​နင်း၍၊ အ​ကျွန်ုပ်​အ​သ​ရေ​ကို မြေ​မှုန့်၌ နှိမ့်​ချ​ပါ​စေ။
6အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ရန်​သူ​တို့ ပြင်း​ထန်​ခြင်း​ကို ဆီး​တား၍ အား​ထုတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​ဖို့ နိုး​တော်​မူ​ပါ။ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။ 7လူ​မျိုး​တို့​သည်​စည်း​ဝေး၍ ကိုယ်​တော်​ကို ဝန်း​ရံ​ကြ​လျက်၊ သူ​တို့​အ​ဖို့ မြင့်​ရာ​အ​ရပ်​သို့ ပြန်​ကြွ​တော်​မူ​ပါ။ 8ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် ဖြောင့်​မတ်​ခြင်း​ကို​လည်း​ကောင်း၊ စုံ​လင်​ခြင်း​ကို​လည်း​ကောင်း​ထောက်၍ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။ 9မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ဆုံး​ရှုံး၍၊ တ​ရား​သော​သူ​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နှ​လုံး​နှင့် ကျောက်​ကပ်​ကို စစ်​တော်​မူ​တတ်​ပါ၏။#ဗျာ၊၂:၂၃။
10သ​ဘော​ဖြောင့်​သော​သူ​တို့​ကို ကယ်​တင်​တတ်​သော ဘု​ရား​သ​ခင်​သည် ငါ၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ 11ဘု​ရား​သ​ခင်​သည် တ​ရား​သ​ဖြင့်​စီ​ရင်​သော​ဘု​ရား​ဖြစ်၍၊ မ​တ​ရား​သော​သူ​ကို အ​စဉ်​အ​မျက်​ထွက်​တော်​မူ၏။ 12ထို​သူ​သည် မ​ပြောင်း​လဲ​လျှင် ဓား​တော်​ကို​သွေး​တော်​မူ၏။ လေး​တော်​ကို​တင်၍ ရွယ်​တော်​မူ၏။ 13သေ​စေ​သော လက်​နက်​ကို​လည်း သူ့​အ​ဖို့​ပြင်​ဆင်၍ မြား​တော်​တို့​ကို လောင်​စေ​တော်​မူ၏။ 14ထို​သူ​သည် ဒု​စ​ရိုက်​ဖွား​သော ဝေ​ဒ​နာ​ကို​ခံ​ရ၏။ မ​ကောင်း​သော​အ​ကြံ​အ​စည်​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ စိတ်​ပျက်​ခြင်း​ကို ဖွား​မြင်​တတ်၏။ 15တွင်း​ကို​လည်း နက်​စွာ​တူး​သ​ဖြင့်၊ မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​တတ်၏။ 16မိ​မိ​မ​ကောင်း​သော အ​ကြံ​အ​စည်​သည် မိ​မိ​ခေါင်း​ပေါ်​မှာ​ပြန်​ရောက်၍၊ မိ​မိ​ကြမ်း​တမ်း​သော​အ​မှု​သည် မိ​မိ​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​တတ်၏။ 17ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သော​အ​မှု​တော်​ကို ချီး​မွမ်း၍၊ အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

Currently Selected:

ဆာလံ 7: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in